Showing posts with label ChiangMai. Show all posts
Showing posts with label ChiangMai. Show all posts

Monday, April 23, 2012

“ပန်းတွေနဲ့ဝေ”

ပန်းကလေးတွေက လှတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဒီဇိုင်းလှလှ ဆင်ထားပါတယ်

အရုပ်လေးလည်း ပါသေးသဗျ...

ဘယ်လိုကြည့်ကြည့် “ရှုမဆုံးတော့သည်”...

ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့


ဒီဇိုင်းစိတ်ကူးလေး ကောင်းလိုက်တာ

ထားဝယ်မှိုင်းပန်းလေးတွေ....၊ ပန်းရနံ့လေး မွှေးမွှေးးးး


သဘာဝနဲ့ နည်းပညာ ပေါင်းစပ်လိုက်တော့ ချမ်းမြေ့လိုက်တာ

ခြံထဲက လမ်းလေး

အလှဆင်ထားတဲ့ ပန်းရုံလေးတစ်ခု

ဘဝအဖေါ်မွန်တွေနဲ့ အတူ

သစ်ပင်ကြီးတွေမှာ သစ်ခွကပ်စိုက်ထားတာလေးတွေ
ဘန်ကောက်မှာလည်း နေရာအတော်များများ အလှဆင်ထားတာ တွေ့ဖူးကြမှာပါ။

ထိုင်းနိုင်ငံတောင်ပိုင်းက ပတ္တရားမှာလည်း ပန်းခြံကြီးတစ်ခုရှိပါတယ်။ ပတ္တရားမြို့က ပန်းခြံထက် ပိုကျယ်ပြီး အမျိုးအစားပိုစုံတဲ့  မြောက်ပိုင်း ချင်းမိုင်မြို့က ပန်းခြံကို အနယ်နယ်အရပ်ရပ်က ထိုင်းလူမျိုးတွေတင်မကပဲ နိုင်ငံခြားသားများပါ စိတ်ဝင်စားကြတယ်။ ချင်းမိုင်မြို့က ရာသီဥတုကလည်း ပန်းတို့အကြိုက်ဖြစ်လေတော့ ပိုလှနေကြတာပေါ့။ ပန်းချစ်သူများအတွက် ပန်းခြံထဲမှာ တစ်နေ့တာလုံးနေရမယ်ဆိုရင် အချိန်တွေ ဘယ်လိုကုန်မှန်းမသိဖြစ်ကြမှာ ဧကန်ပါပဲ။ ချင်းမိုင်မြို့ကို ရောက်ခဲ့မယ်ဆိုရင် ပန်းခြံကြီးထဲကို သွားဖို့ မမေ့နဲ့အုံးနော်........

လေးစားစွာဖြင့်
bliss of us

Sunday, February 12, 2012

ချင်းမိုင်မြို့မှ ပန်းပွဲတော် (အပိုင်း-၅)

အိမ် သို့မဟုတ် ရုံးခန်းတွေမှာ indoor & outdoor အလှစိုက်နိုင်သော
ပန်းများကို နည်းပညာများနဲ့ အတူ Dasada Garden  ပြသထားပါတယ်။

 ပြခန်းရဲ့ အရှေ့မှာ လှပတဲ့ ပုံဖေါ်ဒီဇိုင်းများကို မြင်တွေ့နိုင်ပါတယ်။

ကလေးငယ်များနဲ့ အမျိုးသမီးများ အများဆုံးကြိုက်နှစ်သက်တဲ့ ပြခန်းတစ်ခုလည်း ဖြစ်ပါတယ်

 ဓာတ်ပုံရိုက်ဖို့ အလှည့်ကျ စောင့်ဆိုင်းနေသူများလည်း ပြည့်နက်နေပါတယ်
 
ကျောင်းသူငယ်လေးများ ပန်းခင်းများအကြားမှာ အမှတ်တရ

ပြပွဲလာ ဧည့်သည်များ အနှစ်သက်ဆုံး ပန်းပုံဖေါ်ပြကွက်တစ်ခု

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တွေ့ရတဲ့ ဟင်္သာဦးခေါင်းပုံစံဖေါ်ထားတဲ့ ပန်းပြကွက်

ကလေးငယ်များ သဘောကျတဲ့ လိပ်ပြာပုံပြကွက်

မီးပုံး (မီးပုံးလို့ ထင်တာပါပဲ) ပုံစံနဲ့ ပန်းစိုက်ခင်းများ

ကုက္ကိုပင်ကြီးပေါ်မှာ လေထဲ တလွင့်လွင့်နဲ့ သိပ်လိုက်ဖက်ညီလှပါတယ်

indoor အတွင်း အခုလို အပင်ကြီးနဲ့ သစ်ခွများကို ဒီလိုပုံစံ စိုက်နိုင်ကြောင်း ပြသထားတာပါတယ်။

လေးစားစွာဖြင့်
bliss of us

Friday, January 27, 2012

ချင်းမိုင်မြို့မှ ပန်းပွဲတော် (အပိုင်း-၄)

ပွဲတော်မှာ မုဉ်ဦးကို အပင်တွေနဲ့ ပုံစံဖေါ်ထားတာလေးတွေ တော်တော်လှပါတယ်

 လှပတဲ့ ရှုခင်းတွေအပြင် သီးနှံတွေစိုက်ပျိုးဖြစ်ထွန်းမှုကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်

 ကလေးငယ်များအတွက် လွတ်လပ်ပျော်ရွှင်မှုကိုလည်း သူတို့နိုင်ငံက နေရာတိုင်းမှာ အလေးထားကြတယ်

ကစားမလား နားမလား

နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုပြကွက်တွေလည်း မြင်တွေ့နိုင်ပါတယ်

ပြပွဲ ပြသမှုတွေနဲ့ ချင်းမိုင်မြို့က တောင်တန်းတွေက ပဏာရ လှပနေလိုက်တာ

စိုက်ပျိုးနည်းစနစ်တွေကို အမျိုးမျိုး ပြသထားပါတယ်

သဘာဝလေးအတိုင်းလို ငြိမ်းချမ်းတဲ့နေရာလေး တစ်ခု

ရုပ်ရုပ်လေးက “စဝါဒီခပ်” 

လေးစားစွာဖြင့်
bliss of us

Saturday, January 14, 2012

ချင်းမိုင်မြို့မှ ပန်းပွဲတော် (အပိုင်း-၃)

Energy Garden For Sustainable Life 
 အဆင့်မြင်သခွါးစိုက်ပျိုးရေးနဲ့ သခွါးစဉ်လို့ ပြောရမလားတောင် မသိဘူးနော်.....

 ပီတီတီက ပြသတဲ့ သဘာဝစွမ်းအင် အသုံးချပြခန်းလေးတစ်ခုပါ

 ကိုယ့်ခြံထဲမှာ ဥယျာဉ်စိုက်ပျိုးတဲ့အခါ သီးစားပင်တွေကို စဉ်လုပ်မယ်ဆိုရင် နေချင်စဖွယ်လေးလည်းဖြစ်၊ နေရာလည်း မပုပ်တော့ဘူးနော်

 မေးချင်တာတွေကို ဖြေပေးမယ့် ဝန်ထမ်းများက စောင့်ပေးနေကြပါတယ်

 သဘာဝလေးတွေနဲ့ ဖေါ်ကျူးထားတာနော်

 စိမ်းလန်းခြင်းက အေးချမ်းနေတာပေါ့...

 မိုးလုံလေလုံ ကွပ်ပျစ်လေး...

 အသီးအစစ်တွေ...

သဘာဝအလှတွေထဲ သမီးလည်း ပျော်ပါတယ်

 
ဒီပြခန်းလေးထဲ ဝင်ကြည့်ပြီး ထွက်လာတဲ့အခါ ဆပ်ပြည်မွှေးရည် သို့မဟုတ် ပန်းကန်ဆေးရည် သို့မဟုတ် ခေါင်းလိမ်းဆီမွှေး တစ်ခုခုရွေးချယ်ရယူနိုင်ပါတယ်....
လေးစားစွာဖြင့်
bliss of us

Tuesday, January 10, 2012

မြောက်ပိုင်းမြို့တော် ချင်းမိုင်

အပိုင်း(၂)
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့မှ မြောက်ဘက် ကီလိုမီတာ(၇၀၀)၊ မိုင်ပေါင်း (၄၃၅) အကွာအဝေးတွင် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့တည်ရှိပါသည်။ ဟိုးယခင်က ချင်းမိုင်မြို့ကို ဇင်းမယ်မြို့ဟူ၍ ခေါ်တွင်ခဲ့သေးသည်။

ခြံဝန်းကျယ်ကျယ်မှာ ဒီလို ဒီဇိုင်းလေးနဲ့ စိတ်ကူးယဉ်ကြည့်ပါလား ...

မဟာပိန္နဲကိုယ်တော်ကြီး ဒီထဲ ရောက်နေပါ့လား ...

 ထိုင်းဘုရင်မင်းမြတ်ပုံတော်နဲ့ ပန်းတွေနဲ့ အလှဆင်ထားတဲ့ ဆင်ရုပ်

ခရမ်းချဉ်သီးတွေ ဇောက်ထိုးဖြစ်နေပါလားနော် ...း)

အေးရိပ်ငြိမ်

ပွဲခင်းထဲ လျှောက်လည်ရင်စီးရမယ့်ယာဉ်နဲ့ ဈေးနှုန်းတွေ

အိမ်က ခြံဝန်းထဲမှာ ဒီလိုလေး ပြင်ထားချင်သလား

ဂျိုးဂျိုးဂျွတ်ဂျွတ်စားချင်စရာ သခွါးသီးများ
အင်တာနက်ထဲ ရှာကြည့်တဲ့အခါ အောက်ပါစာပိုဒ်လေးကို ဘုန်းဘုန်းရဝေနွယ်ဆိုဒ်ထဲမှာ တွေ့ရပါသည်။ 
ဤ အနေကဇာတင်ခြင်း အစဉ်အလာသည် သမိုင်းကြောင်း အရဆိုသော် ကြာမြင့် လှသေးသည် မဟုတ်ချေ၊ ၉၂၁ - ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) မင်းတရားကြီးသည် ၉၂၆ - ခုနှစ်တွင် ဇင်းမယ်ကို သိမ်းယူ အုပ်စိုးတော် မူခဲ့သည်၊ ထိုသိမ်းယူစ အချိန်က ဇင်းမယ် မဟာဒေဝီအား မြို့စားအဖြစ် ထားခဲ့သေးသော်လည်း ၉၄၁ - ခုတွင် သားတော် နော်ရထာစော အား ဇင်းမယ် ကိုပေး၍ မင်းပြုစေခဲ့သည်၊ ဇင်းမယ် ဘုရင် နော်ရထာစော သည် ဇင်းမယ်ကို မင်းပြုရာ၌ ဗုဒ္ဓသာသနာ တော်ကိုပါ ပြုစု တိုးတက်စေခဲ့ရာ ဇင်းမယ် ရိုးရာ ဖြစ်သော ဂြိုလ်ကြီးကိုးလုံး ပူဇော်သော အလေ့အထကို သာသနာပြု ဆရာတော်များနှင့် တိုင်ပင်၍ ဘုရားကိုးဆူ ပူဇော်သော အလေ့သို့ ပြောင်း၍ ပေးခဲ့သည်၊ ထို့ပြင် ဘုရား ကိုးဆူအား အမွန်းတင် ရွတ်ဆိုရာ၌ အနေကဇာတိ သံသာရံ စသော ဂါထာများဖြင့် အမွှန်းတင်၍ အနေကဇာတင် အစီအစဉ်များ ကိုပါ စီစဉ် ခဲ့လေသည်။
ထို အခါမှစ၍ ဘုရားကိုဆူ ပူဇော်ခြင်း၊ ဘုရားအနေကဇာ တင်ခြင်း ကိစ္စများ ဖြစ်ပေါ်လာပြီး ကောင်းသော ကိစ္စများ ဖြစ်သည့်အတိုင်း ဇင်းမယ်မှာ သာမက မြန်မာနိုင်ငံ သို့ပင် ရောက်ရှိ ပြန့်နှံ့၍ လာခဲ့လေသည်။

“ စဝါဒီခ”

ဆက်ပါအုံးမည်...

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower