Showing posts with label Air Asia Ticket. Show all posts
Showing posts with label Air Asia Ticket. Show all posts

Tuesday, October 2, 2012

ထိုင်းလေကြောင်းလိုင်းများနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ ခေါင်းစပြူလာသော တိုးတက်မှုတွေကြောင့် 
ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများသည်လည်း တိုးတက်ပြောင်းလဲပြေးဆွဲလာကြပါပြီ။ 


 (၄ - အောက်တိုဘာလ - ၂၀၁၂) ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ 
အထက်မြန်မာနိုင်ငံမြို့တော် မန္တလေးသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲကြတော့မည်


မြန်မာနိုင်ငံသို့ သွားကြမည့် ကမ္ဘာလှည့်ခရီးသွားများအတွက် အဆင်ပြေရုံမျှမက
ဘန်ကောက်မြို့မှ အထက်မြန်မာပြည်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အချိန်ကုန်သက်သာပြီး ခရီးစဉ်ချောမွေ့အဆင်ပြေနိုင်ကြတော့မည်။

 

ထို့အပြင် Air Asia လေကြောင်းလိုင်းများသည်လည်း တစ်နေ့တာ ပုံမှန်ပြေးဆွဲချိန် နှစ်ချိန်မှ သုံးချိန်သို့ပြောင်းလဲထားပြီးဖြစ်သဖြင့် မိမိတို့နှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်ပြီ။


Bangkok Airway နဲ့ THAI Airway တို့သည်လည်း လေယာဉ်ချိန်များတိုးချဲ့ပျံသန်းလျှက်ရှိနေကြပါပြီ။



Air Asia လေကြောင်းလိုင်းတစ်ခုတည်းသာ 
ဒူမောင်းလေဆိပ် (ယခင်ဘန်ကောက်မြို့၏ လေဆိပ်အဟောင်း) သို့
 ပြောင်းရွှေ့သွားခြင်းဖြစ်ပါတယ်။  


နောင်လာမယ့်အနာဂတ်ကာလများမှာ မြန်မာနိုင်ငံရဲ့ ကောင်းသော ပြောင်းလဲခြင်းများနဲ့အတူ ခရီးလမ်းပန်းဆက်သွယ်ရေးများလည်း ချောမွေ့အဆင်ပြေလာတော့မည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ခြင်းများအပြင်
 မြန်မာနိုင်ငံသားများ သွားလာရေး လွယ်ကူကြတော့မည်ဖြစ်သဖြင့်
 မြန်မာနိုင်ငံ၏ ပြောင်းလဲလာသောတိုးတက်မှုများ  ရေရှည်တည်တံ့နိုင်စေဖို့ ဆုတောင်းလျှက် ...။

လေးစားစွာဖြင့်
bliss of us

Monday, April 4, 2011

ဂျပန်နိုင်ငံမှ မလေးရှားနဲ့ ထိုင်းနိုင်ငံသို့ Air Asia နဲ့ သွားမလား

ဈေးချိုတဲ့  Air Asia နဲ့ လွယ်ကူစွာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ဘာကြောင့် သွားကြတာလဲ။ 

အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်ဝယ်ယူမှာဖြစ်တာကြောင့် အချိန်ကုန်သက်သာခြင်းအပြင် 
လေယာဉ်လက်မှတ်ဝယ်ဖို့နေရာလည်း ရှာရန်မလိုတော့တဲ့အတွက်ကြောင့်လား။ 

ဂျပန်နိုင်ငံမှ ငွေ (ယန်း)သည် ထိုင်းနိုင်ငံတွင် ဈေးကောင်းရခြင်း၊

ဂျပန်နိုင်ငံမှAir Asia ကို ဘတ်ငွေဖြင့် ပေးချေရသောအကြောင်းများက 

ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် ပိုအဆင်ပြေစေတာကြောင့်လား။

 ဒါဆိုရင် .... ဂျပန်နိုင်ငံမှ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို Air Asia နဲ့ သွားတော့မှာလား ..။
 
အကယ်၍ မိတ်ဆွေက ဂျပန်နိုင်ငံမှ Air Asia နဲ့ သွားချင်တယ်ဆိုရင် 

 လေယာဉ်လက်မှတ်ကို ဘယ်လို ဝယ်ယူရရှိနိုင်မလဲ။


လေယာဉ်လက်မှတ် ဝယ်ယူပုံအဆင့်ဆင့်။

၁) လက်မှတ် ဝယ်ယူမည့်သူသည် နိုင်ငံကူးလက်မှတ် ကိုယ်ရေးရာဇဝင် စာမျက်နှာအား Scan ဖတ်ပြီး၊ အီးမေးဖြင့် ပေးပို့နိုင်ပါသည်။

၂) သွားရောက်မည့် နေ့ရက်၊ အချိန်၊ လေယာဉ်ပေါ်တွင် အစားအသောက်မှာယူခြင်း၊ ခရီးဆောင်အိတ် ကီလို အလေးချိန်များကို တိကျစွာ အီးမေးတွင် ဖော်ပြပေးရပါမည် (အပြောင်းအလဲပြုလုပ်၍ (လုံးဝ)မရပါ။ )

၃) BOU: blissofus@gmail.com ဖြင့် လေယာဉ်လက်မှတ်ဈေးနှုန်းကို ဝယ်ယူမည့်သူများထံ ပြန်လည်အကြောင်းကြားပြီး၊ (48)နာရီအတွင်း လေယာဉ်လက်မှတ်ဖိုး ပေးချေရပါမည်။ သို့မဟုတ်ပါက လေယာဉ်လက်မှတ် ဝယ်ပေးမည်မဟုတ်ပါ။ လေယာဉ်လက်မှတ်တန်ဖိုးငွေကို ပေးချေရာတွင် ဘဏ်စနစ်ဖြင့်၎င်း၊ ဂျပန်နိုင်ငံတွင်၎င်း ပေးချေနိုင်ပါသည်။

၎) ငွေလက်ခံရရှိပြီး (24)နာရီအတွင်း လေယာဉ်လက်မှတ်အား ဝယ်ယူသူထံသို့ အီးမေးဖြင့် ပေးပို့ပါမည်။ အကြောင်းတစ်စုံတစ်ရာ နောက်ကျမှုရှိခဲ့သော ဖုန်းဖြင့် ကြိုတင်အကြောင်းကြားပေးပါမည်။


ဘယ်အချိန်တွေမှာ လေယာဉ်ခတွေ သက်သာနိုင်သလဲ။
လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်နိုင်ရင်တော့ ဈေးသက်သာတတ်ပြီး၊ သွားရမည့် ရက်နီးကပ်ပါက ဈေးအနည်းငယ် တက်နေတတ်ပါတယ်။ Promotion များရှိတဲ့အခါလည်း ဈေးနှုန်းတွေ လျော့ပေးတာကြောင့် ခရီးသွားရတာ ပိုမို အဆင်ပြေစေပါတယ်။

မှတ်ချက် ။ ။ ငွေဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ငွေအတက်အကျတော့ ဖြစ်တတ်ပါသည်။


လေးစားစွာဖြင့်
Bliss of Us ထိုင်းနိုင်ငံအဖွဲ့သားများ။

Wednesday, March 23, 2011

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားသည် Air Asiaလေယာဉ်ဖြင့် မြန်မာပြည်ပြန်ခွင့်ရှိသည်။

blissofus ဟလို... အစ်မ ခရစ္စတလ်

သမီး မြန်မာနိုင်ငံကို ချောချောမောမောပြန်ရောက်ပါပြီ၊ မြန်မာပြည်ဘက်ခြမ်း လေဆိပ်မှာလည်း အဆင်ပြေပါတယ် အစ်မရှင့်။

ထိုင်းလေဆိပ်မှာလည်း လိုလေသေးမရှိအောင် မှာကြားကူညီဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ။
နောက်နှစ်တွေမှာ သမီးရဲ့သူဋ္ဌေးတွေက ပိတ်ရက်ခွင့်ပေးတိုင်း အဲယားအေးရှ လေယာဉ်နဲ့ပဲ ဗမာပြည်ပြန်တော့မယ် စိတ်ကူးရသွားပါပြီ။

အောက်လမ်း(နယ်စပ်)က ပြန်ရင် ထိုင်းရဲတွေလည်း ပေးကမ်းရနဲ့ လမ်းခရီး ခက်ခဲပင်ပန်းတာ စိတ်ဆင်းရဲရတာအပြင် မိန်းကလေးမို့ သွားလာရတာ မလုံခြုံပါဘူး၊
အခုလို လေယာဉ်နဲ့ ကိုယ့်နိုင်ငံပြန်လို့ရသွားတော့ အချိန်ကုန်လည်း သက်သာ အန္တရာယ်လည်း ကင်းပါတယ်။
သမီးတို့ လေယာဉ်ကြီးလည်း စီးဖူးသွားပါပြီ။

ကျေးဇူးတင်တယ်နော် အစ်မ။

သတိရလျှက်
ရိုဒါဇွန်

                           ***********************************************************

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားသည် Air Asia ဖြင့် မြန်မာပြည်ပြန်ခွင့်ရှိသည်။

မြန်မာနိုင်ငံအရပ်ရပ်မှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်လျှက်ရှိကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများအနေဖြင့် (ရွေ့ပြောင်းအလုပ်သမားလက်မှတ်)ဘတ်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြပြီး၊ ပတ်စ်ပိုစ့် စာအုပ်ငယ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားတိုင်းသည် Air Asiaလေကြောင်းလိုင်းဖြင့် ဈေးချိုစွာ တရားဝင် မြန်မာပြည် ပြန်ခွင့်ရှိပါသည်။

  • မြန်မာနိုင်ငံပြန်မည်ဆိုလျှင် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဒေသရှိ Immigration Office  (သောမောရုံး) တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (Re-Enty Permit)ကို ဘတ်ငွေ (၁၀၀၀)ပေးဆောင်ကာ ပါမစ်ယူထားရန်လိုအပ်ပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် မရှင်းလင်းတာများရှိခဲ့ပါလျှင် blissofus@gmail.com အီးမေးသို့ ပေးပို့မေးမြန်းခြင်းအပြင်၊ လိုအပ်ခဲ့ပါလျှင် ဖုန်းဖြင့် (08 5113 7722) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

“မြန်မာနိုင်ငံသားအပေါင်း စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခတို့ဖြင့်
ပြည့်ဝနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
လေးစားစွာဖြင့်
bliss of us

Friday, September 24, 2010

လေယာဉ်လက်မှတ် ဈေးချိုစွာဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်ပြီ။


ဘာကြောင့် ဈေးချိုစွာဖြင့် လွယ်ကူစွာ ဝယ်ယူသ့င်တာလဲ။ မည်သည့် လေကြောင်းလိုင်းလဲ။


အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်ဝယ်ယူမှာဖြစ်တာကြောင့် အချိန်ကုန်သက်သာခြင်းအပြင် လေယာဉ်လက်မှတ်ဝယ်ဖို့နေရာလည်း ရှာရန်မလိုတော့တဲ့အတွက် ဝယ်ယူသင့်တာဖြစ်ပါတယ်။

Air Asia လေကြောင်းလိုင်းဖြစ်ပါတယ်။ Air Asia Air line မှာ အသင်းဝင်ထားတာကြောင့် လွယ်ကူစွာ ဝယ်ယူနိုင်ခြင်းဖြစ်ပါတယ်။




လေယာဉ်လက်မှတ်ကို ဘယ်လို ဝယ်ယူရရှိနိုင်မလဲ။


လေယာဉ်လက်မှတ် ဝယ်ယူပုံအဆင့်ဆင့်။


၁) လက်မှတ် ဝယ်ယူမည့်သူသည် နိုင်ငံကူးလက်မှတ် ကိုယ်ရေးရာဇဝင် စာမျက်နှာအား Scan ဖတ်ပြီး၊ အီးမေးဖြင့် ပေးပို့ရပါမည်။

၂) သွားရောက်မည့် နေ့ရက်၊ အချိန်၊ လေယာဉ်ပေါ်တွင် အစားအသောက်မှာယူခြင်း၊ ခရီးဆောင်အိတ် ကီလို အလေးချိန်များကို တိကျစွာ အီးမေးတွင် ဖော်ပြပေးရမည် (အပြောင်းအလဲပြုလုပ်၍ (လုံးဝ)မရပါ။ )

၃) BOU: blissofus@gmail.com ဖြင့် လေယာဉ်လက်မှတ်ဈေးနှုန်းကို ဝယ်ယူမည့်သူများထံ ပြန်လည်အကြောင်းကြားပြီး၊ (48)နာရီအတွင်း လေယာဉ်လက်မှတ်ဖိုး ပေးချေရပါမည်။ သို့မဟုတ်ပါက လေယာဉ်လက်မှတ် ဝယ်ပေးမည်မဟုတ်ပါ။ လေယာဉ်လက်မှတ်တန်ဖိုးငွေကို ပေးချေရာတွင် ဘဏ်စနစ်ကိုသော်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ပေးချေနိုင်ပါသည်။

၎) ငွေလက်ခံရရှိပြီး (24)နာရီအတွင်း လေယာဉ်လက်မှတ်အား ဝယ်ယူသူထံသို့ အီးမေးဖြင့် ပေးပို့ပါမည်။ အကြောင်းတစ်စုံတစ်ရာ နောက်ကျမှုရှိခဲ့သော ဖုန်းဖြင့် ကြိုတင်အကြောင်းကြားပေးပါမည်။




ဘယ်အချိန်တွေမှာ လေယာဉ်ခတွေ သက်သာနိုင်သလဲ။
လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်နိုင်ရင်တော့ ဈေးသက်သာတတ်ပြီး၊ သွားရမည့် ရက်နီးကပ်ပါက ဈေးအနည်းငယ် တက်နေတတ်ပါတယ်။ Promotion များရှိတဲ့အခါလည်း ဈေးနှုန်းတွေ လျော့ပေးတာကြောင့် ခရီးသွားရတာ ပိုမို အဆင်ပြေစေပါတယ်။


“ဝန်ဆောင်ခ”

လေယာဉ်လက်မှတ် ဝယ်ယူခြင်း ဝန်ဆောင်ခမှာ ထိုင်းဘတ်ငွေ (300) ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း မဟုတ်ပါက ထိုင်းဘတ်ငွေ (300)ဖြင့် ညီမျှသော ငွေဖြစ်ရပါမည်။
မှတ်ချက် ။ ။ ငွေဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ငွေအတက်အကျတော့ ဖြစ်တတ်ပါသည်။

လေးစားစွာဖြင့်
Bliss of Us ထိုင်းနိုင်ငံအဖွဲ့သားများ။

Thursday, September 16, 2010

Air Asia Ticket with 20% Discount ဖြင့် ထိုင်းနိုင်ငံကို လည်လည်သွားနိုင်မည့် အခွင့်အရေး။

လေကြောင်းလိုင်းတွေက ဈေးလျော့ပေးနေချိန်နှင့် ထိုင်းနိုင်ငံရဲ့ အဓိက စီးပွါးရေးတစ်ခုဖြစ်တဲ့ ခရီးသွား လုပ်ငန်းများ ပြန်လည်ဦးမော့လာစေဖို့အတွက် ထိုင်းနိုင်ငံအစိုးရနှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ မကြာခင်မှာပဲ (2010) ခုနှစ်ကုန်ဆုံးတော့မှာဖြစ်လို့ ဒီဇင်ဘာ နှစ်သစ်ကူးရုံးပိတ်ရက်များမှာ ထိုင်းနိုင်ငံကို အလည်လာရောက်ရန် အကောင်းဆုံးအချိန်နဲ့ အခြေအနေများက ဖန်တီးပေးလို့နေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်ဝင်စားမယ်ဆိုရင် ကြိုတင်ဆက်သွယ်ပေးပါရန်အတွက် သတင်းစကားလက်ဆင့်ပါးလိုက်ရပါတယ်။

ထိုင်းလှပျိုဖြူများက တိုင်းရင်းသားရိုးရာဝတ်စုံဖြင့် ကပြဖျော်ဖြေ။

မြဘုရား ပရဝဏ်အတွင်းမှာ နံရံဆေးရေး အနုပညာတစ်ခု

Thailand Itinerary

3Night 4Days Visit to Bkk BOU




“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower