Friday, December 25, 2009

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ကျောင်းဗီဇာနှင့်ပတ်သက်၍...။

နောက်ဆုံး အသစ်ဖွင့်လိုက်တဲ့ ထိုင်းနိုင်ငံရဲ့ ရုံးချုပ်များတည်ရှိရာ အဆောက်အဦးကြီးပါ။
အဲဒီထဲမှာ immigration office တည်ရှိပါတယ်။
အခုတလော အမေးများနေတဲ့ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာနဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးလိုက်ပါတယ်။ အခုတော့ နည်းပညာတွေ တိုးတက်သလို ခေတ်တွေလည်း ပြောင်းလာတော့ ကျောင်းဗီဇာကို အရင်ကလို သုံးလတစ်ကြိမ်တိုးစရာ မလိုတော့ပါဘူး။
တစ်နှစ်တုံးထုပေးပါတယ်။ မည်သည့် ထိုင်းဘာသာသင်တန်းကျောင်းမှာ တက်တက် ဆောင်ရွက်ရမယ့် အစီအစဉ်တွေကတော့ ကျောင်းကို အနည်းဆုံး မိမိပတ်စပို့မှာ ဗီဇာလက်ကျန် တစ်လရှိရပါမယ်။ အကယ်၍ ဗီဇာလက်ကျန် တစ်လအောက် လျော့နည်းပါက Bliss of us အဖွဲ့သို့ အမြန်ဆုံးဆက်သွယ် မေးမြန်းရန်လိုပါတယ်။ ဆောင်ရွက်ရမယ့် အစီအစဉ်အသေးစိတ်ကို ဖေါ်ပြပေးလိုက်ပါတယ်။
ကျောင်းစအပ်လျှင် ဆောင်ရွက်ရန်
  • မိမိ စာအုပ်မှာ ထိုင်းဗီဇာ တစ်လရှိရမည်။
  • ကျောင်းလခ ပထမအရစ်အနေဖြင့် ဘတ်ငွေ 10,000သွင်းရပါမည်။ လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါတွင် နှစ်ပတ်အတွင်း ကျန်ငွေကို အကြေပေးချေရမည်ဖြစ်ပါသည်။ ကျောင်းလခသည် ကျောင်းအပ်ချိန်ပေါ်မူတည်သောကြောင့် အပြောင်းအလဲရှိတတ်ပါသည်။ ထို့ကြောင့် ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းလျှင် ပို၍ သင့်တော်ပါသည်။                         (ဖုန်းနံပါတ်။ ။08 5113 7722၊ 08 6600 3639)
  • ဓာတ်ပုံ (၇)ပုံ
  • ပတ်စ်ပို့စာအုပ် (စာမျက်နှာအားလုံး) မိတ္တူ တစ်စုံ
ကျောင်းစအပ်ပြီး ဗီဇာကုန်မည့်ရက်တွင် ထိုင်းနိုင်ငံရှိ လာအိုသံရုံးတွင် လာအိုဗီဇာယူ၍ မော်ချစ်အဝေးပြေး ဂိတ်မှ ထိုင်း-လာအိုနယ်စပ် နောင်ခိုင်မြို့သို့သွားရပါမည်။
လာအိုသံရုံးမှာ ဗီဇာလျှောက်တာကတော့ မခဲယဉ်းပါ။ formတင်ပြီး ချက်ချင်းယူလိုပါက ဈေးတစ်မျိုး၊ နောက်ရက် လာပြန်ယူရင် ဈေးတစ်မျိုးယူပါတယ်။ တစ်ချို့တွေက နေ့လည်ဗီဇာယူပြီး ညနေဘက် ကားဂိတ်တန်းဆင်းကြပါတယ်။ အများအားဖြင့် အမျိုးသား အများစုက ဒီလိုပဲ ပေါ့ပေါ့ပါးပါးလုပ်လေ့ရှိပါတယ်။ အမျိုသမီးအများစုကတော့ အလျှင်စလိုသွားရမှာကို စိတ်ပူကြတာကြောင့် ကြိုကြိုတင်တင် ဗီဇာယူထားတတ်ကြပါတယ်။
http://www.bkklaoembassy.com/consular%20service/visafee.htm
ဒါလေးက သံရုံးဗီဇာ ဘယ်လောက်ပေးရလဲဆိုတာကို ကြည့်ဖို့ ဆိုဒ်လိပ်စာပေးလိုက်ပါတယ်။


http://www.bkklaoembassy.com/consular%20service/visa_form.pdf
visa application form ကို ဒေါင်းပြီးဖြည့်သွားလဲရပါတယ်။
စာရွက်တွေ ဖြည့်ပြီးရင် ဓာတ်ပုံ (၂) ပုံကပ်ရပါမယ်၊ စာအုပ်နဲ့ စာရွက်တွေကို လာအိုသံရုံးမှာ ထားခဲ့ရပါမယ်။
ငွေသွင်းပြီးရင်တော့ သူတို့ပေးလိုက်တဲ့ ဖြတ်ပိုင်းနဲ့ ပတ်စ်ပို့မိတ္တူ ကိုယ့်ဆီမှာ ရှိနေရမယ်နော်။ နောက်ရက်
ဗီဇာရပြီဆိုရင်တော့ ထိုင်းနိုင်ငံ နယ်စပ်မြို့ နောင်ခိုင်တွင် မနက် (၇း၃ဝ) လာအိုနိုင်ငံသို့ ကူးမည့် ကားကို အချိန်မီစီးရန်လိုအပ်ပါသည်။ ဒီလိုအချိန်မီသွားရန်အတွက် ထိုင်းနိုင်ငံ မော်ချစ်အဝေးပြေးဂိတ်မှ ည(၉)နောက်ဆုံးထားစီးရပါမယ်။ အဘယ်ကြောင့်ဆိုသော် လာအိုနိုင်ငံရှိ ထိုင်းသံရုံးသို့ စာရွက်များတင်ရန် နေ့လည် (၁၂)နာရီမတိုင်ခင် ရောက်ရန်လိုအပ်ပါသည်။
(နောက်ပိုစ့်မှာ ဘာတွေ ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာကို ရေးပေးပါမည်)


စီဗုံးမှာ (မ)မိုးမိုး၊ မိန်းကလေးထင်လို့ပါ၊ ယောက်ျားလေးနာမည်လည်း ရှိတတ်တာကြောင့် မှားသွားရင် ခွင့်လွှတ်ပါနော်။ မိုးမိုး မေးခဲ့တာကို ဖြေရင်း အခုတလော အမေးများနေတဲ့ ထိုင်းနိုင်ငံနေထိုင်ခွင့်ဗီဇာကိစ္စကို ဖြေကြားလိုက်ပါပြီနော်။ ကျေနပ်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။


No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower