Tuesday, December 29, 2009

ကျောင်းဗီဇာနှင့် ပတ်သက်သော လာအိုခရီးစဉ် အပိုင်း(၄)

လာအိုနိုင်ငံမှာ Guest House လို နေရာတွေဆိုရင် မြန်မာတွေ တည်းခိုကြတာများလွန်းလို့ မီးဖိုဆောင်မှာ ရေနွေးအိုးနှင့် ခေါက်ဆွဲပြုတ်နိုင်ကြောင်းကို ဝန်ထမ်းများက ပြောကြပါတယ်။ တည်းခိုခန်းအဆင့်ဖြစ်လို့ လုံခြုံလားမေးရင်တော့ မြန်မာနိုင်ငံမှ တည်းခိုခန်းတွေထက်တော့ လုံခြုံပါတယ်။ မိန်းကလေး ခရီးသွား အဖော်ပါရင် ဖြစ်စေ၊ ယောက်ျားလေးများဖြစ်စေ တည်းခိုသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
(နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားတို့ စရိတ်သက်သာစေခြင်းငှာ ရည်ရွယ်ပါတယ်။ အကယ်၍ မိမိတတ်နိုင်တယ်ဆိုရင်တော့ နိုင်ငံတကာအဆင့်မီဟိုတယ်တွေလည်း ရှိပါတယ်၊ သုတ်သုတ် မောင်းတဲ့ သူတွေ ကို ဟိုတယ်လို့ ပြောလိုက်ရင် သူတို့ သံရုံးနဲ့နီးရာ ဟိုတယ်ကို ပို့ပေးကြပါလိမ့်မယ်။)

 လာအိုနိုင်ငံ ရိုးရာပစ္စည်းလေးတစ်ခုပါ။

နောက်တစ်ရက် ထိုင်းသံရုံးမှ ဗီဇာသွားထုတ်ရန်အတွက် ဟိုတယ်မှ တစ်ခါတည်း checkout လုပ်ပြီး ပစ္စည်းတွေယူလို့ တန်းထွက်ရန်လိုပါတယ်။ ထို့နောက် သံရုံးမှာ ဗီဇာထုတ်ပေးချိန် နေ့လည် (၁)မတိုင်ခင် တန်းစီဖို့လိုပါမယ်။ ဗီဇာတန်းစီပြီးလို့ အထဲရောက်ရင် ငွေသွင်းကောင်တာမှာ တုံးထုပြီးသား နိုင်ငံကူး စာအုပ်ကို ထုတ်ယူရမှာ ဖြစ်ပါတယ်။ မိမိ၏ နိုင်ငံကူးစာအုပ်ကို ထုတ်ယူပြီးလျှင် သေချာစွာ စစ်ဆေးရန်လိုအပ်ပါတယ်။ ဗီဇာအမျိုးအစား၊ မိမိနာမည်နှင့် နေ့ရက်များ မှန်/မမှန် စစ်ဆေးပါ။

ပြီးနောက် လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် နယ်စပ်ကိုသွားတဲ့ကားကို စီးရန် လိုအပ်ပါတယ်။ ကားဝင်းကို သွားဖို့ သုတ်သုတ်လေးတွေ ငှားစီးလို့ရပါတယ်။ အလာတုန်းကလို အချိန်နဲ့ အပြေးအလွှား မဟုတ်တော့တဲ့ အတွက်တော့ အပြန်လမ်းက စိတ်သက်သာစေပါတယ်။ အလာတုန်းက အတိုင်း နှစ်နိုင်ငံimmigration တွေကို ဖြတ်လို့ ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နောင်ခိုင်ရောက်တဲ့အခါ ကားလက်မှတ်အရင်ဝယ်ပါ။ ဘန်ကောက်ကိုပြန်ဖို့အတွက် ကားလက်မှတ်ကို ကိုယ်တိုင်ဝယ်လို့ရပါတယ်။ ကားလက်မှတ်ဝယ်ပြီးပြီဆိုရင် ဈေးဝယ် လို့ပဲဖြစ်ဖြစ်၊ ထမင်းစားဖို့ပဲဖြစ်ဖြစ် အဆင်ပြေသလိုလုပ်နိုင်ပါတယ်။ ကားထွက်မယ့် အချိန်မှာ ကားဂိတ်ကို ပြန်ရောက်ဖို့ကိုတော့ မမေ့စေချင်ဘူးနော်။ ကားသမားတွေက တစ်မိနစ်အစွန်းမခံဘူး၊ လူစုံ မစုံ သူတို့ မစစ်ဆေးပါ။ အချိန်ရောက်ရင် ချက်ချင်းထွက်ပါတယ်။ နောင်ခိုင်မြို့ကနေ ညနေ(၆း၃၀)ထွက်လျှင် ဘန်ကောက်ကို မနက်(၄းဝဝ)ဆိုက်ရောက်ပါတယ်။ ဒါဆိုရင် ကျောင်းဗီဇာယူဖို့အတွက် လာအိုခရီးစဉ်လေး အဆုံးသတ်သွားပါပြီနော်။
လာအိုနိုင်ငံကို သွားရမှာ အချိန်ကုန်တယ်လို့ မသွားချင်တဲ့သူနဲ့ မိန်းကလေးတစ်ယောက် တည်းမို့ မသွားချင် ဘူး ဆိုရင်တော့ ကျောင်းစအပ်ကတည်းက ညှိုနှိုင်းရပါမယ်။ ကျောင်းက သူတို့ ဆောင်ရွက်နိုင်တဲ့ အချိန် အပိုင်းအခြားနဲ့ ငွေသွင်းဖို့ကို ရှင်းပြပါလိမ့်မယ်။ မိမိက ငွေတတ်နိုင်တယ်ဆိုရင်တော့ ယခုနည်းလမ်း ကလည်း သင့်တော်ပါကြောင်းကို စကား လက်ဆောင်ပါး လိုက်ပါတယ်နော်။
(နောက်ပိုစ့်မှာတော့ လာအိုခရီးစဉ်မှာ မဖြစ်မနေကုန်ကျနိုင်သော စရိတ်များကို ရေးသားဖော်ပြပေးပါမယ်။)

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower