Wednesday, November 30, 2011

အယုဒ္ဓယမြို့တော်ဟောင်းမှ လျောင်းတော်မူ “လောကာယသုတ္တဘုရား”

ရေကျပြီးနောက် ချမ်းမြေ့စွာဖြင့် မြတ်စွာဘုရားရုပ်ပွါးတော်ကို အခုလို ဖူးတွေ့နိုင်ပါပြီ။
Wat Lokaya Sutha is located directly west of the Royal Palace. It is part of a park
that includes three restored ruins including
Wat Worachet and the original Wat Worapo.
It is easiest to access this site via the western side of Khlong Tho. There is a small side
alley leading to it as well as a newly constructed road. Wat Lokaya Sutha can also be
accessed from a third road in its southwestern corner, which also serves as a route to
Chedi Suriyothai.


  ရေမကြီးခင်က လျောင်းတော်မူဘုရားကြီးဖူးတွေ့ရစဉ် 
(google မှ ကူးယူပါသည်။)

Wat Lokaya Sutha is a massive temple ruin. It is aligned toward an east/west axis. There
are two small chedi outside of its compound, and a portion of the spire of a third chedi is
still in situ. These are all in a late-Ayutthaya period style. The monastery itself has been
heavily restored, including floor tiles and brick floors throughout. Most of the temple
exists only at the basic foundation level. This includes some stubs of pillars and basic
walls. At the eastern entrance are the remnants of three viharns. Behind these sermon
halls is a large 30 meters high, late-Ayutthaya period, Khmer-style prang (Kasetsiri &
Wright 92). This prang-tower has a hollow entrance on its eastern side. The remains of
an ubsot can be seen behind the prang. Only the basic foundation layer has survived, but
there are many sema stones and the detritus of Buddha images. A large bell tower stands
on the southwestern corner of this ubosot.


The highlight of this temple is its enormous Reclining Buddha image (37 meters long and
8 meter high), which is located behind the ubosot. It was once encased by a viharn, but
that has also collapsed to the basic foundation level. The Reclining Buddha is 42 meters
in length and 8 meters high, and its name is "Phra Buddha Sai Yat". The reclining Buddha
image is aligned to a north/south axis, and it is facing west. All the Buddha’s toes are of
equal lengths. The arm supporting the head is vertical, instead of being folded as in the
early Ayutthaya and U-Thong periods. This vertical arm is a characteristic of reclining
images made in the middle Ayutthaya period - after the 16th century (Amatyakul 47).
The reclining Buddha image is usually wrapped in brightly colored orange cloth.  A small
altar exists beside it where visitors can make offerings. Many people have covered
portions of the image in gold leaf.
 

There is an interesting Lanna-style chedi northwest of the reclining Buddha image. This
non-restored chedi is often buried in heavy vegetation, so it may be difficult to see.
Nevertheless, it is one of the most amazing sights at this temple ruin. This chedi has an
octagonal base, and it takes an almost prang-like shape. However, the stucco is very
well preserved. There are a large number of arched niches built around the relic
chamber. Many of these niches still have standing Buddha images formed from stucco
(including their heads). There are also several meditating Buddha images near the spire.
These are also fairly well preserved. This type of architectural is sometimes associated
with the Haripunchai Kingdom in Lamphun - implying that this monastery may have
provided services to be people from the north.
 

There was once a canal leading from Chao Phraya River to the Royal Palace, which
passed by Wat Lokaya Sutha. Although the canals ancient name is unclear, on some
modern maps it is referred to as Khlong Fang. This canal formed a moat around Wat
Lokaya Sutha, and its connection to the Royal Palace implies that this monastery once
had great importance. However, despite its massive size and prime location, there isn’t
much known about the history of Wat Lokaya Sutha.

The reclining Buddha image was restored in 1954 by the Alcoholic Beverages Factory
(once located in the same neighborhood). It was restored again in 1956 during the time
of Field Marshall Phibunsongkhram (Kasetsiri & Wright 94-95). This prime minister also
did major renovations in the Ayutthaya Historic Park at the same time. In 1989, the
family of former Prime Minister Luang Thamrongwasawat (1946-1947) contributed to
renovations at this monastery. The Fine Arts department has continued to maintain it
since then.


(Ref; http://www.ayutthaya-history.com)  

 သတင်းစာမျက်နှာများထက်မှာ ဒီပုံလေးကအထင်အရှားဖြစ်ခဲ့ပါသေးတယ်။


 ရေများ ဝန်းရံခနေစဉ် ဖူးမြင်ရပုံဖြစ်ပါတယ်။

(ရေကြီးနေစဉ်တုန်းက ပုံများ ဂူဂလ်မှာ ကူးယူဖေါ်ပြပါသည်)

လျောင်းတော်မူဘုရားကြီး၏ အကြောင်းကိုပါ သိရှိနိုင်အောင် ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ 


လေးစားစွာဖြင့်
bliss of us  

Saturday, November 26, 2011

အယုဒ္ဓယကို သွားမယ်ဆို...........

Tour Season ကို ကျရောက်လာခဲ့ချိန်၊ ထိုင်းနိုင်ငံ၏ သမိုင်းဝင်နေရာ မြို့တော်ဟောင်းလည်းဖြစ်တဲ့ အယုဒ္ဓယမြို့တော်သည် ရေဘေးအန္တရာယ်မှ ရာခိုင်နှုန်းပြည့် မကင်းလွတ်သေးသော်လည်း ဘုရားပုထိုးစေတီတော်များတွင် နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် အန္တရာယ်ကင်းစွာသွားလာနိုင်ရေး ထိုင်းအစိုးရမှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ရေဘေးအန္တရာယ်ကင်းသွားပြီးနောက်ပိုင်း (၂၆-နိုဝင်ဘာလ-၂၀၁၁) နေ့ရဲ့ အယုဒ္ဓယမြို့တွင်း မြင်ကွင်းများကို တင်ဆက်လိုက်ပါတယ်။

 Wat Lokayasutha (Wat Phra Non)

 အယုဒ္ဓယမြို့တော်၏ မြို့ဦးစေတီတော်

 Wat Phanan Choeng Worawihan 

ရေမကြီးခင်ကဆို  ဝပ်မဟာထပ်ရှေ့မှာ ခရီးသွားဧည့်သည်များနဲ့ ယောက်ယက်ခတ်နေခဲ့ဖူးပါတယ်။ 
ခုများတော့ ဧည့်သည်တွေ ရှင်းနေပါတယ်။

 ဝပ်မဟာထပ်ဘုရားဝင်းအတွင်း မြင်ကွင်းများ

အုတ်တွေမှာ ရွံ့တွေ ပေကျံနေတဲ့အထိ ရေဝင်သွားခဲ့ပါတယ်

 ဥရောပတိုက်သား တိုးအဖွဲ့

အဲဒီနေ့က ခရီးသွားဧည့်သည်များ စတင် ဝင်ရောက်လာတာ ဥရောပသားတွေနဲ့ မြန်မာအဖွဲ့နှစ်ဖွဲ့ပဲရှိပါသေးတယ်လို့ 
အယုဒ္ဓယမြို့ခံ ဈေးသည်များက အားငယ်စွာ ပြောပြကြပါတယ်။

 ဝပ်ယိုင်စေတီတော်ကြီး အနောက်ဘက်မှာ နရဲ့စွမ်ဘုရင်ရုပ်ထုရှိရာ ဝင်းအတွင်းမှ 
ဘုရင်ကို ဆက်သထားသော ကြက်ရုပ်ထုမျိုးစုံ

အယုဒ္ဓယမြို့မှာ ဧည့်သည်များ အဓိက သွားလာနေကြဖြစ်တဲ့နေရာတွေကို လုပ်အားပေး စေတနာ့ဝန်ထမ်းများအပြင် သန့်ရှင်းရေးဆောင်ရွက်ရာမှာ ဆင်များကိုလည်း အသုံးပြုနေတာတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ယခုချိန်မှ စ၍ ဘန်ကောက်မြို့တော်မှ အယုဒ္ဓယမြို့သို့ သွားရာ လမ်းခရီး အဆင်ပြေစွာ သွားလာနိုင်ပြီး စားသောက်ဆိုင်များလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံသို့ အလည်လာရောက်လိုသော မြန်မာနိုင်ငံသားများသိလိုတဲ့ ရေဘးအန္တရာယ်ကင်းစွာနဲ့ သွားလာနိုင်ပါသလားဆိုတဲ့ မေးခွန်း ပြန်လည်ဖြေကြားရင်း သတင်းစကားလက်ဆင့်ပါးလိုက်ပါတယ်နော်။

အယုဒ္ဓယမြို့တော်သို့ သွားရာ လမ်းခရီး မြင်ကွင်းများကို ဒီလင့်လေးမှာ နှိပ်လို့ ကြည့်နိုင်ပါတယ်
“လွမ်းမောဖွယ်၊ အို ...အယုဒ္ဓယ”

လေးစားစွာဖြင့်
bliss of us

Tuesday, November 22, 2011

(၂၂-နိုဝင်ဘာလ-၂၀၁၁) ယနေ့မြဘုရားဝင်းအတွင်းမြင်ကွင်း

ရွှေနန်းတော် မုဉ်ဝဖြစ်ပါတယ်...

 နိုဝင်ဘာလ (၂၂)ရက်နေ့ မြဘုရားပရဝဏ်အဝင် မြင်ကွင်း

 နိုဝင်ဘာလ (၂၂)ရက်နေ့ မြဘုရားပရဝဏ်အထွက် မြင်ကွင်း

ဘုရားပရဝဏ်ကို အပြင်ဘက်မှ ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါတယ်

ယခုအခါတွင် ရေဘေးအန္တရာယ် လျော့ပါးသွားပြီဖြစ်ပြီး မကြာခင်တွင် ကျောင်းများ
ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားပြီး ဖြစ်ပါတယ်။ ခရီးသွားရာသီချိန်ခါလည်းဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း လုပ်ငန်းလည်ပတ်နိုင်ကြတော့မည်။ ဘန်ကောက်မြို့တော်သို့ ရေဝင်ရောက်ခဲ့သော်လည်း ခရီးသွားဧည့်သည်အများစု လည်ပတ်သော နေရာများသို့ ယခုချိန်ထိ ရေဝင်ရောက်ခြင်းမရှိခဲ့ပါ။

ထို့ကြောင့် သုဝဏ္ဏဘူမိလေဆိပ်မှ ကမ်းခြေများသို့ လေယာဉ်ဖြင့် တိုက်ရိုက်သွားရောက် အပန်းဖြေနိုင်ပြီး မြဘုရားနှင့် ဘန်ကောက်မြို့တွင်း ဘုရားများသို့ ဘုရားဖူးနိုင်ခြင်း၊ ဈေးဝယ်ဝါသနာပါသူများလည်း စိတ်အေးချမ်းစွာ ဈေးဝယ်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဧည့်သည်တွေ ဖတ်ဖို့ သတင်းလင့်လေးပါ

Re-entry အပါအဝင် ထိုင်းနိုင်ငံ immigration နှင့် ပတ်သက်သောကိစ္စများ
ဘန်ကောက်မြို့တော် ရေဘေးအန္တရာယ်ကျရောက်စဉ်အတွင်း နိုင်ငံခြားသားအားလုံးအတွက်Re-entry ပြုလုပ်လိုပါက လည်းကောင်း၊ ရက်(၉၀)အကြောင်းကြားခြင်းဆိုင်ရာကိစ္စများကိုလည်းကောင်း ဘန်ကောက်မြို့Sathon ခရိုင်တွင် ယခင် immigration ရုံးအဟောင်းတွင် ဘန်ကောက်၊ နောင်ထပ်ဘူရီ၊ အယုဒ္ဓယ၊ ပထုံဋ္ဌာနီမြို့များအတွက် ယာယီဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထို့အပြင် သုဝဏ္ဏဘူမိလေဆိပ်တွင် immigration ကောင်တာ ညာဘက်အစွန်တွင်လည်း re-entry ပြုလုပ်ပေးလျှက်ရှိပါသည်။ 

ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် တစ်နှစ်ဗီဇာများကိုလည်း ယခုအခါတွင် ပြန်လည်ပြုလုပ်ပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေနော်။

ရေကြီးနေစဉ်အတွင်း ဘန်ကောက်မြို့သို့ အလည်လာရန်အတွက် ဖုန်းဖြင့် မေးထားသော ဧည့်သည်များအတွက် ဖြေကြားပေးလိုက်ပါတယ်။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”။

လေးစားစွာဖြင့်
bliss of us

Friday, November 18, 2011

မြို့တော် ဖနွမ်းပင်၏ စိတ်ဝင်းစားဖွယ်လေ့လာရန်နေရာများ

The TUOL SLENG GENOCIDE MUSEUM
မြန်မာနိုင်ငံမှ အထက်တန်းကျောင်းပုံစံမျိုးနဲ့တူတဲ့ Phonm penh အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။
Tour Sleng ဆိုတာကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကွန်မြူနစ်တွေ ကြီးစိုးတဲ့ကာလ ၁၉၇၅ - ၁၉၇၉ အထိ Secret Prison 21 (S-21) ဆိုပြီး နာမည်ကြီးခဲ့တဲ့ ထောင်တစ်လုံးပါ။ 
အရင်ကတော့ အထက်တန်းကျောင်းပါ အဲဒါကို Khmer Rouge (ခမာကွန်မြူနစ်) တွေက 
Toul Sleng ဆိုပြီး ထောင်အဖြစ်ပြောင်းလဲခဲ့တယ်။
Toul Sleng ဆိုတဲ့ အဓိပယ်က “အဆိပ်ပင်များနှင့်တောင်ကုန်း” ပါ။
ခမာနီတွေရဲ့ခေါင်းဆောင်ကတော့ ပိုပေါ့(Pol Pot)ပါ။

ထောင်အဝင်နေရာဖြစ်ပါတယ်။ 
ယခုအခါမှာ ပြတိုက်ပြုလုပ်ထားပြီ ဖြစ်တဲ့အတွက်
နိုင်ငံခြားခရီးသွားအများအပြား လေ့လာရာ နေရာတစ်ခုဖြစ်နေပါပြီ။

 ထောင်သားတွေနေရန် အခန်း

အပေါ်ကအခန်းလေးထဲမှာ ဒီလိုနေရတယ်

ခမာနီ တွေဟာ ပြည်တွင်းစစ်အနိုင်ရပြီး လေးလအကြာ ၁၉၇၅ သြဂုတ်လမှာ စစ်ကြောရေးဌာနနဲ့ထောင်အဖြစ် ကိုပြောင်းလဲခဲ့တယ်။ စာသင်ခန်းတွေဟာ အကျဉ်းခန်းနဲ့ နှိပ်စက်ခန်းတွေ
ဖြစ်လာခဲ့တယ်။ အောက်ဆုံးထပ်က စာသင်ခန်းတွေကို အင်မတန်သေးငယ်ပြီး လူတစ်ယောက် ကွေးပြီးအိပ်ရရုံ အခန်းငယ်လေးတွေ ဖြစ်အောင်ပြုပြင်ပြီး ပြုတင်းပေါက်တွေကို အဆူးတွေပါတဲ့ သံချောင်းတွေ၊ သံစူးကြိုးတွေနဲ့ ကာထားခဲ့ပါတယ်။ ထွက်ပြေးလို့မရအောင် ပေါ့ဗျာ။

၁၉၇၅-၁၉၇၉ခုနှစ်အတွင်း လူပေါင်းနှစ်သောင်းနီးပါးလောက် ထောင်ကျပြီး၊ တခါဖမ်းရင် လူ ၁၀၀၀ ကနေ ၁၅၀၀ အထိ ဖမ်းပါတယ်။ ပြီးတာနဲ့ အဖမ်းခံရသူတွေဟာ သူတိုရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုပြောပြရတယ်။ ပြီးတာနဲ့ ဖမ်းမယ်၊ စစ်မယ်၊ သူတို့ကို လိမ်တာနဲ့ သတ်ပစ်မယ်။ အစောပိုင်းကာလတွေမှာ အသတ်ခံခဲ့ရတဲ့ လူတွေကတော့ ပိုပေါ့ ရဲ့ ဆန့်ကျင်ဘက်ပါတီက မိသားစုတွေပါပဲ ပြီးတော့ အတတ်ပညာရှင်တွေအားလုံးနီးပါး အသတ်ခံခဲ့ရတယ်။
အဖမ်းခံခဲ့ ရသူတွေရဲ့ ဓာတ်ပုံများ
ထောင်သားတွေ အတွက်ကတော့ တကယ်ကို အရှင်လတ်လတ် ငရဲရောက် ခဲ့ရတာပါပဲ။ အပေါ်ကအခန်းလေး ထဲမှာ စောင်မပါ၊ ခြင်ထောင်မပါ၊ အိပ်ရာခင်း မပါဘဲ အိပ်ကြရတယ်။ တနေ့ကို ဆန်ပြုတ် လေးဇွန်းနဲ့ ရေသာသာ ဟင်းချိုတစ်ခွက် ပါမယ်။ ခွင့်ပြုချက်မရဘဲရေမသောက်ရဘူး သောက်ရင် သေလုနီးပါး အရိုက်ခံရမယ်။ မနက်တိုင်း အစစ်ခံရမယ်။ အစောင့်တွေဟာ အခန်းတွေကိုသေချာစစ်ဆေးကျတယ်။ အကျဉ်းသားတွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေနှုန်းကမြင့်မားလာတဲ့အတွက် သတ်သေလို့မရအောင် တင်းကျပ်လာကြတယ်။ စကားပြော ခွင့်မရှိဘူး။ ဘာပဲလုပ်လုပ် အစောင့်ရဲ့ ခွင့်ပြုချက် ယူရမယ်။ အာဟာရပြတ်မှု၊ သန့်ရှင်းရေးမရှိမှု ၊အနှိပ်စက်ခံရမှု တို့ကြောင့် လူတွေဟာ အလွယ်တကူ သေဆုံးကုန်ကျတယ်။

လူပေါင်း နှစ်သောင်းနီးပါး အဖမ်းခံခဲ့ရပြီး နောက်ဆုံးမှာ (၇)ယာက်ပဲ အသက်ရှင် ကျန်ရစ်ပါတယ်။

စစ်ကြောနည်း၊ အပြစ်ပေးနည်း ကတော့ အစုံပါပဲ။ အောက်က ဓာတ်ပုံတွေသာ ကြည့်ကြပါဗျာ။

ရေနှစ်သတ်ခြင်း


လူသတ်လက်နက်မျိုးစုံ

အပေါ်ကပန်းချီ
အောက်ပုံက တကယ့်နေရာ

 ကလေးတွေကို  ခြေထောက်ကနေ ကိုင်ပြီးရိုက်သတ်တဲ့သစ်ပင်



၁၉၇၉-ခုနှစ် ခမာနီတွေကျရှုံးပြီး ၁၉၈၀ မှာ ပြတိုက်အဖြစ် သို့ပြောင်းလဲခဲ့ပါတယ်၊
ခမာနီ ကာလ ၁၉၇၅- ၁၉၇၉ အတွင်းမှာ လူပေါင်း ၂ သန်းကျော်သေဆုံးခဲ့ပါတယ်။
ကျနော်တော့ အဲဒီကပြန်လာတဲ့ ညက မအိပ်နိုင်ဘူးဗျာ... လူပေါင်းနှစ်သောင်းနီးပါး အသတ်ခံထားရတဲ့နေရာကို .နေ့လည်ဘက် သွားခဲ့ရသော်လည်း ကျောထဲမှာစိမ့်နေတာပဲ 
ပြန်ရောက်တဲ့ အချိန်ထိလည်း ရင်တွေတုန်နေတုန်းပဲဗျာ...

ဓာတ်ပုံတွေကို Google ကယူသုံးထားပါတယ် (ကျနော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျနော်အဖေဆီ ပါသွားလို့ မတင်နိုင်ပါခင်ဗျာ)

ပိုသိချင်ရင်တော့ google မှာရှာဖွေနိုင်ပါတယ်။ Tuol Sleng လို့ရေးပြီးတောရှာဖွေနိုင်ပါတယ်

လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၀၃.၁၁ 

ကမ္ဘောဒီးယားနိုင်ငံ ဆီးမရစ်မြို့ရှိ ဘလော့ဂါ ကိုထွဋ်ရဲ့ ပိုစ့်လေးကို ဓာတ်ပုံများထပ်ထည့်ပြီး အားဖြည့်ပေးထားပါတယ်။ မြန်မာလူငယ်များ သွားရောက်လေ့လာသင့်တဲ့နေရာလေး တစ်ခုဖြစ်ပါကြောင်း သတင်းစကားလက်ဆင့်ပါးလိုက်ပါရစေ။
နောက်ပိုစ့်မှာတော့ 2010-ခုနှစ်တုန်းက အသက်ပေါင်းများစွာ မထင်မှတ်ပဲ ဆုံးရှုံးသွားတဲ့ ဖနွမ်းပင်မှ တံတားအကြောင်းကို ဗဟုသုတရအောင် ပြောပြအုံးမယ်လေ...။

လေးစားစွာဖြင့်
bliss of us

Wednesday, November 16, 2011

ခမာပြည်သို့ လည်လည် သွားချင်သူများအတွက်.....

မြန်မာပြည်သူတွေအနေနဲ့ ခမာပြည်ကို စိတ်ဝင်တစားရှိကြပါတယ်။ မြန်မာတွေနဲ့ ဆက်နွယ်ပတ်သက်နေလို့လည်းဖြစ်မယ်၊ အဓိက ကတော့ မွန်လူမျိုးတွေနဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ သမိုင်းတွေကို နောက်ကြောင်းပြန်ကြည့်လိုက်ရင်လည်း စိတ်ဝင်စားစရာအပြည့်နဲ့မဟုတ်ပါလား။

  ဘုရားကျောင်းဝင်းကြီးအတွင်းကို လည်ပတ်တဲ့အခါ နောက်ဆုံးsunset ကြည့်မယ့်တောင်ပေါ်ကို တက်ရပါမယ်။
တောင်ပေါ်ရှိ ဘုရားကျောင်းတော်ပေါ်ကနေ sunsetကြည့်ကြရမှာဖြစ်ပါတယ်။ တောင်ပေါ်တက်ရတဲ့အခါ ခြေလျှင်တက်နိုင်သလို၊ 
ဆင်စီးပြီးလည်း တက်နိုင်ပါတယ်၊
သဘာဝပတ်ဝန်းကျင်ကို ခံစားလိုတယ်ဆိုရင်တော့ ခြေလျှင်တက်ပေါ့နော်။

 ဘုရားကျောင်းဝင်းက ကျယ်လွန်းတာကြောင့် သုတ်သုတ်လေးများ စီးလို့ 
ဘုရားကျောင်းတော်များတစ်ခုပြီး တစ်ခုကူးကြပါတယ်။ 
ဒီပုံထဲမှာတော့ ဘုရားဖူးဧည့်သည်တွေကို သုတ်သုတ်လေးက စောင့်ဆိုင်းနေကြတာပေါ့။

မွန်-ခမာတို့နေထိုင်ရာအရပ်မှာ လည်လည်သွားချင်စရာ စိတ်ဝင်စားစရာလေးတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။ ကမ်ဘောဒီးယားနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ Siem Reapမြို့မှာ လည်ရမယ့်နေရာလေးတွေဖြစ်ပါတယ်.......
ကမ္ဘောဒီးယားနိုင်ငံလို့ဆိုလိုက်ရင် ကမ္ဘာကျော်အန်ကောဝပ်ကြီးကို မျက်စိထဲ ပြေးမြင်မိလိုက်ကြမယ်ထင်ပါတယ်။ တကယ်တော့ အန်ကောဘုရားကျောင်းတော်ကြီးအပါအဝင် တခြားကျောင်းတော်များလည်း ဘုရားဝင်းကြီးအတွင်းမှာ အများအပြားပေါ့။ အန်ကောဝပ်ဘုရားကျောင်းလို့ ဆိုလိုက်ရင် ဟိန္ဒူကျောင်းတော်လို့ အရိုးစွဲမှတ်ထားကြတာတွေလည်း ရှိပါတယ်။ တကယ်တော့ ဘုရားကျောင်းတွေထဲမှာ ဟိန္ဒူဘာသာကိုးကွယ်တဲ့ ဘုရင်က  ကျောင်းတော်ကို စတင်တည်ဆောက်လာခဲ့ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ဘုရင်နန်းတက်တဲ့အခါမှာ ကိုးကွယ်မှုတွေပြောင်း ကျောင်းတော်လက်ရာတွေလည်း ပြေားလဲရပြန်တယ်၊ ဒီလို ပြောင်းလဲလာခဲ့ရာ နောက်ဆုံး ဗုဒ္ဓဘာသာဘုရင်ကိုးကွယ်တဲ့ ဘုရင်လက်ထဲမှာ ပြောင်းလဲမှုတွေရပ်သွားတဲ့အတွက် အန်ကောဝပ်လို့ လူသိများတဲ့ ဘုရားကျောင်းဝင်းကြီးထဲမှာ ရှေးခေတ်ခမာများ၏ လက်ရာ ဗုဒ္ဓရုပ်ပွါးတော်များကို ဖူးတွေ့ရမှာဖြစ်ပါတယ်။
အောက်ဖေါ်ပြပါ လင့်တွေက ကမ်ဘောဒီးယားနိုင်ငံရဲ့ စိတ်ဝင်စားမှုလေးတွေ ပြောပြကြပါလိမ့်မယ်.....


နေ့လည်စာ ထမင်းစားတဲ့နေရာမှာ သုတ်သုတ်လေးတွေ စီတန်းလို့ စောင့်နေကြပြန်တယ်လေ....

နောက်ပိုစ့်မှာတော့ ခမာတို့ရဲ့ မြို့တော်ဖြစ်တဲ့ Phnom Penhရဲ့ စိတ်ဝင်စားဖွယ်နေရာလေးတစ်ခုကို လမ်းညွှန်ပေးပါအုံးမယ်။
လေးစားစွာဖြင့်
bliss of us

Sunday, November 13, 2011

ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား စံမြန်းခဲ့ရာ ကပိလဝတ္ထုမြို့တော်

အိန္ဒိယနိုင်ငံဘက်မှာ ရှိတဲ့ ကပိလဝတ္ထုမြို့တော်ဟောင်းမှ မြင်ကွင်းတစ်ခု
သကျနိုင်ငံတော် ဆိုတာ ဟိမဝန္တာတောင်တန်းကြီးရဲ့ အနီးက နိုင်ငံတော် တစ်ခုပေါ့။ သူ့ရဲ့ မြိ့တော်ကတော့ ကပိလဝတ္တုပါ။ ကပိလဆိုတာက ရသေ့တစ်ပါးရဲ့ နာမည်ဖြစ်ပြီး ဝတ္ထုဆိုတာကတော့ တည်နေရာလို့ အဓိပ္ပါယ် ရပါတယ်။ ကပိလအမည်ရှိတဲ့ ရသေ့ရဲ့ ကျောင်းသင်္ခမ်းတည်ရှိခဲ့တဲ့ နေရာမှာ တည်ထားတဲ့ မြို့တော်မို့ ကပိလဝတ္တု မြို့တော်လို့ ပါဠိဘာသာနှင့် သမုတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ သက္ကဋ သို့မဟုတ် ဟိန္ဒီလိုတော့ Kapilavastu လို့ ခေါ်ကြ ရေးကြပါတယ်။

မြို့တော်တည်ထောင်သူတွေက သြက္ကာကမင်းရဲ့ သားတော်တွေလို့ စာပေမှာ လာပါတယ်။ မြို့တော်ရဲ့ အနီးဝန်းကျင်မှာ လုမ္ဗိနီ ဥယျာဉ်တော် ရှိပါတယ်။ ရောဟိဏီမြစ်က မြို့တော် ကပိလဝတ္တုအနီးက စီးဆင်းနေခဲ့ပါတယ်။ အဲဒီမြစ်နှင့်ပဲ သကျနှင့် ကောလိယနှစ်နိုင်ငံရဲ့ နယ်ခြားကို သတ်မှတ်ခဲ့ကြပါတယ်။

ဘီစီ ခြောက်ရာစုမှာ ကပိလဝတ္တုမြို့တော်ရဲ့ ထင်ရှားလှတဲ့ အုပ်စိုးသူကတော့ သုဒ္ဓေါဒနမင်းကြီးပါပဲ။ ကြင်ရာတော်ကတော့ မဟာ မာယာ ဒေဝီပါ။ သကျ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် တရားရေးရာ ကိစ္စရပ်တွေ၊ အခြား အရေးကြီးတဲ့ ကိစ္စတွေကိုတော့ သန္ထာဂါရသာလာလို့ ခေါ်တဲ့ နေရာမှာပဲ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ဆုံးဖြတ်ခဲ့ကြပါသတဲ့။

နှစ်ပေါင်း ထောင်ချီ ကြာမြင့်လှပြီ ဖြစ်ပေမယ့် သကျနိုင်ငံတော်ကို ဒီနေ့အထိ လူတွေ သိကြ မြတ်နိုးနေကြဆဲပါ။ အကြောင်းကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ နိုင်ငံဖြစ်ခဲ့တဲ့ အပြင် စန္ဒကိန္နရီဇာတ်တော်၊ ဝေဿန္တရာ ဇာတ်တော်၊ ဓမ္မပါလဇာတ်တော် စသည်ဖြင့် တရားဒေသနာ တော်တော်များများကိုလည်း ဒီမှာပဲ ဟောခဲ့တာကြောင့်ပါ။ မြစ်ရေလုကြရာကနေ စစ်ခင်းကြတော့မည့်ဆဲဆဲ သကျနှင့် ကောလိယ နှစ်နိုင်ငံသားတွေကို စစ်ငြိမ်းအေးကြောင်း ဟောခဲ့တာလဲ ဒီအနီးဝန်းကျင်မှာပါပဲ။

ဒီလို မေ့မရနိုင်တဲ့ နိုင်ငံ ဖြစ်ခဲ့ပေမယ့် ကပိလဝတ္တုဆိုတဲ့ မြို့တော်ရဲ့ တည်နေရာကို ခုခေတ်လူတွေ အတိအကျ မသိနိုင်တော့သလိုတောင် ဖြစ်နေရပါတယ်။ ဒီလိုဖြစ်ရတာက တရားသဘောနှင့် နှောပြီး ပြောရလျှင် သင်္ခါရသဘောတရားကို မလွန်နိုင်လို့ပါ။ ဒါပေမဲ့ လောကီဆန်ဆန် လက်သည် တရာခံတွေကို ပြောရလျှင်တော့ ဗုဒ္ဓဘာသာကိုရော ၄င်းနှင့် ဆက်စပ် ပတ်သက်နေတဲ့ အဆောက်အဦး အားလုံးနီးပါးကိုပါ ဖျက်ဆီး၊ သိမ်းပိုက်ခဲ့ကြတဲ့ ဟိန္ဒူဘုရင်များနှင့် မွတ်စလင် ကျူကျော်သူများပါပဲ လို့ သမိုင်းက ဆိုပါတယ်။ ဒါကြောင့် ဗြိတိသျှတွေ အိန္ဒိယကို ကိုလိုနီ မပြုခင်ကပင် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ လုံးဝ ကွယ်ပျောက်နေခဲ့ ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ကံကောင်း ဝမ်းမြောက်ဖွယ်ရာ တစ်ခုကတော့ ရှေးဟောင်း သုတေသနသမားတွေဟာ 1860 ပြည့်နှစ်များမှာ စတင်ပြီး ဗုဒ္ဓနှင့် ဆက်စပ်ပတ်သက်တဲ့ နေရာတွေကို ရှာဖွေ ဖော်ထုတ်ကြပါတယ်။ သူတို့တွေဟာ 1890 ပြည့်နှစ် မတိုင်မီ ဗုဒ္ဓဝင်နှင့် ပတ်သက်တဲ့ နေရာ အများအပြားကို ဂင်္ဂါမြစ် ဧရိယာ (Ganges area) အတွင်းမှာ ရှာဖွေ ဖော်ထုတ်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။ သို့သော် အရေးကြီးတဲ့ နေရာတွေထဲက နှစ်နေရာကို ထိုအချိန်က ရှာလို့ မတွေ့သေးပဲ ဖြစ်ခဲ့ရတယ်။ နှစ်နေရာဆိုတာ လုမ္ဗိနီ ဥယျာဉ်တော်နှင့် ကပိလဝတ္ထု မြို့တော်ဟောင်းတို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆယ့်ကိုးရာစု နှောင်းပိုင်းမှာ ဗုဒ္ဓလောင်းလျှာ သိဒ္ဓတ္ထမင်းသားရဲ့ စံမြန်းခဲ့ရာ နေရာကို သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာနတွေက ရှာဖွေကြပါတယ်။ ခရီးသွားမှတ်တမ်း ရေးခဲ့ကြတဲ့ တရုပ်ရဟန်းတော် Xuanzang နှင့် Faxian တို့ရဲ့မှတ်တမ်းမှတ်ရာ ရေးသားခဲ့ကြတာကို ကြည့်ပြီး ရှာဖွေခဲ့ကြတာလို့ ဆိုပါတယ်။

ရလဒ်ကတော့ ခုခေတ် နီပေါ နယ်စပ်တစ်လျှောက် အတော်လေး ဝေးတဲ့ ရွာတစ်ရွာမှာ ကျောက်စာတိုင် တစ်တိုင်ကို တွေ့ကြတယ်။ ဗြိတိသျှ စူးစမ်းလေ့လာရေး အဖွဲ့ကို ကျောက်စာရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်ပေးဖို့ စေလွှတ်ခဲ့တယ်။ ကျောက်စာကို အစောပိုင်း ဗြဟ္မီ (Brami) အက္ခရာကို အသုံးပြုပြီး အိန္ဒိယမြောက်ပိုင်း ဒေသခံ တိုင်းရင်း ဘာသာစကားနှင့် ရေးသားထားတာပါ။ ဒီနေရာဟာ သဗ္ဗညု ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်မြတ် မွေးဖွားရာ နေရာလို့ အဲဒီ ကျောက်စာက ဖော်ပြထားပါတယ်။ ဒီတွေ့ရှိမှုက ဗုဒ္ဓဆိုတာ စံပြလူသား ဘုရားအဖြစ် စိတ်ကူးယဉ်ပြီး ပုံဖော် ကိုးကွယ်နေကြတာလို့ အထင်ရောက်နေတဲ့ သူတွေကို “ဗုဒ္ဓဆိုတာ တကယ်ရှိခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်မြတ်ကြီး”လို့ သက်သေထူပေးခဲ့တယ်။ တကယ် ဝမ်းသာစရာ တွေ့ရှိမှုကြီးပါ။

အရေးကြီးတဲ့ နောက်တစ်နေရာဖြစ်တဲ့ ဘုရားအလောင်းတော် စံမြန်းတော်မူခဲ့ရာ ကပိလဝတ္တုမြို့တော် နေရာကို ဆက်ပြီး ရှာဖွေခဲ့ကြတယ်။ အဲဒီနေရာဟာ လုမ္ဗိနီရဲ့ အနောက်ဖက် တစ်ဆယ် ဆယ်ငါး ကီလိုမီတာလောက်မှာ ရှိနိုင်တယ်လို့ သိသာလို့ အရှိန်မြှင့် ရှာဖွေခဲ့ကြရာ ဖြစ်နိုင်တဲ့ နေရာ နှစ်နေရာကို တွေ့ကြရပါတယ်။



အဲဒီနေရာတွေကတော့ တစ်ခုက အိန္ဒိယဘက်မှာ ဖြစ်ပြီး နောက်တစ်ခုကတော့ ခုခေတ် နီပေါနိုင်ငံဘက်မှာ ဖြစ်ပါတယ်။ ကပိလဝတ္တုမြို့ တည်နေရာနှင့် ပတ်သက်ပြီး နှစ်ပေါင်း ရာနှင့်ချီပြီး စူးစမ်းလေ့လာရေး အဖွဲ့တွေရဲ့ အကြားမှာ အငြင်းပွားနေကြပါတယ်။

Dr Coningham နှင့် သူ့အဖွဲ့က လုပ်တဲ့ သုတေသနအသစ်က ပြောတာကတော့ ရှေးဟောင်း ကပိလဝတ္တု တည်နေရာဟာ လုမ္ဗိနီဇုန်ထဲမှာ ရှိတဲ့ ကပိလဝတ္တု ခရိုင် (Kapilavastu Discrict)၊ တိလုရာကော့ (Tilaurakot) ရွာ နေရာပါလို့ ဆိုကြပါတယ်။ လုမ္ဗိနီကနေ (၂၇) ကီလိုမီတာ ဝေးပါတယ်။ အဲဒီ ရှေးဟောင်း နယ်မြေမှာ မြို့တော် တံတိုင်း၊ ကျုံးနှင့် နေထိုင်ရာ နေရာဝိုင်းကြီး တစ်ခုရဲ့ အခြေခံ အုတ်မြစ်ရိုး အပျက်အစီးတွေပါ ရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီက ထုတ်လွှင့်ပြသတဲ့ ဗုဒ္ဓဝင်မှာတော့ အဲဒီနေရာမှာ လမ်းတွေအစီအရီ ဆောက်ထားခဲ့ပြီး ယက်မ ပုံဏ္ဌာန်ရှိတဲ့ မြို့တော်ကြီးရဲ့ အလယ်ဗဟိုရ်မှာ နန်းတော် ရှိတယ်လို့ ဆိုပါတယ်။

အချို့ သုတေသနသမားတွေကတော့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းသုတေသန ဆိုင်ရာ နေရာ တစ်ခုဖြစ်တဲ့ ပိရဟွာ (Piprahwa) ရွာ အနီးကို ကပိလဝတ္တုလို့ ပြောပါတယ်။ အဲဒီရွာက ဥတ္တရာ ပရာဒက်ရှ်ပြည်နယ်၊ သိဒ္ဓတ္ထနဂရ ခရိုင် (Siddharthnagara Discrict)၊ Birdpur မြို့ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ အဲဒီနေရာဟာ နီပေါနိုင်ငံရှိ ဗုဒ္ဓ ဖွားမြင်တော် မူခဲ့ရာ လုမ္ဗိနီတောင်ဘက် (၁၅) ကီလိုမီတာ အဝေးမှာပါ။ ၁၉၇၅ မှသည် ၁၉၇၉ အထိ တူးဖော်ကြတုန်းက အဲဒီနေရာမှာ စေတီပျက်ကြီးရဲ့ အပျက်အစီးတွေနှင့် ရှေးက ဓာတ်တော်ကြုပ်တစ်ခု တွေ့ရပါတယ်တဲ့။

ဒါတွေကတော့ သမိုင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ မှတ်ဖွယ်မှတ်ရာတွေထဲက အချက်အလက် အချို့ပဲ ဖြစ်ပါတယ်။

စာရေးသူ သွားခဲ့တဲ့ ဒီ ခရီးစဉ်မှာ နီပေါနိုင်ငံထဲက ကပိလဝတ္ထုမြို့တော်ဟောင်း တည်ရှိရာ နေရာကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံထဲက ကပိလဝတ္ထု ဆိုတဲ့ နေရာကိုပဲ ရောက်ဖြစ်ခဲ့တယ်။ ၂၀၁၀ ခု၊ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ ရောက်ခဲ့တာပါ။ အတော်လေး ကြီးတဲ့ ရေကန်သာ တစ်ခုနားမှာ လူတွေ မြေပြုပြင်ကြ၊ ပန်းပင်တွေ စိုက်ကြ၊ ရေလောင်းနေကြတာကိုတောင် တွေ့ခဲ့ရပါသေးတယ်။

အထက်က ပြောခဲ့တဲ့ အချက်အလက် အချို့ကို သတိယပြီး မကြာခင် တခြားသော အတွေးတွေက စာရေးသူရဲ့ စိတ်ထဲကို အစီအရီ တိုးဝင် စီးဆင်းလာပါတော့တယ်။

ပထမ တွေးမိတာက မြို့တော်ဟောင်း နေရာမှန်က ဘယ်နေရာပဲ ဖြစ်နေပါစေ၊ ဗုဒ္ဓရှင်တော်မြတ် ဖွံ့ဖြိုး ထွန်းကားအောင် လုပ်ခဲ့တာက အဲဒီမြို့တော်ကြီး မဟုတ်ပါဘူး။ သူတော်ကောင်းတရား ထွန်းကားရေးနှင့် ဒုက္ခခပ်သိမ်း လုံဝ ကင်းငြိမ်းရေးပါ။ အဆုံးစွန်သော လွတ်မြောက်မှုကို မရသေးသော်မှ ကိုယ်ချင်းစာ တရား ကိုယ်စီထားပြီး ကျင့်ဝတ်သီလနှင့် ပြည့်စုံကာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးပါ။ အချက်ရှစ်ချက်ပါတဲ့ ကျင့်စဉ်မူနှင့် ဒီလောကမှာရော၊ တမလွန်လောကမှာပါ ငြိမ်းအေး ချမ်းမြေ့စွာ နေရရေးနှင့် ဒုက္ခမှန်သမျှ အမြစ်ပြတ် ငြိမ်းအေးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးသာ ဖြစ်ပါတယ်။

နောက်တော့ ဂိတ်ဝကို စဝင်မိတာနှင့် ဘုရားရှင်ကို သတိယမှု (ဗုဒ္ဓါနုဿတိ) ကုသိုလ်ထူးကို ပွားစီးလို့ နေမိပါတယ်။ အရဟံ အစ ဘဂဝါအဆုံးရှိတဲ့ ကိုးပါးသော ဂုဏ်တော်တွေကို အထပ်ထပ် ရွတ်ဖတ်၊ နန်းမြို့တော်ကြီးအစ လောကသေဌ်နင်း တရားမင်းအဆုံး ရှိတဲ့ ဖြစ်ခဲ့သမျှသော အရာအားလုံးသည် ပျက်သုဉ်းခြင်းလျှင် အဆုံးရှိပါလားဆိုတဲ့ အနိစ္စဒဏ်ချက် ကြီးမားပုံ၊ မမြဲလေသမျှ ဒုက္ခ ဒဏ်ချက်ကြီးမားပုံနှင့် ကိုယ့်အလိုဆန္ဒကို မလိုက်လျော၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတဲ့ အစိုးမရခြင်း ဒဏ်ချက် အနှိပ်စက်ကြီး နှိပ်စက်တတ်တဲ့ သဘောတွေကို “အနိစ္စ ဝတ သင်္ခါရာ” အစဖြာသည့် သုံးခုသော ဂါထာတို့ကို အဖန်ဖန် ရွတ်ပွားပြီး ဆင်ခြင်နေမိပါတော့တယ်။

နောက်ဆုံးတစ်ခုကတော့ ကပိလဝတ္ထုနေရာ ဆိုတော့ စိတ်ထဲမှာ သုဒ္ဓေါဒနမင်းကြီး၊ ယသော်ဓရာ ဒေဝီ စသည်တို့ကို မျက်စိထဲ မြင်ရောင်မိသလိုလို၊ ဘာကိုမှန်း တပ်အပ်သေချာ သိလည်းမသိ၊ ဆိုင်လည်း မဆိုင်ပဲ တစ်စုံတစ်ခုသော အရာကို လွမ်းမိသလိုလို ခံစားမိပါတယ်။


ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ စံမြန်းဆောင်တွေဟာ ဘယ်နေရာများ ရှိခဲ့လေသလဲ။ ကြီးမြတ်သည့် နှလုံးသားပိုင်ရှင်၊ အနှိုင်းမဲ့ မေတ္တာ ကရုဏာတရားရှိသူ၊ ကြီးမား ကျယ်ပြန့်သော ဉာဏ်ရှင်၊ ဒီဘဝသည် နောက်ဆုံး ဘဝဖြစ်သည့်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် မပြတ် ဖြည့်ဆည်း အားထုတ်ခဲ့သည့် ပါရမီတော်တို့၏ သူ့ထက်ငါ အပြိုင် အကျိုးပေးခွင့်ကို စောင့်ကာ အကျိုးပေးခြင်း ခံရသည့် ပြီးပြည့်စုံသည့် အလောင်းတော် မင်းသားရဲ့ လုပ်ရှားဟန်တို့ကိုလည်း ဝိုးတဝါး မြင်ယောင်နေခဲ့မိတယ်။

ဒါ့အပြင် အလောင်းတော်မင်းသား တောထွက်သွားလို့ မေတ္တာနှင့် သစ္စာကို စွဲကိုင်ပြီး လွမ်းကျန်ရစ်ခဲ့တဲ့ ယသော်ဓရာ ဒေဝီရဲ့ လွမ်းငွေ့သန်းနေတဲ့ ပုံရိပ်တွေ၊ ဘုရားဖြစ်ပြီးနောက် ဖခမည်းတော် အကြိမ်ကြိမ် ပင့်လျှောက်လို့ နန်းတော်ကြွလာစဉ် သတင်းသုံးတော်မူခဲ့တဲ့ ပုံရိပ်တွေ၊ ခမည်းတော် မင်းကြီးကို သပိတ်ကိုင်စေပြီး အရှင် သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန်တို့ကို လက်ျာ လက်ဝဲရံစေကာ ပါရမီဖြည့်ဖက် မင်းသမီးရဲ့ အခန်းကို ကြွရောက် အပူဇော် အဖူးမျှော်ခံပြီး စန္ဒကိန္နရီ ဇာတ်တော်ကို ဟောကြားကာ နှစ်သိမ့် ဂုဏ်ပြုနေတဲ့ ပုံရိပ် စသည်ဖြင့် မဆုံးနိုင်သော အတွေးတွေဟာ စာရေးသူရဲ့ ခေါင်းထဲကို အဆက်မပြတ် စီးဆင်း ဝင်ရောက်နေပါတော့တယ်။ ဖတ် မှတ် လေ့လာဖူးသမျှသော အကြောင်းအရာတွေက သူ့ထက်ငါ ဆိုသလို အလုအယက် ဝင်ရောက်လာသည့်နှယ် ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးအနေနှင့် ဒီ နေရာကိုကြည့်ပြီး ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ထပ်တလဲလဲ ရွတ်ဆို ပွားများ၊ မမြဲတဲ့ အနိစ္စသဘောကိုလည်း အဖန်ဖန် ဆင်ခြင် စီးဖြန်းပြီး ကပိလဝတ္ထု ခရီးကို အဆုံးသတ်လိုက်ပါတယ်။

ကုသိုလ်တရား ပွားများနိုင်ကြပါစေ။

ဘုန်းဉာဏ်

Rf:
1. BBC., The Life of the Budha
2. http://en.wikipedia.org/wiki/Kapilavastu
3. http://en.wikipedia.org/wiki/Piprahwa
4. Malalasekera G. P., Pali Proper Names
(http://www.metta.lk/pali-utils/Pali-Proper-Names/kapilavatthu.htm)

Credit To : ဘုန်းဘုန်း ဦးဉာဏုတ္တရ (http://dhammawisdom.blogspot.com)

Monday, November 7, 2011

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၃)

လုမ္ဗိနီဥယျဉ်တော် (၂)

Sal tree (အင်ကြင်းပင်)
လုမ္ဗိနီနေရာဟာ ကမ္ဘာ့ အမွေ အနှစ်များဆိုင်ရာ အစီအစဉ် (World Heritage Program) အတွက် အထူးအမည်စာရင်း တင်သွင်းခံခဲ့ရတဲ့ Unesco World Heritage Site ပါ။ ဒီနေရာမှာ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှု ဖူးမြင်စရာများအဖြစ် -

(၁) အသောက ကျောက်စာတိုင်၊
(၂) မာယာဒေဝီကျောင်းတော်၊ 
(၃) ရှေးဟောင်း ရေချိုးကန်၊ 
(၄) ဗောဓိပင်၊
(၅) ရှေးဟောင်း ကျောင်းကန် အပျက်အစီးများကို ကြည့်ရှု ဖူးမြင်စရာများအဖြစ် တွေ့မြင်နိုင်ပါတယ်။  


 (၁) အသောက ကျောက်စာတိုင်
အသောက ကျောက်စာတိုင်ကို ၂၄၉ ဘီစီတွင် အသောကမင်းကြီး ဘုရားဖူးလှည့်လည်စဉ် မြတ်စွာဘုရား ဖွားမြင်တော်မူရာ အရပ်၌ စိုက်ထူထားခဲ့ပါတယ်။ ယခု မြင်တွေ့ရသော ကျောက်တိုင်၏ မမြင့်သည် ၁၃ ပေနှင့် ၆ လက်မ ရှိပြီး လုံပတ်သည် ၇ ပေ ၃ လက်မရှိပါတယ်။ မြေထဲတွင် ၁၀ ပေလောက် မြှပ်ကာ ခိုင်ခိုင် ခံ့ခံ့ စိုက်ထူထားကြောင်း သိရပါသည်။ ခုနှစ်ရာစု အေဒီလောက်တွင် ဤနေရာသို့ ဖုရားဖူးရောက်လာခဲ့သော တရုပ်ရဟန်းတော် အရှင် ဟူအင်စံက သူ၏ မှတ်တမ်းထဲတွင် ဤကျောက်တိုင်နှင့် ပတ်သက်၍ “အသောက ကျောက်တိုင်သည် နှစ်ပိုင်းကျိုးနေ၍ မြင်းရုပ်ရှိသော အထက်ပိုင်းသည် မြေပေါ်၌ လဲနေကြောင်း” ဖော်ပြခဲ့သည်။ (အရှင် ပညိန္ဒာဘိဝံသ၊ “အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာ”၊ တိပိဋက နိကာယ ဥပဋ္ဌာက အဖွဲ့၊ ၁၉၉၂ ။ စာ ၃၂)

 ကျောက်တိုင်ပေါ်၌ ဗြာဟ္မီ အက္ခရာဖြင့် စာကြောင်း ငါးကြောင်း ရေးထိုးထားပါတယ်။ အဲဒီ စာကြောင်းတွေ ကို အခုခေတ်လူတွေ နားလည်ဖို့ ပါဠိ၊ အင်္ဂလိပ်နှင့် အခြားဘာသာတစ်ခုနှင့်  ကြေးပြားတစ်ခုပေါ်မှာ ဘာသာပြန် ရေးပြထားပါတယ်။
သိဒ္ဓတ္ထမင်းသား ဖွားတော်မူရာ အထိမ်းအမှတ် အသောက ကျောက်တိုင်
 (နီပေါဘာသာနှင့် ရေးထိုးထားဟန်တူပါတယ်။ မမေးခဲ့ရလို့ အတိအကျ မသိပါဘူး။) 
ရေထိုးထားခဲ့တာက -

အသောကကျောက်တိုင်ပေါ်က စာ (ဘာသာပြန်)

ဒေဝါနံ ပိယဒဿီ (အသောက) မည်သော ဘုရင် မင်းမြတ်သည် အဘိသိက်ခံယူပြီးနောက် အနှစ်နှစ်ဆယ် မြောက်ကာလ၌ ကိုယ်တော်တိုင် ကြွချီတော်မူလာခဲ့ပေသည်။ ဤနေရာ၌ သကျမုနိဗုဒ္ဓ ဖွားမြင်တော်မူရကား (ဖွားမြင်တော်မူရာ) အမှတ်အသားဖြစ်သည့် ကျောက်တုံးကို ရှိခိုးပူဇော်တော်မူပြီး ကျောက်တိုင် တစ်တိုင်ကိုလည်း စိုက်ထူတော်မူခဲ့ပေသည်။ ဤနေရာ၌ ရှင်တော်မြတ် ဖွားမြင်တော်မူပြီးရကား လုမ္ဗိနီရွာ၏ အခွန်တော်ကို ရှစ်ဖို့ တစ်ဖို့သို့ လျှော့ချတော်မူသည်” လို့ ဖြစ်ပါတယ်။


(၂) မာယာဒေဝီကျောင်းတော် 
မာယာဒေဝီကျောင်းတော် ဆိုတာကတော့ ဘုရားအလောင်းတော်ကို ဖွားမြင်တော်မူ ခဲ့တဲ့ နေရာလို့ ပြောဆိုကြပါတယ်။ ရှေးဟောင်းကျောင်းတော်ကို ဘုရားဖူးတွေ ကြည့်လို့ အဆင်ပြေအောင် သင့်တော်သလို ပြန်လည် ဆောက်လုပ်ထားပါတယ်။ အဲဒီမှာ အခု တွေ့မြင်နိုင်တာက ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပုံ ထွင်းထုထားသည့် ကျောက်ပြားတစ်ချပ်ကိုပါ။  ဒီပုံဟာ ကျောက်စာထဲမှာ ဖော်ပြထားသည့်အတိုင်း အသောက မင်းကြီး ထုလုပ်ပြီး စိုက်ထူခဲ့သည့် ရုပ်ပုံမှ ပုံတူ ကူးထားတဲ့ ရုပ်ပုံ ဖြစ်လေမည်လားလို့ အချို့ကလည်း တွေးကြပါတယ်။ ရှေးက ထုလုပ်ခဲ့တဲ့   ခြေရာတစ်ခုလဲ ရှိပါတယ်။ မယ်တော် မာယာရဲ့ ခြေရာ အထိမ်းအမှတ်လို့ ထင်တာပါပဲ။




(၃) ရှေးဟောင်း ရေချိုးကန်  
ရှေးဟောင်း ရေချိုးကန် (Puskarini or Holy Pond) ကတော့ အစဉ်အလာအရ မီးမဖွားမီ မယ်တော် မာယာဒေဝီ ရေနှစ် (ရေစိမ်)တဲ့ ကန်ဖြစ်ပါတယ်တဲ့။ အချို့ကလည်း အလောင်းတော်မင်းသားကို ဖွားမြင်တော်မူပြီးသည့် အခါ ရေသုံးသပ်ပေးရာ အရပ်လို့ ဆိုကြပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တရုပ်ရဟန်းတော် အရှင် ဟူအင်စံက သူရဲ့ မှတ်တမ်းထဲမှာ ဤရေကန်ကို ကြည်လင် သန့်ရှင်းသည့် ရေရှိကြောင်း မှတ်တမ်းတင်ခဲ့ပါသေးတယ်။

ဗောဓိပင်နှင့် ဘုရား အလောင်းတော်ကို ရေသုံးသပ်ပေးရာ ရေကန်
(၄) ဗောဓိပင်
ဗောဓိပင် တစ်ပင်ကို တွေ့ရပေမဲ့ သမိုင်းကြောင်းကို စာရေးသူ မသိပါ။ အထိုက်အလျှောက် ရှာဖွေ ဖတ်ရှုကြည့်ပေမဲ့ မတွေ့မိသေးပါဘူး။ (ဒီစာတွေကို နှောင်မှာ ပြုပြင် ဖြည့်စွက်သွားဖို့ စိတ်ကူးရှိပါတယ်။ တွေ့လျှင်တော့ အဲဒီအခါမှာ ဖြည့်စွက် ဖော်ပြပေးပါ့မယ်။)

(၅) ရှေးဟောင်း ကျောင်းတော်ရာ
အလွန်တရာ ခမ်းနား ကြီးကျယ်ခဲ့ဟန်တူတဲ့ ကျောင်းတော်ကြီးရဲ့ အုတ်မြစ်ကိုလည်း အဲဒီ လုမ္ဗိနီဥယျာဉ်ထဲမှာ တွေ့ရပါတယ်။ နှစ်ရာစု ဘီစီခေတ်က ဖြစ်ကြောင်း စာတမ်းလေးတွေ ရေးချိတ်ထားတာ တွေ့ရပါတယ်။ နှစ်ရာစု ဘီစီခေတ်က စေတီတော်ခြောက်ဆူတန်း အုတ်မြစ်တွေ၊ အဲဒီခေတ်ကပဲ တည်ထားခဲ့တဲ့ လေးထောင့်စေတီတော်ကြီးရဲ့ အုတ်မြစ်၊ နှစ်ရာစု ဘီစီ - နှစ်ရာစု အေဒီခေတ်မှ ကျောင်းတော်ရာ စသည်တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင် ဘုရားဖူး ခရီးသည် အနေနှင့်ကတော့ ဘုရားရှင်ဖွားမြင်တော်မူခဲ့ရာကို ဖူးမြော် ပြီး ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို အထပ်ထပ် ရွတ်ဆိုခြင်း သို့မဟုတ် ပွားများခြင်း၊ မမြဲတဲ့ သင်္ခါရသဘော၊ မြဲတဲ့ သေခြင်းသဘောတို့ကို သတိယကာ သံဝေဂယူခြင်း၊ ခမ်းနား ကြီးကျယ်ခဲ့တဲ့ ကျောင်း ကန် အဆောက်အဦပျက်တွေကို ကြည့်ပြီး အမြဲတဲ့ အနိစ္စသဘောကို စောကြော ဆင်ခြင် ရှုမှတ်ခြင်းဖြင့် ဘာဝနာကုသိုလ် ပွားများသင့်ကြောင်းပါ။

ဝန်ခံချက်။ ။ ဗောဓိပင်နှင့် ရေကန်ပုံကို http://en.wikipedia.org/wiki/Lumbini မှ ယူပါသည်။
 
ရည်ညွှန်း။
၁။ အရှင် ပညိန္ဒာဘိဝံသ၏ အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာ၊ တိပိဋက နိကာယ ဥပဋ္ဌာက အဖွဲ့၊ ၁၉၉၂ ။ စာ ၃၂။
၂။ http://en.wikipedia.org/wiki/Lumbini

Credit To : ဘုန်းဘုန်း ဦးဉာဏုတ္တရ (http://dhammawisdom.blogspot.com)

Wednesday, November 2, 2011

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၂)

လုမ္ဗိနီဥယျဉ်တော် (၁)
စာရေးသူတို့ ဘုရားဖူးခရီး လှည့်လည် ခဲ့စဉ်က ဗုဒ္ဓဂယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော် ခဲ့ကြပါတယ်။ ခုတော့ အဲဒီ ခရီးစဉ်အတိုင်း မရေးတော့ပဲ ဖြစ်စဉ်အတိုင်း ရေးပါ့မယ်။ ရေးတဲ့ အခါ ဖွား ပွင့် ဟောစံ ဆိုတဲ့ သံဝေဇနိယ လေးဌာနကို အဓိက ရေးပါမယ်။ သို့သော်လည်း သံဝေဇနိယ လေးဌာနထဲ မပါပေမဲ့ ရောက်ခဲ့တဲ့ နေရာအချို့ အကြောင်းလည်း အလျှဉ်းသင့်သလို ထည့်ရေးပါဦးမယ်။ ဒါကြောင့် အခု “ဖွား၊ ပွင၊့် ဟော၊ စံ” ထဲက ပထမဆုံးဖြစ်တဲ့ အလောင်းတော်မြတ် ဖွားမြင်တော်မူရာ လုမ္ဗိနီနှင့် စကြပါစို့။

လုမ္ဗိနီကို ဟို အရင်ကတော့ ရထားတတန် ကားတစ်တန်နှင့် သွားခဲ့ကြရတယ်လို့ သိရတယ်။ ခုတော့ ကားစင်းလုံး ငှါးကြလို့ သွားလာရေး လွယ်ကူလာတယ်။ ဘုရားဖူး ခရီးစဉ်ကားတွေက သာဝတ္ထိမှ လလုမ္ဗိနီသို့ သို့မဟုတ် ကုသိနာရုံမှ လုမ္ဗိနီသို့ သွားကြပါတယ်။ သာဝတ္ထိမှ လုမ္ဗိနီသို့ ၂၂၂ ကီလိုမီတာ ဝေးပြီး ကုသိနာရုံမှ လုမ္ဗိနီသို့ ၁၃၉ ကီလိုမီတာ ဝေးပါတယ်။

လုမ္ဗိနီဆိုတာ အရေးကြီးတဲ့ ဘုရားဖူးရာ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဟို … လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်တုန်းကတော့ အပင်ချင်းဆိုင်ပြီး အကိုင်းအခက်တွေ ယှက်နွယ်နေခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကြီးပေါ့။ အခုတော့ အင်ကြင်းပင် တစ်ပင်မှ မတွေ့ရပါဘူး။ ဒီနေရာဟာ ကပိလဝတ္ထုပြည်နှင့် ဒေဝဒဟပြည်တို့ရဲ့ အကြားမှာ တည်ရှိတဲ့ ဥယျာဉ်တောပါ။ ခုခေတ်မှာတော့ နီပေါနိုင်ငံ၊ Rupandehi District ထဲက ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုပေါ့။ ဒီ ဥယျာဉ်ကို မနက်စောစောပိုင်းကနေ ညနေအစောပိုင်းအထိ နိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ဘုရားဖူးတွေ လာရောက် လည်ပတ်ကြတယ်လို့ ဆိုပါတယ်။

ဘုရားရှင်ရဲ့ မယ်တော် မဟာမာယာဒေဝီဟာ အဲဒီခေတ်က ထုံးစံအရ မီးဖွားဖို့ မိဘရပ်ထံ ပြန်ရာမှာ ခရီးဆုံးမရောက်ခင် သာယာ ကြည်နူးဖွယ်ရာ ဒီလုမ္ဗိနီ အင်ကြင်းတောမှာ ဘုရားအလောင်းတော် သားတော် သိဒ္ဓတ္ထ ဂေါတမကို ဖွားမြင်တော်မူခဲ့ပါတယ်။ သုတ္တနိပါတကျမ်းက “လုမ္ဗိနီဇနပုဒ်က သကျမျိုးနွယ်တို့ရဲ့ ရွာဖြစ်တဲ့ လုမ္ဗိနီမှာ ဘုရားလောင်းတော်ကို ဖွားမြင်တော်မူခဲ့တယ်”လို့ မှတ်တမ်းတင်ခဲ့လို့ အဲဒီနေရာ အနီးမှာ ရွာရှိတယ်လို့ ယူဆနိုင်ပါတယ်။

ဘုရားအလောင်းတော် ဖွားမြင်တော်မူတာနှင့် ပတ်သက်လို့ ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီးက -

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။။” လို့ စပ်ဆို ပူဇော်တော်မူခဲ့ပါတယ်။

လုမ္ဗိနီ နေရာကို နီပေါ ရှေးဟောင်းသုတေသနပညာရှင်တွေ အထူးသဖြင့်တော့ Khadga Samsher Rana ရဲ့ အားထုပ်ုကိုးပမ်းမှုတွေကြောင့် (၁၈၉၆) ခုနှစ်မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြန်လည် တူးဖော်ရှာဖွေတဲ့ နေရာမှာ တရုပ်ခရီးသွား (ဘုရားဖူး ခရီးသည်)ရဟန်း ဖာဟီယမ် Fa Xian ရဲ့ မှတ်တမ်းမှတ်ရာတွေကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

စကားစပ်လို့ ဆိုရလျှင် ဖာ ဟီယန် (337 – c. 422 CE) ဆိုတာ တရုပ်လူမျိုး ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးပါ။ သူက နီပေါ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတွေကို ဗုဒ္ဓစာပေကျမ်းဂန်များ ရယူဖို့ ခရစ်သက္ကရာဇ် ၃၉၉နှင့် ၄၁၂)တွေမှာ သွားခဲ့တာပါ။ ရောက်ရာအရပ်က မှတ်သားဖွယ်ရာ ထူးခြားတာတွေကို မှတ်တမ်းတင်ထားခဲ့တာမို့ သူ့မှတ်တမ်းတွေဟာ ခုတော့ ဗုဒ္ဓဘာသာ သမိုင်းနှင့် စာပေအတွက်သာမက ရှေးဟောင်းယဉ်ကျေးမှုအတွက်ပါ များစွာ အသုံးဝင်နေပါတယ်။

အဲဒီမှာ အရေးအကြီးဆုံးကတော့ ဘုရားအလောင်းတော် ဖွားမြင်ခဲ့တဲ့ “တိကျတဲ့ နေရာ” ကို ဖူးမြင်ရခြင်းပါပဲ။ အဲဒီ နေရာကို အထိမ်းအမှတ် လုပ်ထားခဲ့ရာက နောက်ပြန်လည် တွေ့ရှိခဲတာ ဖြစ်နိုင်ပါတယ်။ ဘုရားအလောင်းတော် မင်းသားဟာ ဘုရားမဖြစ်ခင်ကတည်းကိုက သူ့ရဲ့ ကြီးမြတ်တဲ့ နှစ်လုံးသား၊ ထက်မြက်တဲ့ ဥာဏ်ပညာ၊ ပြတ်သားတဲ့ သူ့လုပ်ရပ်၊ ရဲစွမ်းတဲ့ သူ့သတ္တိ စတာတွေကြောင့် ဒီနေရာကို နန်းတွင်းသူ နန်းတွင်းသားတွေ၊ သူ့ကို ချစ်ခင် ကြည်ညိုသူတွေက သူမွေးဖွားခဲ့ရာ နေရာလို့ အမှတ်တရ အနေနှင့် မှတ်သားပြောဆိုလေ့ ရှိနေခဲ့တဲ့ နေရာ ဖြစ်နိုင်လောက်ပါတယ်။

နောင်အခါမှာ တောထွက်သွားတော့လည်း သူ့ကို ချစ်မြတ်နိုး လွမ်းဆွတ်သူတွေဟာ ဒီနေရာ ရောက်လေတိုင်း သူ့ကို သတိတရ ရှိနေခဲ့ကြပြီး တမ်းတပြောဆိုနေကြတော့မှာပါပဲ။ လောကမှာ ဘုရားလို့ ထင်ထင်ရှားရှား ဖြစ်တော်မူတဲ့ အခါမှာတော့ မှတ်သားပြောဆိုသူတွေ ပိုများလာမှာ အမှန်ပါပဲ။ ဒီနည်းနှင့်ပဲ ဒီနေရာကို အစဉ်အဆက် မှတ်သားခဲ့ကာ နောင်တစ်ချိန်မှာ အထိမ်းအမှတ်တွေ၊ နောက်တော့ ကျောင်းတော်တွေ ဖြစ်လာခ၊ဲ့ မှတ်သားခဲ့တာ ဖြစ်နိုင်တယ်လို့ တွေးကြည့်ရတာပါပဲ။

(ဆက်ပါဦးမည်)
ဘုန်းဉာဏ်

(ရိုက်ခဲ့တဲ့ ကျောက်တိုင် ဓာတ်ပုံက တင်ဖို့ အစဉ်မပြေလို့ http://en.wikipedia.org/wiki/Lumbini က ယူတင်လိုက်ပါတယ်။) 
 
Credit To : ဘုန်းဘုန်း ဦးဉာဏုတ္တရ (http://dhammawisdom.blogspot.com)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower