Showing posts with label News and Information. Show all posts
Showing posts with label News and Information. Show all posts

Sunday, January 6, 2013

“ဒုတိယအိမ်၏ (၂၀၁၃)ခုနှစ်အတွက် နှုတ်ခွန်းဆက်လွှာ”

Bliss of Us စာမျက်နှာကို လာရောက်ကြည့်ကြပါသော အွန်လိုင်းစာဖတ်သူအားလုံး 

မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နေကြမယ်လို့ ယုံကြည်ပါတယ်။ 


(၂၀၀၉)ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအတွက် အထူးရည်ရွယ်ကာ လိုအပ်မည့် ခရီးသွားလမ်းညွှန်ပေးခြင်းများကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ထုတ်ဝေသော ဂျာနယ်များမှာလည်း ကြေညာထည့်သွင်းထားခြင်းကြောင့် ဂျပန်နိုင်ငံမှ ဧည့်သည်များက BOU ကို ဒုတိယအိမ် လို့ မှတ်သားခေါ်ဆိုကြပါတယ်။  
BOU အဓိက ရည်ရွယ်ချက်အနေနဲ့ သုံးနှစ်တာကာလအတွင်း ခရီးသွားမြန်မာနိုင်ငံသားတွေ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံနှင့်ပတ်သက်သော ခရီးသွားခြင်းဆိုင်ရာများအတွက် လက်လှမ်းမီသမျှ ... မိမိတို့သိသမျှကို စေတနာရှေ့ထားပြီး မျှဝေပေးခဲ့ပါတယ်။

(၂၀၁၃)ခုနှစ်မှစပြီး ပိုစ့်တွေ ရေးပေးနေတဲ့ ခရစ္စတလ်တစ်ယောက် အလုပ်ပြောင်းရွှေ့မှာဖြစ်တဲ့အတွက် ဒုတိယအိမ်ရဲ့ စာမျက်နှာမှာ မကြာခင် ပိုင်ရှင်အသစ် ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီဇိုင်းအသစ် စာရေးသားမှုအသစ်များ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများကို  ကူညီဆောင်ရွက်ပေးပါလိမ့်မည် ဆိုတဲ့အကြောင်း နှစ်သစ်ကူး သတင်းစကား လက်ဆင့်ပါးလိုက်ပါရစေနော်။

ကိုယ့်နိုင်ငံကိုလည်း တခြားနိုင်ငံတွေလို တိုးတက်စေချင်လို့ သတင်းစာတွင် အခုလို လေ့လာမိပါသည်။


 ထိုင်းနိုင်ငံနဲ့ ပတ်သက်သော သိလိုတာ မေးချင်တယ်ဆိုရင်
blissofus@gmail.com ကို စာရေးသားဆက်သွယ်နိုင်ပါတယ်။ 

အွန်လိုင်းမှ စာဖတ်သူ မိတ်ဆွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်မှာ
ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Tuesday, October 2, 2012

ထိုင်းလေကြောင်းလိုင်းများနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ ခေါင်းစပြူလာသော တိုးတက်မှုတွေကြောင့် 
ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများသည်လည်း တိုးတက်ပြောင်းလဲပြေးဆွဲလာကြပါပြီ။ 


 (၄ - အောက်တိုဘာလ - ၂၀၁၂) ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ 
အထက်မြန်မာနိုင်ငံမြို့တော် မန္တလေးသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲကြတော့မည်


မြန်မာနိုင်ငံသို့ သွားကြမည့် ကမ္ဘာလှည့်ခရီးသွားများအတွက် အဆင်ပြေရုံမျှမက
ဘန်ကောက်မြို့မှ အထက်မြန်မာပြည်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အချိန်ကုန်သက်သာပြီး ခရီးစဉ်ချောမွေ့အဆင်ပြေနိုင်ကြတော့မည်။

 

ထို့အပြင် Air Asia လေကြောင်းလိုင်းများသည်လည်း တစ်နေ့တာ ပုံမှန်ပြေးဆွဲချိန် နှစ်ချိန်မှ သုံးချိန်သို့ပြောင်းလဲထားပြီးဖြစ်သဖြင့် မိမိတို့နှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်ပြီ။


Bangkok Airway နဲ့ THAI Airway တို့သည်လည်း လေယာဉ်ချိန်များတိုးချဲ့ပျံသန်းလျှက်ရှိနေကြပါပြီ။



Air Asia လေကြောင်းလိုင်းတစ်ခုတည်းသာ 
ဒူမောင်းလေဆိပ် (ယခင်ဘန်ကောက်မြို့၏ လေဆိပ်အဟောင်း) သို့
 ပြောင်းရွှေ့သွားခြင်းဖြစ်ပါတယ်။  


နောင်လာမယ့်အနာဂတ်ကာလများမှာ မြန်မာနိုင်ငံရဲ့ ကောင်းသော ပြောင်းလဲခြင်းများနဲ့အတူ ခရီးလမ်းပန်းဆက်သွယ်ရေးများလည်း ချောမွေ့အဆင်ပြေလာတော့မည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ခြင်းများအပြင်
 မြန်မာနိုင်ငံသားများ သွားလာရေး လွယ်ကူကြတော့မည်ဖြစ်သဖြင့်
 မြန်မာနိုင်ငံ၏ ပြောင်းလဲလာသောတိုးတက်မှုများ  ရေရှည်တည်တံ့နိုင်စေဖို့ ဆုတောင်းလျှက် ...။

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower