Tuesday, December 29, 2009

ကျောင်းဗီဇာနှင့် ပတ်သက်သော လာအိုခရီးစဉ် အပိုင်း(၅)

ခန့်မှန်းချေ လာအိုခရီးစဉ် ကုန်ကျစရိတ်
920bahts
ထိုင်းနိုင်ငံ၊ လာအိုသံရုံးတွင် ပေးရသော နေ့ချင်းဗီဇာကြေး

720bahts
ထိုင်းနိုင်ငံရှိ လာအိုသံရုံးတွင် ပေးရသော ပုံမှန်ဗီဇာကြေး

700bahts 
ဘန်ကောက်မြို့မှ နယ်စပ် နောင်ခိုင်မြို့သို့သွားသော အထူးတန်းကားခ

450bahts
ဘန်ကောက်မှ နယ်စပ်နောင်ခိုင်မြို့သို့သွားသော ပုံမှန်ကားခ


60bahts
နောင်ခိုင်မြို့မှ နယ်စပ် လာအိုသို့သွားသော အဝေးပြေးဘတ်စ်ကားခ

20bahts
လာအိုနိုင်ငံသို့ နယ်စပ်ဝင်ကြေး

50bahts
လာအို အဝေးပြေးကားဂိတ်မှ ထိုင်းသံရုံးသို့ သွားသော သုတ်သုတ် (သုံးဘီးကားခ)

2,000bahts
လာအိုနိုင်ငံ ထိုင်းသံရုံးတွင် ကျောင်းသားဗီဇာအတွက် ပေးရသော ဗီဇာကြေး 

50bahts 
ထိုင်းသံရုံးမှ တည်းခိုသော နေရာသို့ သွားရန် သုတ်သုတ် (သုံးဘီးကားခ) 
မှတ်ချက်။  ။ ထိုင်းသံရုံးနှင့်နီးသော နေရာတွင်သာ တည်းခိုပါ။

300bahts
တစ်ညလျှင် တည်းခိုခန်းခ (အနည်းဆုံးဖြစ်ပါတယ်) 

50bahts 
တည်းခိုသော နေရာမှ ထိုင်းသံရုံးသို့ သွားရန် သုတ်သုတ် (သုံးဘီးကားခ)

50bahts
ထိုင်းသံရုံးမှ လာအို အဝေးပြေးကားဂိတ်သို့ သွားသော သုတ်သုတ် (သုံးဘီးကားခ)  

60 bahts
လာအိုနယ်စပ်မှ နောင်ခိုင်မြို့သို့သွားသော အဝေးပြေးဘတ်စ်ကားခ

450bahts
ဘန်ကောက်မြို့မှ နယ်စပ် နောင်ခိုင်မြို့သို့သွားသော အဝေးပြေးကားခ (ရိုးရိုးနဲ့ တွက်ပေးလိုက်ပါတယ်)
စားစရိတ်များကိုတော့ ကိုယ်စားသလောက်ကုန်တတ်တာဖြစ်လို့ ချွေတာနိုင်လျှင်တော့ ဘတ် 120ခန့် ကုန်မှာဖြစ်ပါတယ်။ ထို့နောက် မိမိနေသော နေရာမှ ဝေးပြေးကားဂိတ်မော်ချစ်သို့ သွားသော ကားခ (အသွား-အပြန်)ကို နေရာပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိသောကြောင့် ထည့်မရေးတော့ပါ။
အားလုံးကို ခြုံကြည့်လိုက်လျှင် ခရီးသွားသောရက် သုံးညအိပ်နှင့် လေးရက်ခရီးဖြစ်ပါတယ်။ ဘန်ကောက်မြို့မှ နယ်စပ်သို့သွားသော အဝေးပြေးကားပေါ်မှာ အိပ်တာက (၂-ည) နှင့် လာအိုနိုင်ငံတွင် တည်းခိုသောညတို့ဖြစ်ကြပါတယ်။ လေးရက်မြောက်မနက်စောစောမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ ကျောင်းအပ်စဉ်ကတည်းက ကျောင်းမှ လာအိုနိုင်ငံသို့ သွားရန်အတွက် ဗီဇာကုန်သော ရက်နီးသောသူများကို အတူသွားလိုပါက အကြောင်းကြားပေးပါတယ်။ ထိုင်းဘာသာစကားပြောနိုင်လျှင် အခက်အခဲမရှိသောလည်း စကားမရလျှင်တော့ အခက်အခဲရှိတာကြောင့် တစ်ယောက်တည်း သွားမယ့်အစား အုပ်စုလိုက်သွားနိုင်လျှင်တော့ ယောင်လည်လည်ဖြစ်နေမှာကို မပူရတော့ဘူးနော်။ နောက်တစ်ခုကတော့ စိုးရိမ်ကြီးတဲ့သူတွေကတော့ ခရီးတွင်းမှာ ထိုင်းဘာသာ စကားပြောနိုင်သော မြန်မာလမ်းညွှန်များကို ခရီးစရိတ်အကုန်ခံသည့်အပြင် တစ်ရက်လျှင် ဘတ်(၅ဝဝ မှ ၁,ဝဝဝ)အထိ ပေးငှားသွားကြပါတယ်။ 
ကုန်ကျငွေစုစုပေါင်းမှာ တစ်ဦးလျှင် ဘတ်(၆,ဝဝဝ)ခန့်၊ ဒေါ်လာငွေ (၂ဝဝ)ခန့် ကုန်ကျမှာ ဖြစ်တာကြောင့် ယခုတွက်ပြသော ကုန်ကျစရိတ်မှာ အနည်းဆုံးကုန်ကျငွေကို တွက်ပြထားခြင်းဖြစ်ပါတယ်၊ အကယ်၍ လမ်းညွှန်ငှားခြင်း၊ အဆင့်မီဟိုတယ်များတွင် တည်းခိုခြင်းနှင့် ကားစရိတ်များသည် မိမိသုံးနိုင်လျှင် သုံးနိုင်သလောက် ကုန်ကျမည်ဖြစ်ရာ ခရီးမသွားခင် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် စကားလက်ဆောင် လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
အကယ်၍ လာအိုနိုင်ငံသို့ မသွားလိုသော ထိုင်းနိုင်ငံတွင် ဗီဇာတုံးပြောင်းလဲခအနေဖြင့် ဘတ်(7,000) ခန့် ကုန်ကျမည် ဖြစ်ပါကြောင်းကို မိတ်ဆွေတို့အနေဖြင့် မိမိကြိုက်နှစ်သက်ရာကို ကြိုတင်လေ့လာ ရွေးချယ်နိုင်စေဖို့ သတင်းစကားဝေမျှလိုက်ပါတယ်။ 
(ပိုစ့်ရေးသားရာတွင် ကူညီပေးပါသော ညီမငယ်-သန်းကြည်အေးကို အထူးပင်ကျေးဇူးတင်ပါကြောင်း။) 

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower