Friday, June 17, 2011

ဂျပန်နိုင်ငံမှာ ထိုင်းဗီဇာလျှောက်လိုပါလျှင်


ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်လိုသူများအတွက် တိုကျိုမြို့ရှိ ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ရန် မဖြစ်မနေလိုအပ်ပါသည်။

ဗီဇာလျှောက်ရာ၌ လိုအပ်မယ့်စာရွက်စာတမ်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

(၁) လျှောက်လွှာပုံစံ (ဤနေရာတွင် ဒေါင်းလုပ်ဒ် လုပ်၍ ရယူပါ။)

(၂) ဓါတ်ပုံ နှစ်ပုံ (ကာလာ ၊ 3.5 x 4.5 cm အရွယ်အစား)

(၃) Passport (သို့) ခရီးသွားလာခွင့်လက်မှတ်မှာ အနည်းဆုံး ဗီဇာသက်တမ်း (၆)လ ကျန်ရှိနေရပါမည်။

(၄) ဗီဇာလျှောက်ထားခမှာ တစ်ဦးလျှင် ယန်း (၄,၅၀၀) ကျသင့်မည်ဖြစ်ပါသည်။


(၅) ကုမ္ပဏီသို့မဟုတ် လုပ်ငန်းတစ်ခုခုတွင် ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသူများသည် မိမိအလုပ်မှ ထောက်ခံစာ ပြရန်လိုအပ်ပါသည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလိုင်စင် (သို့) 
Bank Statement ပြသရန်လိုအပ်ပါသည်။ ကျောင်းသားများအနေဖြင့် မိမိကျောင်းမှ ထောက်ခံစာ (သို့) ကျောင်းသားကဒ် ပြသရန် လိုအပ်ပါသည်။ အငြိမ်းစားပင်စင်စားများအနေဖြင့် Bank Statement (သို့) 
Pension Fund ပြသရပါမည်။ မှီခိုသူများအနေဖြင့် မိမိ ခင်ပွန်း/ဇနီး၏ Passport မိတ္တူကို ပြသပေးရပါမည်။

(၆) လျှောက်ထားသူသည် (Bank Statement) ပြရန်လိုအပ်ပါသည်။ တစ်ဦးချင်းစီအတွက် Baht (20,000) နှင့် ညီမျှသော ပျှမ်းမျှ Yen (55,000) နှင့် မိသားစုလိုက်အတွက် Baht (40,000) နှင့် ညီမျှသော ပျှမ်းမျှ Yen (110,000) အနည်းဆုံး ရှိထားရပါမည်။

(၇) အသွား၊ အပြန် လေယာဉ် လက်မှတ်များ ကို ပြသရန်လိုအပ်ပါသည်။ လက်မှတ်တွင် ပြန်လာမည့်ရက်အတိအကျ ပါရပါမည်။ အပြန်ရက်စွဲမပါသော Open Tickets များကို လက်မခံပါ။

(ဂ) ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရသည့် အကြောင်းရင်းကို ဖော်ပြရပါမည်။
  • အထက်ပါ စာရွက်စာတမ်းများအပြင် သံရုံးမှ အခြေအနေပေါ်မူတည်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ထပ်မံ တောင်းခံနိုင်ပါသည်။
  • မတင်ပြနိုင်သော စာရွက်စာတမ်းများရှိခဲ့ပါက ၄င်းစာရွက်စာတမ်းများကို ဘာ့ကြောင့် မတင်ပြနိုင်သည်ကို ပူးတွဲဖော်ပြပေးရပါမည်။
  • တင်ပြသည့် စာမျက်နှာတိုင်းတွင် လျှောက်ထားသူ၏ လက်မှတ် ပါရှိရပါမည်။
(၉) အလည်အပတ်သွားရောက်သူများအတွက် ထိုင်းဗီဇာသက်တမ်းမှာထိုင်းလေဆိပ်တွင် စ၀င်သည့်ရက်မှ ရက် (၆၀) တိတိရရှိမည်ဖြစ်ပါသည်။

ဗီဇာသွားရောက်တင်မည်ဆိုပါက 
ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့အထိ 
နံနက် (၉)နာရီမှ (၁၁:၄၅) နာရီ အထိ 
လက်ခံဆောင်ရွက်ပေးပါသည်။

တိုကျိုမြို့ ရှိ ထိုင်းသံရုံးလိပ်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 Address
FORECAST KUDAN-MINAMI, 2-1, 2-Chome,
Kudan-Minami, Chiyoda-Ku, Tokyo.

Tel & Fax
Chancery: Tel. 3222-4101 Fax. 3222-4114-5 /
Consular Section: Tel. 3222-4121 Fax. 3222-4122)

E-mail
infosect@thaiembassy.jp

လမ်းညွှန်
  1. 5 minutes on foot from Kudanshita Station (Exit 2), Subway Hanzoumon Line 
  2. From Meguro station by Subway Namboku Line and change to Subway Hanzoumon Line at Nagatacho station to Kudanshita station

မှတ်ချက်။    ။ အထက်ဖော်ပြပါ အချက်များအားလုံးသည် ဂျပန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၏ အင်တာနက်စာမျက်နှာမှ  မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုဖော်ပြပေးထားခြင်းသာ ဖြစ်ပါသည်။
လေးစားစွာဖြင့် 
bliss of us

Thursday, June 9, 2011

“သုဝဏ္ဏဘူမိမှ စောင့်ကြိုနေမယ်”

Arrival at Suvarnabhumi Airport

ဧည့်သည် စီးလာမယ့် လေယာဉ်ကို ဒီနေရာလေးမှာ သေချာအောင် ကြည့်ရပါတယ်။ လေယာဉ်ချိန်၊ လေကြောင်းလိုင်း စစ်ရပါတယ်။ ဧည့်သည်နဲ့ ပြောစဉ်က လေယာဉ်လိုင်းဖြစ်ဖြစ် လေယာဉ်ချိန်ဖြစ်ဖြစ် အနည်းငယ်လွဲနေရင် ဒီနေရာမှာ အနီးစပ်ဆုံး ဖြစ်နိုင်တာကို ရှာယူရပါတယ်၊ ဥပမာ- CI 185 နံပါတ်ကို C1185 ဖြစ်နေတတ်ပါတယ်၊ ဒါကြောင့် လေဆိပ်ရဲ့ ဒီနေရာမှာ စစ်လိုက်တာ အကောင်းဆုံးပါပဲ၊ တချို့လေယာဉ်ချိန် အပြောင်းအလဲများကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရာသီဥတုကြောင့် လေချိန်နောက်ကျတာ၊ CANCEL ဖြစ်တာ၊ လေယာဉ်စောပြီး ဆင်းတတ်တာတွေ သိနိုင်ပါတယ်။ ကြိုတင် ပြသပေးထားပါတယ်။



တံခါးဝ အမှတ်-ဘီ မှ ဧည့်ကြိုများ စောင့်ရာ နေရာဖြစ်ပါတယ်။ ဧည့်သည်များက ဒီနေရာမှာ ညာဘက်ကို ထွက်လာပြီး မိမိကို ကြိုဆိုမယ့် ဧည့်ကြိုကို ရှာရမှာဖြစ်ပါတယ်။ လူမတွေ့ဖူးရင် စာတန်းနဲ့ စောင့်ကြပါတယ်။

ဂိတ်နံပါတ်-(၅)နေရာမှ ဧည့်ကြိုများက တားမြစ်နေရာများမှ စတင်ကြိုနိုင်ပါတယ်။ ဧည့်သည်ကို လှမ်းတွေ့နိုင်ပါတယ်။ ဂိတ်နံပါတ်-(၅)အပြင်ကို ထွက်သွားရင်တော့ ကြိုတဲ့သူနဲ့ လွဲပြီပေါ့၊ ကြိုတဲ့သူက အထဲမှာ ကျန်ခဲ့ပြီး၊ ဧည့်သည်က အပြင်ထွက်သွားတဲ့အခါ တက္ကစီကားတွေပဲ တွေ့ရမှာဖြစ်ပါတယ်။ 

ဧည့်ကြိုတဲ့သူနဲ့ ဧည့်သည်နဲ့ ဒီနေရာလေးမှာ တွေ့ဆုံနိုင်ပါတယ်။ ဟိုရှေ့နားက ဂိတ်နံပါတ် -(၅)မှာ တွေ့ခဲ့ပြီးဖြစ်တဲ့ဧည့်သည်ကို ဒီနေရာမှ ကြိုဆိုနိုင်ပါပြီ၊ ပြီးတော့ ကားဖြင့် တဆင့် မိမိတို့ လိုရာခရီးကို သွားနိုင်ပြီပေါ့။
Meeting Point
ဧည့်ကြိုတဲ့သူနဲ့ ဧည့်သည်နဲ့ တွေ့ဆုံတဲ့ ဒီနေရာလေးကို Meeting Point ဆိုင်းဘုတ်နဲ့ ညွှန်ပြထားပါတယ်။ 

 

ထိုင်းနိုင်ငံကို တခါမှ မရောက်ဖူးခဲ့ရင် လေဆိပ်မှာ တစ်ခုသတိထားရမှာက မိမိတို့ချိန်းဆိုထားတဲ့ ဧည့်ကြိုနဲ့ မတွေ့တဲ့အခါ ထိုင်းနိုင်ငံမှ ဧည့်ကြိုကုမ္ပဏီများထံရောက်သွားရင် ကားခဈေးကြီးကြီးမိတတ်ပါတယ်၊ တက္ကစီကားတွေကလည်း မီတာနဲ့မသွားပဲ ဧည့်သည်ကို ယာဉ်ကြောကြပ်လို့ ဈေးပိုတောင်းတာတွေကို တွေ့ကြုံရတတ်ပါတယ်။ ဒါကြောင့် မိမိတို့ မိတ်ဆွေဖြစ်ဖြစ် မြန်မာဝန်ဆောင်မှုအဖွဲ့တွေကိုပဲ ဖြစ်ဖြစ် ရအောင်ရှာစေချင်ပါတယ်။ ဧည့်သည်အနေနဲ့ GSM Hand Set ပါလာရင် ဖုန်းကဒ်ရောင်းတဲ့ ကောင်တာတွေရှိပါတယ်၊ အင်္ဂလိပ်လို ပြောဆိုဝယ်ယူနိုင်ပါတယ်။ DTAC  သို့မဟုတ် TRUE Sim card ကို ဝယ်ယူပြီး ဖုန်းဆက်ခေါ်ဆို ရှာဖွေနိုင်ပါတယ်။ 

နိုင်ငံတကာမှ လာရောက်မည့် မြန်မာမိတ်ဆွေများ 
လမ်းခရီးသာယာဖြောင့်ဖြူးပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

လေးစားစွာဖြင့်
bliss of us

Wednesday, June 1, 2011

“ခင်မင်ရသော မိတ်ဆွေတို့အား သတင်းကောင်းတစ်ခု လက်ဆင့်ကမ်းလိုပါသည်”

ကမ်ဘောဒီးယားနိုင်ငံ၊ ကမ္ဘာကျော် အန်ကော်ဝပ်မြို့ရှိရာ ဆီးမရစ်မြို့ ဝပ်ဘိုလမ်း (Wat Bo Street, Siem Reap, Cambodia)တွင် ထမင်းဆိုင်နေရာတစ်ခု ပြန်လည် ရောင်းချလိုပါသဖြင့် စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါပြီ။ 

ဆိုင်အဆင်သင့်ဖွင့် ရောင်းနိုင်ရန်.အိုးခွက် ပန်းကန်. စားပွဲ ကုလားထိုင်၊ ရေခဲသေတ္တာ(၃) လုံး၊ စားသောက်ဆိုင်နှင့် ပတ်သက်သော ပစ္စည်းတွေ အပြင်.. Wifi internet တပ်ထားပြီး computer one set (ဆိုင်တွင် ဧည့်သည်များအတွက် free internet service ပေးထားသောကြောင့် ဖြစ်ပါတယ်)။ ဆိုင်နေရာကျယ်ဝန်းတဲ့အတွက် Group Tour များကိုလည်း လက်ခံနိုင်ပါတယ်။
ဆိုင်ရှေ့မှာ bus ticket, boat ticket, air ticket တွေ ရောင်းနိုင်ရန် ticket boot တစ်ခုလဲ ပါရှိပါတယ်။
ဟိုတယ်များအနီးတွင်ရှိသော ထမင်းဆိုင်နေရာလေးသည် ကျယ်ဝန်းသပ်ရပ်ပြီး သင့်တော်သော ဈေးနှုန်းဖြစ်သောကြောင့် မိတ်ဆွေများအနေဖြင့် စီးပွါးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ 

ဆိုင်ဈေးနှုန်းမှာ စရံငွေ၊ လုပ်ငန်းနာမည်အပါအဝင် ဒေါ်လာ(၈၀၀၀)ဖြစ်ပြီး၊ ဆိုင်ငှားခ တစ်လလျှင် ဒေါ်လာ(၄၀၀)ဖြစ်ပါသည်။

အခြားသိလိုသော အချက်အလက်များကို စုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါသည်။


လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower