Showing posts with label Travel and Tours. Show all posts
Showing posts with label Travel and Tours. Show all posts

Sunday, April 29, 2012

“လူငယ်များအတွက် ပတ္တရားမြို့”

ပတ္တရားမြို့နဲ့ ပတ္တရားကမ်းခြေကို လူငယ်အများစု အပန်းဖြေဖို့ အသွားများကြပါတယ်။ အပန်းဖြေစရာမြို့ဆိုရင်လည်း မမှားဘူး။ အပန်းဖြေစရာ အမယ်စုံလင်လှပါတယ်။ ဘန်ကောက်မြို့ကနေ အရှေ့ဘက်ကို ကားမောင်းသွားမယ်ဆိုရင် (၂)နာရီခန့်သာ ကြာတာကြောင့် သွားလာရေး အဆင်ပြေပါတယ်။ အများအားဖြင့်တော့ ပတ္တရားဆိုရုံမျှနဲ့ ကမ်းခြေကိုသာ သွားကြပါတယ်၊ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားမှာ ကမ်းခြေအပြင် အခြားလည်စရာ အပန်းဖြေစရာ နေရာတွေလည်း ရှိသေးတာပေါ့။

 Big Buddha Hill
ဘုရားခြေတော်ရာ ရှိပါတယ်။ 

 တရုတ်ဘုံကျောင်း
ဘုရားပေါ်တက်ရင်သာ ဖိနပ်ချွတ်ဖို့ သေချာမပြောတာ၊ 
ဘုံကျောင်းထဲ အဝင်မှာ ဖိနပ်ချွတ်ဖို့ သေချာပြောတယ်ဗျနော်။ 
ဘုံကျောင်းကနေ ရှေ့ဆက်မယ်ဆိုရင် လေဆာပစ်ခွင်းရေးဆွဲထားတဲ့ ဘုရားကို သွားကြမယ်။

ကျောက်သားနံရံကြီးပေါ်က ရွှေဆေးရေးချယ်ထားတဲ့ ဗုဒ္ဓရုပ်ပုံလွှာ

နောင်နွတ်ပန်းခြံ
ဝင်ကြေးမှာ ဘတ်ငါးရာ

ပတ္တရားကမ်းခြေ view point ကနေ ရှုမျှော်ကြည့်လိုက်ရင်...

သန္တာကျောက်တန်းဆီကို သင်္ဘောကြီးနဲ့ သွားမယ်ဆိုရင်...

 speed boat လေးတွေနဲ့ သန္တာကျောက်တန်းကမ်းခြေကို ကူးကြမယ်ဆိုရင်...

ပင်လယ်ပြင်မှာ balloon စီးကြမယ်ဆိုရင်
တစ်ယောက်မှ ဘတ်ငါးရာ ....း)

သန္တာကျောက်တန်းကမ်းခြေမှာ အပန်းဖြေမယ်ဆိုရင်...

အလှမယ်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြမယ်ဆိုရင်...

ညပိုင်းမှာ တင်ဆက်ပြသတဲ့ ပွဲမို့ ညည့်နက်မှ ပြန်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။ ဟိုတယ်ခ မကုန်ချင်ရင်တော့ ညတွင်းချင်းပြန်ရင် ဘန်ကောက်ကို မိုးလင်းခါနီးရောက်မှာပေါ့။ ညအိပ်ပြီး ကမ်းခြေနောက်တစ်ရက် လည်ချင်သေးတယ်ဆိုရင်တော့ ပွဲကြည့်တဲ့ည ပတ္တရားမှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပတ္တရားတစ်ခွင် စုံစုံလင်လင် တင်ဆက်ပေးလိုက်ပါတယ်။ 
ပျှော်ရွှင်ချမ်းမြေ့ကြပါစေ...

လေးစားစွာဖြင့်
bliss of us

Monday, April 23, 2012

“ပန်းတွေနဲ့ဝေ”

ပန်းကလေးတွေက လှတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဒီဇိုင်းလှလှ ဆင်ထားပါတယ်

အရုပ်လေးလည်း ပါသေးသဗျ...

ဘယ်လိုကြည့်ကြည့် “ရှုမဆုံးတော့သည်”...

ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့


ဒီဇိုင်းစိတ်ကူးလေး ကောင်းလိုက်တာ

ထားဝယ်မှိုင်းပန်းလေးတွေ....၊ ပန်းရနံ့လေး မွှေးမွှေးးးး


သဘာဝနဲ့ နည်းပညာ ပေါင်းစပ်လိုက်တော့ ချမ်းမြေ့လိုက်တာ

ခြံထဲက လမ်းလေး

အလှဆင်ထားတဲ့ ပန်းရုံလေးတစ်ခု

ဘဝအဖေါ်မွန်တွေနဲ့ အတူ

သစ်ပင်ကြီးတွေမှာ သစ်ခွကပ်စိုက်ထားတာလေးတွေ
ဘန်ကောက်မှာလည်း နေရာအတော်များများ အလှဆင်ထားတာ တွေ့ဖူးကြမှာပါ။

ထိုင်းနိုင်ငံတောင်ပိုင်းက ပတ္တရားမှာလည်း ပန်းခြံကြီးတစ်ခုရှိပါတယ်။ ပတ္တရားမြို့က ပန်းခြံထက် ပိုကျယ်ပြီး အမျိုးအစားပိုစုံတဲ့  မြောက်ပိုင်း ချင်းမိုင်မြို့က ပန်းခြံကို အနယ်နယ်အရပ်ရပ်က ထိုင်းလူမျိုးတွေတင်မကပဲ နိုင်ငံခြားသားများပါ စိတ်ဝင်စားကြတယ်။ ချင်းမိုင်မြို့က ရာသီဥတုကလည်း ပန်းတို့အကြိုက်ဖြစ်လေတော့ ပိုလှနေကြတာပေါ့။ ပန်းချစ်သူများအတွက် ပန်းခြံထဲမှာ တစ်နေ့တာလုံးနေရမယ်ဆိုရင် အချိန်တွေ ဘယ်လိုကုန်မှန်းမသိဖြစ်ကြမှာ ဧကန်ပါပဲ။ ချင်းမိုင်မြို့ကို ရောက်ခဲ့မယ်ဆိုရင် ပန်းခြံကြီးထဲကို သွားဖို့ မမေ့နဲ့အုံးနော်........

လေးစားစွာဖြင့်
bliss of us

Tuesday, April 10, 2012

နှစ်သစ်ကူး ပိတ်ရက်တွေမှာ အပန်းဖြေဖို့ နေရာတွေ...။

နှစ်သစ်ကူး ပိတ်ရက်တွေမှာ အပန်းဖြေဖို့ နေရာလေးတွေရှိပါတယ်။ ထိုင်းနိုင်ငံမှာ အများသွားနေကြနေရာတွေပဲ သွားနေရတာ ငြီးငွေ့နေပြီဆိုရင် ဒီနေရာလေးတွေကို သွားသင့်ပါတယ်။ သဘာဝအတိုင်း လှပနေတဲ့ နေရာလေးတွေနဲ့ အပန်းဖြေစခန်းတွေမှာ ထူးဆန်းတဲ့ ပြကွက်လေးတွေ လုပ်ပေးထားတာ စိတ်ဝင်စားစရာပါ။ ဥပမာ - အပန်းဖြေနေရာတိုင်းလိုလိုမှာ ကျား၊ ဆင်၊ မိကျောင်းတွေနဲ့  တင်ဆက်တဲ့ ပွဲတွေကို တွေ့ရမှာဖြစ်ပါတယ်။ တကယ့်ကျားမွေးစခန်း အစစ်က ကချနဘူရီမှာရှိတာပါ။ ဆင်ဆိုရင်လည်း ဆင်နဲ့ ပတ်သက်ပြီး အဓိက မွေးမြူလေ့ကျင့်ရာ ဘေးမဲ့ဆင်စခန်းက ထိုင်းမြောက်ပိုင်းက မဲတံဆင်စခန်းဖြစ်ပါတယ်။ မိကျောင်းမွေးမြူရေး အဓိက နေရာကတော့ ဘန်ကောက်မြို့ရဲ့ အရှေ့ဘက်မှာ ရှိတာမို့ တကယ့်မွေးမြူရေးစခန်းတွေကို သွားရောက်လေ့လာရတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခြားသော ပြကွက်တွေ တိစ္ဆာန်ငယ်လေးတွေကိုပါ တွေ့မြင်နိုင်တာကြောင့် ကလေးတွေအတွက်လည်း ပျော်စရာပေါ့။ ဒီလိုပဲ ရေတံခွန်အတုတွေလည်း ပြုလုပ်ထားကြတာမို့ ရေတံခွန်ဆိုရင် ရေတံခွန် အစစ်လား အတုလား မေးကြည့်ရသေးတယ်။ အခု လမ်းညွှန်မယ့် နေရာလေးကတော့ ဘုရားပုထိုးစေတီတွေလည်း ဖူးမျှော်နိုင်၊ ရေတံခွန်မှာလည်း အပန်းဖြေနိုင်၊ စပျစ်ဝိုင်စိုက်ခင်းတွေဆီလည်း သွားလေ့လာနိုင်ပြီး၊ အထူးခြားဆုံးနဲ့ ကျော်ကြားတဲ့ နေရာလေးတစ်ခုကတော့ အီတလီကျေးရွာငယ်ပုံစံ အပန်းဖြေစခန်းတစ်ခုပဲဖြစ်ပါတယ်။

ရှုခင်းတွေ လှမလှ ကြည့်ပေးပါအုံးနော်........။

ရောက်တုန်းက ကင်မရာ setting ကို သတိမထားလိုက်မိလို့ 
ပုံတွေ သိပ်မလှဘူးဖြစ်နေပါတယ်၊ ကောင်းတဲ့ပုံတချို့ကို ရွေးချယ်ပြီး ပိုစ့်တင်ပေးလိုက်ပါတယ်နော်။

ဒီပုံနှစ်ပုံကတော့ လှလို့ ဂူဂလ်က အကူအညီယူလိုက်ရတာပါ။

 အိမ်လေးတွေကြား ဒီလိုလေးတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ် :)

 ပုံလေးတွေ သည်းခံပြီး ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ် :)

လမ်းကျဉ်းကျဉ်းလေးတွေကြားမှာ အလည်လာသူတွေကို ဈေးရောင်းနေကြပါတယ်။
တစ်ဘက်မှာလည်း တောင်တန်းများနဲ့ သိပ်လှနေတာပေါ့။ 
တောင်တွေနား နီးနီး အိမ်လေးဆောက်ပြီးနေရရင် ရှုခင်းတွေ သိပ်လှနေမှာနော်။

အစားအသောက်ဆိုင်တွေလည်း ရှိပါတယ်၊ ဓာတ်ပုံအလှ အမှတ်တရရိုက်ကြရင်း အပန်းဖြေနိုင်တာပေါ့။ 
သွားနေကြ နေရာတွေထက် ဒီနေရာလေးက မိတ်ဆွေကို ဘဝအမောတွေ အတန်ငယ်တော့ ပြေပျောက်စေနိုင်ပါလိမ့်မယ်...။

MuakLek ရေတံခွန် အပန်းဖြေစခန်း

 ပျော်ရွှင်စွာ ရေဆော့ကစားနေသူတွေ

သဘာဝပတ်ဝန်းကျင်အလှတွေကို တဝကြီး ခံစားနိုင်ဖို့ ...သွားကြစို့လေ မိတ်ဆွေတို့ရေ။

စပျစ်ဝိုင်ခြံလေးပေါ့...

စိုက်ခင်းတွေဆီ အလည်သွားတဲ့အခါ ...

ဝိုင်တွေကို သိုလှောင်ထားတဲ့ နေရာရှေ့မှာ
စပျစ်ဝိုင်ထုတ်လုပ်မှုကို နမူနာ ပြသဖို့အတွက် နေရာလည်းဖြစ်ပြီး ဝိုင်တွေကိုလည်း သိုလှောင်ထားပါတယ်။

 အခုပိုစ့်လေးဖြစ်ပေါ်လာအောင် အကူအညီအဓိကပေးသူ တီချမ်းတို့နှစ်ယောက်ကို အထူးကျေးဇူးတင်ပါကြောင်း ဒီနေရာလေးက ပြောပါရစေနော်။
တီချမ်းကိုယ်တိုင် စပျစ်ဝိုင်နဲ့ ပတ်သက်ပြီး ပိုစ့်သီခြားရေးပါလိမ့်မယ်။ သူရေးတဲ့အခါမှ စောင့်ဖတ်ကြတာပေါ့နော် :)

“နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Saturday, February 18, 2012

ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၂)

အင်ကြင်းပင်ကြီး၏ ပင်စည်ကို အနီးကပ် လေ့လာနိုင်ပါတယ်။

အင်ကြင်းပင်ရင်းမှာ အေးချမ်းစွာသီတင်းသုံးလျှက်ရှိပါတယ်

 ခမာတို့ရဲ့ ဘုရင်ဟောင်းရုပ်ထုကို အမိုးအကာ၊ ထီးတော်များနဲ့ အခုလိုတွေ့ရပါတယ်

ခမာလူမျိုးတို့ ရှေးခေတ်က အိမ်လေးကို နမူနာပြထားပါတယ်။
မြန်မာတို့အိမ်လေးတွေ အတူတူပါပဲ။ ခြေတံရှည်အိမ်လေးပါ။
ခမာ-မွန်ဆိုတော့လည်း တူတာပေါ့နော်။

မွန်တို့ ဘာသာတရားကိုင်းရှိုင်းကြပါတယ်

 ကြည်းကွမ်းအစ်

ဧည့်သည်လာရင် ကွမ်းအစ်လေးချလို့ ဧည့်ခံကြပါတယ်။
ဧည့်သည်ပေါ်မူတည်ပြီး ကွမ်းအစ်များကို ခွဲခြားထားပါတယ်။

ယွန်းကွမ်းအစ်


ခေါင်းဆောင်းများဖြစ်ပါတယ်။ နှစ်အတော်ကြာနေပြီဆိုတော့ ကျိုးကုန်မှာစိုးဟန်တူပါရဲ့ မကိုင်ရဘူးတဲ့။


ယက္ကန်းစင်ဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာတွေလိုပဲ မိန်းကလေးမှန်ရင် ယက္ကန်းခတ်တတ်ရမယ်ထင်တယ်

ထိုင်းနဲ့ ကမ္ဘောဒီးယားတော်တော်များများတူပေမယ့် အခုလို ဝတ်စားဆင်ယင်မှုမျိုး ထိုင်းမှာ မရှိပါဘူး။
ခမာပြည်က လူမျိုးပုံစံတွေနဲ့ အိမ်တွေ တိုင်းပြည်အနေအထားက ထိုင်းကို ကျော်ပြီး မြန်မာပြည်က မွန်ပြည်နယ်က နေရာတွေနဲ့ တော်တော်ဆင်တူပါတယ်။


နောက်ပိုစ့်မှာတော့ ဘုရားဝင်းအတွင်းပြတိုက်ထဲက ပုံလေးတွေတင်ပေးပါမယ်
ဆက်ပါအုံးမည်... 

လေးစားစွာဖြင့်
bliss of us

Friday, January 27, 2012

ချင်းမိုင်မြို့မှ ပန်းပွဲတော် (အပိုင်း-၄)

ပွဲတော်မှာ မုဉ်ဦးကို အပင်တွေနဲ့ ပုံစံဖေါ်ထားတာလေးတွေ တော်တော်လှပါတယ်

 လှပတဲ့ ရှုခင်းတွေအပြင် သီးနှံတွေစိုက်ပျိုးဖြစ်ထွန်းမှုကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်

 ကလေးငယ်များအတွက် လွတ်လပ်ပျော်ရွှင်မှုကိုလည်း သူတို့နိုင်ငံက နေရာတိုင်းမှာ အလေးထားကြတယ်

ကစားမလား နားမလား

နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုပြကွက်တွေလည်း မြင်တွေ့နိုင်ပါတယ်

ပြပွဲ ပြသမှုတွေနဲ့ ချင်းမိုင်မြို့က တောင်တန်းတွေက ပဏာရ လှပနေလိုက်တာ

စိုက်ပျိုးနည်းစနစ်တွေကို အမျိုးမျိုး ပြသထားပါတယ်

သဘာဝလေးအတိုင်းလို ငြိမ်းချမ်းတဲ့နေရာလေး တစ်ခု

ရုပ်ရုပ်လေးက “စဝါဒီခပ်” 

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower