Friday, December 4, 2009

ကချနဘူရီမြို့

ဒီမြို့လေးမှာ အပန်းဖြေလည်စရာတွေများတဲ့အတွက် ညအိပ်နားနေပြီး စုံအောင်လည်မယ်ဆိုရင်လည်း ရပါတယ်။
ညအိပ်နားတဲ့အတွက် နှစ်ယောက်အိပ်ခန်းလေးတွေက ဘတ် (၃ဝဝ)မှ ဘတ်ထောင်ကျော်ထိ ပေးရတတ် ပါတယ်။ ဘန်ကောက်ထဲကနေ ကားငှားသွားမယ်ဆိုရင်တော့ ကားခ ဘတ်(၄ဝဝဝ)ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ဘာသာပြန်လမ်းညွှန်အတွက် ဘတ်(၁ဝဝဝ)ပေးရ ပါမယ်။ ဒီငွေတွေက တစ်ရက်အတွက်ကုန်ကျမှာဖြစ်ပါတယ်။
ကားသမားနဲ့ လမ်းညွှန်အတွက် စားသောက်စရိတ်၊ တည်းခိုနေရာနဲ့ မြို့ဝင်ကြေး၊ တံတားဖြတ်ခတွေကို ခရီးသည်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ထို့အပြင် တူနှစ်ကိုယ်ပဲဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်း တွေနဲ့ပဲသွားသွား ကိုယ့်စားသောက်နိုင်မယ့် စားစရိတ်ကိုပါ ထည့်တွက်ရန်လိုသေးပါတယ်နော်။ စားသောက် စရိတ်တွေကတော့ မြန်မာနိုင်ငံလိုပါပဲ၊ လမ်းခရီးမှာ စားသောက်ဆိုင်တွေ ဈေးတင်ရောင်းကြတာပေါ့။

ဘန်ကောက်မြို့ထဲကို ပြန်အိပ်မယ်ဆိုရင်တော့ လည်စရာနေရာတွေကို သဘောလောက်သာ လည်ပတ်ပြီး ပြန်မယ်ဆိုရင်............။
ဘန်ကောက်ထဲပြန်အိပ်မယ်ဆိုတော့လေ လေအေးပေးစက်ရှိတဲ့အခန်းမှာ နှစ်ယောက် အိပ်ခန်းလေးတွေက ဘတ် (၅ဝဝ)မှ ဘတ်ထောင်ကျော်ထိ ပေးရတတ် ပါတယ်။ ကျန်တာကတော့ ကားခတစ်ရက်စာပဲ ကုန်မှာပေါ့ နော်။ လမ်းညွှန်အတွက် အခန်းခသက်သာသွားမယ်။ သွားမယ့်နေရာကောင်းလေး စိတ်ကြိုက်နေရာ နှစ်နေရာ လောက်ရွေးပြီး လည်ပတ်ပြန်လာတဲ့အခါ အချိန်ကုန်လည်းသက်သာ၊ စရိတ်လည်း သက်သာနိုင်တယ်လေနော်။ ပိုသက်သာချင်ပါတယ်ဆိုရင်တော့ လိုင်းကားနဲ့ တစ်နေရာ တည်းကိုသာ သွားပြီးပြန်လာလည်း ရပါသေးတယ်။ ကိုယ်ကဘယ်လို ပုံစံမျိုးလည်ခြင်တာလည်းဆိုတဲ့ပေါ်မူတည်ပြီး Bliss of us အဖွဲ့က စီစဉ်ပေးပါမယ်။ အချိန်နဲ့ငွေ မျှတအောင်၊ နေရာတွေလည်း သွားရကျိုးနပ်အောင်ကူညီပေးပါမယ်။
ဒါကြောင့် ခရီးမထွက်ခင် စရိတ်လေးတွေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ စေတနာ ရှေ့ထားလို့ သတင်းစကားပါးလိုက်ပါတယ်နော်။

ကချနဘူရီမြို့မှ မရဏတံတား ဆည်းဆာအလှ

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower