Monday, October 8, 2012

ကဉ္စနမည်သော မြို့။

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်၏ အနောက်ဘက်စူးစူးတွင် တည်ရှိပြီး မြန်မာနယ်နိမိတ်နှင့် ထိစပ်လျှက်ရှိသော မြို့ကြီးဖြစ်သည့် ကချနဘူရီမြို့သည် ပါဋ္ဌိဘာသာလို ကဉ္စနမည်ပါ၏။ ကဉ္စန ဆိုသည်မှာ တောင်မှဖြစ်သော ရွှေ အဓိပ္ပါယ်ဖြစ်ပါသည်။ တောင်တန်းများစွာရှိသော ထိုမြို့ကို ကချနဘူရီအမှတ်သညာထားရှိဟန်တူပါသည်။  တောင်ကုန်းတောင်တန်းများထူထပ်ပြီး မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် တူသော မြို့တစ်မြို့လည်းဖြစ်ပါသည်။ 

သဘာဝတောတောင်ရေမြေကို ချစ်မြတ်နိုးကြသော နိုင်ငံရပ်ခြားခရီးသွားအများစု စိတ်ဝင်စားဆုံး ခရီးသွားလုပ်ငန်းရှိရာမြို့လည်းဖြစ်သည်။ သဘာဝအလျောက်ဖြစ်လျှက်ရှိသော ရေတံခွန်များ၊ ဆင်စခန်း၊ ထိုင်းနိုင်ငံ၏ မူလကျားစခန်းရှိခြင်း၊ မွန်တံတားအပြင် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော မရဏတံတား၊ မြန်မာတို့သိပြီးဖြစ်တဲ့ ဘုရားသုံးဆူနေရာများ စသည့် စိတ်ဝင်စားဖွယ်များ တည်ရှိရာ မြို့တစ်မြိုးဖြစ်၏။ နိုင်ငံခြားဧည့်သည်များသည် ထိုမြို့တွင် နှစ်ညအိပ်သုံးရက်ခန့် နေထိုင်ကြပြီး ဗဟုသုတရှာမှီးကာ အပန်းဖြေနေထိုင်လေ့ရှိတတ်ကြပါသည်။ ထိုမြို့ရှိ ဧရာဝဏ်ရေတံခွန်သည် ထိုင်းနိုင်ငံသားတို့အတွက် ပိတ်ရက်များတွင် မိသားစုများနှင့် ရေတံခွန်များသို့ လာရောက်ကာ ပျော်ပျော်ပါးပါးအပန်းဖြေနေရာအဖြစ် ထင်ရှားပါသည်။

မြန်မာဧကရာဇ်ဘုရင့်နောင်မင်းသည် ထိုင်းနိုင်ငံမှ မင်းသားငယ်တစ်ပါးကို ဟံသာဝတီမင်း နေပြည်တော်သို့ ခေါ်ဆောင်သွားခဲ့သော အကြောင်းသည် သမိုင်းတွင် ခဲ့၏။  ထို့ကြောင့် ထိုင်းလူမျိုးတို့သည် သူတို့ခေါင်းဆောင်နေထိုင်ခဲ့ရာအရပ် ဟံသာဝတီနေပြည်တော်ကို စိတ်ဝင်စားကြသည်။ တနည်းအားဖြင့် ပဲခူးမြို့သို့ အလည်အပတ်သွားရောက်လေ့ရှိပါသည်။ ထို့အပြင် ထိုင်း-မြန်မာသမိုင်းဝင် ဇာတ်ကားများကိုလည်း ယနေ့ထက်တိုင် ရိုက်ကူးမဆုံးနိုင်ခဲ့ပေ။
ထိုဇာတ်ကားများ ရိုက်ကူးနိုင်ရန် သန်းပေါင်းများစွာ အကုန်အကျခံကာ စတီဒီယိုဆောက်လုပ်ရိုက်ကူးခဲ့ကြသည်။ ဇာတ်ကားရိုက်ကူးရန် Prommitr Film Studio နေရာကို လေးနှစ်ကြာ သုတေသနပြုလုပ်တည်ဆောင်ပြီးမှ ဇာတ်ကားရိုက်ကူးခဲ့ကြပါသည်။ ထိုဇာတ်ကားရိုက်ကူးပြီးစီးသွားသော်လည်း စတီဒီယိုနေရာကို ထိုင်းနိုင်ငံသားများအပါအဝင် အခြားနိုင်ငံသားများပါ လေ့လာနိုင်ရန်အမှတ်တရ ဆက်လက်ထိန်းသိမ်းထားကြ၏။ 

ဟံသာဝတီမင်းနေပြည်တော် ပုံစံအတု တည်ဆောင်ထားပုံ

နန်းတော်အဝင်ဝမှာ ခြင်္သေ့ကြီးတွေ ရှိခဲ့ကြသတဲ့လား

လာရောက်လေ့လာကြသော ဧည့်သည်တော်များ။ 

ကချနဘူရီ စတီဒီယို ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများကို ကူးယူဖေါ်ပြထားပါသည်။ ယခုအခါ ထိုလင့်များ မရှိတော့ သည့်အတွက် လင့်မပေးနိုင်ခြင်းကို တောင်းပန်ပါသည်။ ဓာတ်ပုံများကို ကူးယူဖေါ်ပြကြမည်ဆိုလျှင် မူရင်း စတီဒီယိုမှ ဓာတ်ပုံများဖြစ်ကြောင်း ထည့်သွင်းမျှဝေစေချင်ပါသည်။


ထိုင်းနိုင်ငံသားတွေ ရိုက်ကူးတင်ဆက်တဲ့အထဲမှာ
 ဟံသာဝတီမင်းနေပြည်တော်ကြီးရဲ့ ခမ်းနားမှုများကို တွေ့မြင်ခွင့်ရမှာဖြစ်ပါတယ်။ 


ဒီဇာတ်ကားထဲမှာတော့ ကချနဘူရီ ဆင်စခန်းမှာ ရိုက်ကူးထားတဲ့ မြင်ကွင်းတွေ တွေ့ရမှာဖြစ်ပါတယ်။ 
ယင်းဇာတ်ကားမှာ ပါဝင်တဲ့ ဆင်စွယ်အရှည်ဆုံးဆင်ကြီးက အခုဆိုရင် အသက်(၇၆)နှစ်ရှိနေပါပြီ။ 


ဒုတိယကမ္ဘာစစ်အတွင်းက မရဏတံတား

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Tuesday, October 2, 2012

ထိုင်းလေကြောင်းလိုင်းများနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ ခေါင်းစပြူလာသော တိုးတက်မှုတွေကြောင့် 
ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများသည်လည်း တိုးတက်ပြောင်းလဲပြေးဆွဲလာကြပါပြီ။ 


 (၄ - အောက်တိုဘာလ - ၂၀၁၂) ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ 
အထက်မြန်မာနိုင်ငံမြို့တော် မန္တလေးသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲကြတော့မည်


မြန်မာနိုင်ငံသို့ သွားကြမည့် ကမ္ဘာလှည့်ခရီးသွားများအတွက် အဆင်ပြေရုံမျှမက
ဘန်ကောက်မြို့မှ အထက်မြန်မာပြည်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အချိန်ကုန်သက်သာပြီး ခရီးစဉ်ချောမွေ့အဆင်ပြေနိုင်ကြတော့မည်။

 

ထို့အပြင် Air Asia လေကြောင်းလိုင်းများသည်လည်း တစ်နေ့တာ ပုံမှန်ပြေးဆွဲချိန် နှစ်ချိန်မှ သုံးချိန်သို့ပြောင်းလဲထားပြီးဖြစ်သဖြင့် မိမိတို့နှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်ပြီ။


Bangkok Airway နဲ့ THAI Airway တို့သည်လည်း လေယာဉ်ချိန်များတိုးချဲ့ပျံသန်းလျှက်ရှိနေကြပါပြီ။



Air Asia လေကြောင်းလိုင်းတစ်ခုတည်းသာ 
ဒူမောင်းလေဆိပ် (ယခင်ဘန်ကောက်မြို့၏ လေဆိပ်အဟောင်း) သို့
 ပြောင်းရွှေ့သွားခြင်းဖြစ်ပါတယ်။  


နောင်လာမယ့်အနာဂတ်ကာလများမှာ မြန်မာနိုင်ငံရဲ့ ကောင်းသော ပြောင်းလဲခြင်းများနဲ့အတူ ခရီးလမ်းပန်းဆက်သွယ်ရေးများလည်း ချောမွေ့အဆင်ပြေလာတော့မည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ခြင်းများအပြင်
 မြန်မာနိုင်ငံသားများ သွားလာရေး လွယ်ကူကြတော့မည်ဖြစ်သဖြင့်
 မြန်မာနိုင်ငံ၏ ပြောင်းလဲလာသောတိုးတက်မှုများ  ရေရှည်တည်တံ့နိုင်စေဖို့ ဆုတောင်းလျှက် ...။

လေးစားစွာဖြင့်
bliss of us

Sunday, August 19, 2012

“မြစ်တစ်စင်း၏ ခမ်းနားမှု”

ကျောက်ဖရားမြစ်ပြင်မှ ဖြတ်တိုက်လာတဲ့ လေနုအေးကို ခံစားရင်း
 မြစ်တစ်စင်းရဲ့အလှများကို ခံစားကြရအောင်နော် ...။

မြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းနေတဲ့ ခရီးသည်တင် စက်လှေတစ်စီး

နေ့လည်ချိန်ဆိုရင် မြစ်ပြင်တစ်လျှောက် နိုင်ငံခြားသား ခရီးသည်တွေများတယ်၊

 မနက်စောစောဆိုရင်တော့ ဘန်ကောက်မြို့အနောက်ဘက်မှာနေတဲ့
ဝန်ထမ်းတွေ ရုံးချိန်မှီအောင် အပြေးအလွှားရုံးတက်ကြရပါတယ်။

 စက်လှေ အတက် အဆင်းကို ဝန်ထမ်းများက သေချာဂရုစိုက်ပေးကြပါတယ်

Group Tour တွေကို လိုက်ပို့တဲ့ စင်းလုံးငှား ထိုင်းရိုးရာစက်လှေများလည်း ဟိုမှာ သည်မှာ ...။

 မြစ်ထဲမှာ ကင်းလှည့်ကယ်ဆယ်ရေး ရေယာဉ်များလည်း အသင့်

 ဟိုတယ်ပိုင် ရေယာဉ်များ

မြစ်ကြောင်းတစ်လျှောက် ခရီးသည်များ စိတ်တိုင်းကျ လည်လည်သွားဖို့ စင်းလုံးငှားစက်လှေများ



 မြစ်ကမ်းဘေးက မြင့်မြင့်မားမား ဟိုတယ်

လေးစားစွာဖြင့်
bliss of us 

Saturday, August 11, 2012

ဘန်ကောက်မြို့မှ နေ့ချင်းပြန် အလည်ထွက်နိုင်သော နေရာများ

ကချနဘူရီမြို့
 

ဆာရဘူရီမြို့

Bliss of Us ဆိုဒ်ကို ဖတ်ပြီး ထိုင်းနိုင်ငံအတွင်းမှာ သွားရေးလာရေး အဆင်ပြေကြောင်းကို 
ကြားသိရတဲ့အတွက် အထူးပင် ဝမ်းသာပါကြောင်း။ 

လေးစားစွာဖြင့်
bliss of us

Monday, June 25, 2012

အယုဒ္ဓယတွင် တစ်နေ့တာ...။

 အယုဒ္ဓယမြို့မှာ ကြည်ညိုသပ္ပါယ်လှတဲ့ ဘုရားစေတီပုထိုးများကို ဖူးမျှော်လေ့လာကြပြီး
မိသားစု အပန်းဖြေခရီး ထွက်ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ အလေ့အထနဲ့ မြင်ကွင်းထူးဆန်းလေးတွေကို 
လှည့်လည်ကြည့်ရှုပြီး အလှဓာတ်ပုံရိုက်ကြပါတယ်။ 

ဒေသရဲ့ အလေ့အထမြင်ကွင်းတွေက ထိုင်းလူမျိုးတို့ရဲ့ သမိုင်းနဲ့ လူနေမှုအကျင့်စရိုက်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ 

အပန်းဖြေနေရာများမှာ လူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် အလှဆင်ထားကြတာပါ

နှောင်းခတ်ပုံရိပ်များကို အရုပ်လေးတွေနဲ့ အဓိပ္ပါယ်ဖေါ်ဆောင်ထားပါတယ်

“ပျော်ပျော်ရွှင်ရွှင် အယုဒ္ဓတစ်ခွင်”

ဒေသဓလေ့များကို အခုလို အရုပ်လေးတွေနဲ့ ဖေါ်ကျူးထားတာ အလွန်ချစ်စရာပါ။

“အယုဒ္ဓယရောက် ဧည့်သည်များ ပျော်ရွှင်နိုင်ကြပါစေ”

ငယ်ငယ်တုန်းက ကလေးဘဝအရွယ် ပျော်ရွှင်စွာ ဆော့ကစားကြတယ် :)

လေးစားစွာဖြင့်
bliss of us

Sunday, June 10, 2012

သားသား လည်လည်သွားခဲ့တဲ့ ဘန်ကောက်မြို့တော်...။

သားသားတို့ ဘန်ကောက်မြို့ကို
လည်လည်ထွက်ဖို့ ဝေဟင်မှာ လေယာဉ်ကြီးစီးပြီး သွားခဲ့ပါတယ်ခင်ဗျာ...

မြဘုရားဝင်းထဲက  ရွှေရောင်ဝင်းနေတဲ့ တိုင်လုံးကြီးတွေကြားမှာ
ကျောပိုးအိတ်လေးနဲ့ သားသားစတိုင် သိပ်မိတယ် မဟုတ်လားခင်ဗျာ...

ထိုင်းရဲသားကြီးနဲ့သားသား အရပ်သွားတိုင်းခဲ့သေးသဗျ ...

သွားရင်းလာရင်း ပိုစာတာကြီးတွေရှေ့မှာ ခဏတာ ခြေဆန့်လက်ဆန့် အေးဆေးပေါ့ဗျာ ...

သားသားကလေ .....ပင်ဂွင်းလေးတွေနဲ့ ဆော့ခဲ့သေးသဗျ ...

သားသားကို လာနှုတ်ဆက်နေတယ်ခင်ဗျ...

Siam Ocean World  ထဲက ကရုကမာကြီးထဲမှာ ပေါက်ပေါက်ဆုပ်လေးတွေ စားရင်း

လိပ်ဖိုးဖိုးနဲ့ လိပ်မြေးလေး အဲ...ဟုတ်ပေါင် သားသား

ရေအောက်ကမ္ဘာထဲမှာ ညက်မှန်လေးနဲ့ ခင်ဗျ...

ဟိုက်... ကျားကြီးဗျ၊ တကယ့်အကောင်ကြီး အောက်မေ့လို့ဗျာ လန့်ထာ ...

ရုပ်ရုပ်ကြီးပါလားဗျ...စဝါဒီခပ်လို့ သားသား နှုတ်ဆက်လိုက်မယ်နော်

တုတ်တုတ်လေးနဲ့ တူပျော်ပျော် လည်လည်သွားဖို့ ခေါ်မယ်နော်...။

သားသားလေးရဲ့ ဓာတ်ပုံတွေကို web page မှာ အမှတ်တရ တင်ဆက်ခွင့်ပြုခဲ့တဲ့အတွက် 
bliss of us မှ အထူးကျေးဇူးတင်ရှိပါကြောင်း။

ခင်မင်လေးစားစွာဖြင့်
bliss of us

Monday, May 28, 2012

hello.......BOU


 


အလည်လာကြသော အွန်လိုင်းမှ မြန်မာမိတ်ဆွေများအားလုံး၊ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြသော ဧည့်သည်များအားလုံး၊ လေယာဉ်လက်မှတ်ဝယ်ယူအားပေးကြသူအားလုံးနှင့်
ကွန့်မန်အမြဲလာပေးကြသော ခင်မင်ရတဲ့ ဘလော့ဂါအားလုံး အထူးကျေးဇူးတင်ရှိပါကြောင်း။

ခင်မင်လေးစားစွာဖြင့်
bliss of us

Wednesday, May 23, 2012

Bliss of Us in Thailand


www.blissofus.com ဆိုတာ ထိုင်းနိုင်ငံမှ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံနဲ့ ပတ်သက်သော information များကို မျှဝေပေးနေသော web page တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် အခက်အခဲမဖြစ်စေရန်အတွက် ထိုင်းနိုင်ငံနဲ့ပတ်သက်သော ခရီးသွားခြင်းများ၊ အခန်းကိစ္စ၊ ဗီဇာကိစ္စ၊ လေယာဉ်လက်မှတ် ..စသည်ဖြင့် မိမိနိုင်ငံသားများ နားလည်လွယ်စေရန် ရှင်းပြ မျှဝေပေးနေတာဖြစ်ပါတယ်။ အွန်လိုင်းစာဖတ်သူများအနေနဲ့ စာရေးသူတို့စေတနာကို နားလည်ပေးသောအားဖြင့် www.blissofus.com မှ ဓာတ်ပုံများကို web page လိပ်စာဖျောက်ပြီး မိမိကိုယ်ကျိုးအတွက် အသုံးမပြုကြပါရန် မေတ္တာရပ်ခံပါရစေ။

www.blissofus.com မှ ဓာတ်ပုံများ၊ အချက်အလက် စာသားများကို မျှဝေလိုပါလျှင် 
web page လိပ်စာ ထည့်သွင်းမျှဝေပါရန် အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

ထပ်မံ၍ ဓာတ်ပုံနှင့် စာသားများကို မိမိကိုယ်ကျိုးအတွက်သော်လည်းကောင်း၊ စီးပွါးရေးအတွက်သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် အသုံးပြုနေကြောင်း တွေ့ခဲ့ပါလျှင် အများသိစေရန် www.blissofus.com တွင် ထည့်သွင်းကြေညာမည်ဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ပါရစေ။

မြန်မာတို့ရဲ့ ဒုတိယအိမ်သို့ အလည်လာရောက်ကြသော
 မြန်မာနိုင်ငံသားများ အစစအဆင်ပြေပါစေကြောင်း 
Bliss of Us မှ ဆုတောင်းပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အလည်ခရီးကုန်ကျစရိတ် သို့မဟုတ် ခရီးစဉ်များ မေးလိုပါလျှင်
blissofus@gmail.com သို့ အီးမေးပေးပို့မေးမြန်းနိုင်ပါတယ်။

ခင်မင်လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower