Sunday, December 27, 2009

ကျောင်းဗီဇာနှင့် လာအိုခရီးစဉ် (အပိုင်း-၃)

လာအိုနိုင်ငံသွားဖို့ ဘတ်(၆၀)တန်ကားကို စီးပြီးနောက် နယ်စပ်ဂိတ်ကိုရောက်ပါလျှင် ထိုင်းနိုင်ငံမှ ဗီဇာအထွက်တုံး ထုရပါတယ်။ လာအိုဘက်ကို အဝင်တုံးထု ပြီးနောက်လာအိုနိုင်ငံကို ဝင်ခအနေနဲ့ ဘတ်(၂၀)ကောက်ခံပါသေးတယ်။ မိမိစီးလာတဲ့ ထိုင်းနိုင်ငံဘက်မှ ကားကို ပြန်တက်၍ ဆက်လက်ထွက်ခွာ လာတဲ့အခါ လာအိုနိုင်ငံ အဝေးပြေးကားဝင်းကို ရောက်ပါတယ်။ ကားဝင်းမှ ထိုင်းသံရုံးကို သုံးဘီးလို (သုတ်သုတ်)ကို ငှားစီးရပါတယ်။ ဈေးနှုန်းမှာ ဘတ်(၅၀)ခန့်ဖြစ်ပါတယ်။ ဈေးဆစ်နိုင်ရင် လျှော့ပေးပါတယ်။ တစ်ဦးချင်းသောလည်းကောင်း၊ အုပ်စုလိုက်သောလည်းကောင်း ငှားနိုင်ပါတယ်။ လာအိုနိုင်ငံမှာလည်း ထိုင်း ဘာသာစကားကို ပြောလို့ရပါတယ်။ လာအိုနိုင်ငံတွင် ထိုင်းငွေကို တိုက်ရိုက်သုံးနိုင်ပါတယ်။ ငွေလဲလှယ်ရန် မလိုပါ။ ထိုင်း ဘတ်(၂၀) လျှင် လာအို ငွေ (၅,ဝဝဝ)ခန့်နှင့် ညီမျှပါသည်။

လာအိုနိုင်ငံ၊ ထိုင်းသံရုံးရှေ့တွင် ဗီဇာထုတ်ပေးချိန် နေ့လည် (၁)နာရီမထိုးခင် စောင့်ဆိုင်းနေကြပုံ။

ကားဝင်းမှ ထိုင်းသံရုံးကို အရင်ဆုံး visa application form တင်ရန် သွားရပါမည်။သံရုံးကို ရောက်လျှင် တိုကင် နံပါတ်ကို အရင်ယူပါ။နိုင်ငံကူးစာအုပ်ရဲ့ကော်ပီစာရွက်များ၊ ကျောင်းမှ ထုတ်ပေးလိုက်သော စာရွက်များနှင့် ဓာတ်ပုံများကိုစိစစ်ပြီး နောက်ဆုံးလာအိုနိုင်ငံကို ဝင်လာခဲ့သော ဗီဇာစာမျက်နှာကို ကော်ပီကူးဖို့ လိုပါတယ်။ စာရွက်များစုံအောင်စစ်ပြီးရင် တိုကင်နံပါတ်ခေါ်တဲ့အချိန် စာရွက်တင်လို့ရပါပြီ။ သံရုံးက စစ်ပြီး ကိုယ့်စာရွက်တွေကို လက်ခံလိုက်တယ်ဆိုရင် ငွေသွင်းရန် တိုကင်ပေးပါတယ်။ သံရုံးထဲမှာ ငွေသွင်းရန် နေရာမှာ တစ်ခါစောင့်ဆိုင်းပြီး ငွေသွင်းရပါမယ်။ ဘတ်(၂,ဝဝဝ)ဖြစ်ပါတယ်။
ငွေသွင်းပြီး ဖြတ်ပိုင်းပေးပါတယ်။ ထိုဖြတ်ပိုင်းကို သိမ်းထားရပါမယ်။ စာအုပ်ကိုတော့ ဗီဇာတုံးထုဖို့ ပေးခဲ့ရပါတယ်။ နောက်နေ့ ထိုဖြတ်ပိုင်းဖြင့် မိမိ၏နိုင်ငံကူးစာအုပ်ကို ထုတ်ယူရပါမည်။ စာအုပ်တွင် ဗီဇာတုံးကို စစ်ဆေးရန် အရေးကြီးပါသည်။ နာမည်နှင့် visa type - Non ED မှန်ရပါမည်။

လာအိုဟိုတယ်တစ်ခုတွင်းရှိ အလှပြထားသော ငွေအိုး

နိုင်ငံကူးလက်မှတ် ကော်ပီစာရွက်နဲ့ လာအိုနိုင်ငံရှိ တည်းခိုခန်းများတွင် တည်းခိုရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံကူးလက်မှတ်စာအုပ်ကို ကော်ပီများများ ကူးထားရန်လိုအပ်ပါသည်။
ထိုင်းသံရုံးကနေ တည်းခိုခန်းကို သုတ်သုတ်လေးတွေနဲ့ တည်းခိုခန်းကို သွားပါမည်။ ဈေးသက်သာတဲ့ တည်းခိုခန်းကို တည်းလိုပါက Bliss of us အဖွဲ့ကို ဆက်သွယ်ပါနော်။ လမ်းညွှန်ပေးပါမည်။
တည်းခိုခန်းခများမှာ တစ်ညလျှင် ဘတ်(350)အခန်းသည် ဈေးအသက်သာဆုံးဖြစ်ပါသည်။ နှစ်ဦး ပေါင်းတည်းခိုပါက စာရိတ်သက်သာစေပါသည်။
(ကျောင်းဗီဇာရရန် လာအိုနိုင်ငံကို မထွက်ချင်တဲ့သူများအတွက် ထိုင်းနိုင်ငံမှာ ဆောင်ရွက်ရမည့် နည်းလမ်းများလည်း ရှိပါတယ်။ဆက်လက်ဖေါ်ပြပါမည်။


လေးစားစွာဖြင့်
bliss of us

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower