Thursday, December 8, 2011

“ဝသုန္ဓရေ ဤမြေ သက်သေညွှန်း”

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်မွေးနေ့ပွဲတော်ရက်များက ညချမ်းမြင်ကွင်း ဖြစ်ပါတယ်

  “ဝသုန္ဓရေနတ်ကွန်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသားတို့ ယုံကြည်ရာ”
ချစ်သောသူတို့ သစ္စာနှံရာ အရပ်ဖြစ်တဲ့ ဒီနတ်ကွန်းကို
ထိုင်းစုံတွဲတွေ အများအပြား လာရောက်ကန်တော့ဆုတောင်းကြတာကို တွေ့ရမှာဖြစ်ပါတယ်။ 
ဒီလို ဆုတောင်းသစ္စာဆိုခြင်းဖြင့် သက်ဆုံးတိုင် အချစ်စစ်တို့ ပေါင်းဆုံကြတယ်လို့ ယူဆကြပါသတဲ့။
အချစ်ရေး၊ အိမ်ထောင်ရေးအတွက်တင်မက
အခြားသော အမှန်တရားများ သစ္စာဆိုရာ တိုင်တည်ရာ နေရာလေးတစ်ခုအဖြစ် 
သူတို့နိုင်ငံသားတွေ ယုံကြည်ရာအရပ်လေးဖြစ်တယ်လို့ သိခဲ့ရပါတယ်။ 

မြန်မာတို့အတွက်တော့ ဂူဂလ်မှ လက်လှမ်းမီသမျှ ရှာဖွေထားတာလေးတွေကို ယှဉ်တွဲသိနိုင်ဖို့ ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်........

ဗုဒ္ဓဝင်တွင် ဗောဓိပင်နှင့် ရွှေပလ္လင်အောင်တော်မူခါနီး မာရ်စစ်သည်များ လာ၍တိုက်၊ ဗုဒ္ဓမြတ်စွာသည် ဘဝပေါင်းများစွာ ပါရမီတော်များ ဖြည့်ဆီးခဲ့ရာမှ နောက်ဆုံး ဝေသန္တရာဇာတ်တော်မှ ဒါနပါရမီကို ပထဝီမြေကြီး သက်သေညွန်းလေသည်။ ကြီးစွာသော မဟာပထဝီမြေကြီး တုန်ဟည်း သက်သေပြုလေရာ မာရ်စစ်သည်အပေါင်း ဆုတ်ခွာပျက်စီးကြလေသည်။ ထိုနေရာတွင် နှောင်းခေတ်အနုပညာရှင်တို့က ဝသုန္ဓရေ မြေစောင့်နတ်သား ဆံရေညှစ်၍ သက်သေပြုလေဟန် ဖန်တီးခဲ့ကြသည်။ ထိုင်းနိုင်ငံနှင့် အရှေ့ပိုင်းနိုင်ငံ တို့က မြေစောင့်နတ်သမီး (ဝသုန္ဓရီ) အဖြစ် ဖန်တီးရာ၌ ထိုင်လျက်အနေအထား ကိုယ်လုံးပေါ်ပေါ် ဆံရေညှစ်ဟန်ပြုသည်ကို မြန်မာတို့ ဘဝင်မကျ။ သို့ဖြင့် မတ်ရပ် ဝသုန္ဓရေ နတ်သားဟန်ကိုပင် ပြုခဲ့ကြသည်။ ပိဋကတ်တော်လာ မဟုတ်၍ အချို့ ဆရာတော်ကြီးများက မကြိုက်။ သိုငြားလည်း အနုပညာ မြန်မာမှုနယ်တွင် ကုသိုလ်ကောင်းမှု သက်သေပြု သင်္ကေတအဖြစ် လက်ခံခဲ့ကြသည်မှာ နှစ် (၃ဝဝ) ခန့်ပင် ရှိလေပြီ။ (၁၉၈၈၊ မေ၊ ရတနာမွန်)
မောင်အေးမြင့် (မြန်မာမူ ဒီဇိုင်းသုတေသီ)
သြဂုတ် ၁၄၊ ၂၀၀၈

ဘန်ကောက်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ 
ကချနဘူရီမြို့ တောင်ပေါ်ဘုရား Wat Tham Suar မှာတွေ့ရတဲ့ ဝသုန္ဓရေရုပ်ထု

ဂူဂလ်မှာ  “ဝသုန္ဓရေ” စကားလုံးလေးကို ရှာကြည့်တော့ ဒီလင့်လေးကိုလည်း တွေ့ရပါသေးတယ်။
လေ့လာလိုလျှင်

3 comments:

စံပယ်ချို said...

တစ်ခြားလင့်တွေကိုမသွားတော့ပါဘူး
ဒီမှာပဲဖတ်ပြီးကြည့်ခဲ့တယ်
ခင်မင်တဲ့ jasmine

...အလင်းစက်များ said...

အစ်မနော်...... ဟွန်းဟွန်း ကျနော့်လို ထလုပ်တော့မယ် မှတ်လို့ ။ ဟီးဟီး မီးနဲ့ မဆော့ဖို့  ကိုယ့်ဖာသာ သတိပေးနေရတယ်။ နောင်ဆို အဲ့သည်လို ပိုစ့် မရေးဖြစ်စေဖို့  ကိုယ့်ဖာသာ သတိထားတော့မယ်။ ဖုန်းဆက်ပြီး ဆော်တဲ့ သူတွေလည်း ရှိသဗျ။ ခံစားရတယ်။ :(

mstint said...

'ဝသုန္ဓရေ'အကြောင်း ဗဟုသုတလေးတွေ ယူသွားတယ် BOU ရေ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower