Friday, July 29, 2011

ကမ်းခြေနဲ့ သဘာဝအလှတရား

ပါတောင်ကမ်းခြေ

အမောတွေပြေတဲ့ နကကမ်းခြေ

ရေလေးတွေက သိပ်လှ၊ သိပ်ကြည်...

လျှိုမြောင်တွေကြားထဲမှာ ထူးဆန်းတဲ့ ပနတ်ကျွန်း

ပြာသော ကောင်းကင်အောက်မှာ ချစ်စရာ...။

အားဖြည့်ပါဝင်ကူညီပေးသော ညီမငယ်လေး-ဝတ်ရည်အား အထူးကျေးဇူးတင်ပါကြောင်း။

လေးစားစွာဖြင့်
bliss of us

Wednesday, July 27, 2011

အမှတ်တရများ အပိုင်း (၂)

အပိုင်း(၂)

ထိုင်းနိုင်ငံအပန်းဖြေစရာနေရာတိုင်းမှာလိုလို ဆင်စီးနိုင်အောင် ဝန်ဆောင်မှုတွေရှိနေပါတယ်။

ဘုရားဝင်းအတွင်းနေရာလေးတွေမှာ ဘုရားဖူးနိုင်ရုံမကပဲ စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတွေပါ။

နေကြာစိုက်ခင်းတွေမှာ အပန်းဖြေစရာနေရာတစ်ခုအဖြစ် ပြုလုပ်ပေးထားပါတယ်။ 
စိုက်ခင်းမှ ဝင်ငွေရခြင်းအပြင် အပန်းဖြေစရာနေရာအတွက် ဝင်ကြေးငွေပါရရှိတော့ 
ဥယျာဉ်ခြံမြေပိုင်ရှင်များအတွက် ဝင်ငွေတိုးစေတာပေါ့။


ပတ္တရားမှာ အပန်းဖြေစရာ ကမ်းခြေနေရာအပြင်
ကျောက်တောင်ကြီးကို လေဆာနဲ့ ပစ်ခွင်းလို့
မြတ်စွာဘုရားရုပ်ပွါးတော်ပုံ ကောက်ကြောင်းရှိတဲ့ဆီကိုလည်း သွားလည်သင့်ပါတယ်။

နာမည်ကျော် ဖူးခက်မြို့နားက ကမ္ဘာကျာ်မင်းသား ဂျိန်းစဘွန်း ရုပ်ရှင်ရိုက်ကူးခဲ့ရာနေရာကို
အစွဲပြုလို့ ဂျိန်းစဘွန်းကျွန်းစုလို့ နာမည်တွင်သတဲ့။

လေးစားစွာဖြင့်
bliss of us

Friday, July 22, 2011

“လွယ်မယောင်နဲ့ ခက်”

သုဝဏ္ဏဘူမိလေဆိပ် အပိုင်း(၂)

 ပုံပေါ်ကို ကလစ်နှိပ်၍ ကြည့်ပေးပါနော်

 ဒီပုံလေးကိုလည်း ကူးယူနိုင်ပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လေဆိပ်ကို မြန်မာခရီးသွားများအနေဖြင့် 

လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဘန်ကောက်လေဆိပ်တွင် ကြိုဆိုပေးနိုင်မည့်သူ အခက်အခဲရှိခြင်း၊

လေယာဉ်ဆိုက်ရောက်ချိန် ညလယ်ဖြစ်ခြင်း 

စသော အကြောင်းအမျိုးမျိုးရှိကြသည်ဖြစ်ရာ 

အစစ အဆင်ပြေစေနိုင်ရေးအတွက် ကြိုတင်လမ်းညွှန်ပေးလိုက်ပါရစေနော်။ 

အခြားသော အခက်အခဲများရှိပါလျှင် အီးမေးဖြင့် လွယ်ကူစွာစုံစမ်းမေးမြန်းနိုင်ပါတယ်။

လေးစားစွာဖြင့်
bliss of us

Thursday, July 21, 2011

အမှတ်တရများ

 အယုဒ္ဓယမြို့မှ ငှက်ဘုရားဝင်းအတွင်း အမှတ်တရ

 မြဘုရားဝင်းအတွင်း

  အယုဒ္ဓယမြို့ရှိ ဝပ်မဟာထပ် ဝင်းအတွင်း

 အယုဒ္ဓယမြို့ဟောင်း ဇီးပင်ရိပ်အောက်ဝယ်

အယုဒ္ဓယမြို့ရှိ ဒေသခံများနဲ့ အမှတ်တရ

Bliss of Us မှ ဧည့်သည်တော်များ၏ ဓာတ်ပုံများကို
အမှတ်တရမှတ်တမ်းအဖြစ် တင်ဆက်ခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
bliss of us

Thursday, July 14, 2011

အယုဒ္ဓယရောက် မွန်ဘုရင်တစ်ပါး၏ ပုံတော်


မင်းဝတ်တံဆာအပြည့်အစုံနဲ့ မွန်စာသားပါ ရွှေမှန်ဘောင်သွင်းထားတဲ့ မွန်ဘုရင်တစ်ပါး၏ ပုံတော်
 
ထိုင်းနိုင်ငံရှိ သမိုင်းဝင်ရှေးဟောင်း မြို့တော်လည်းဖြစ်၊ မြန်မာနဲ့ ထိုင်းလူမျိုးတို့ သမိုင်းဝင် အကြောင်းတွေ အများဆုံးလည်းရှိခဲ့တာကြောင့် မြန်မာတို့ ထိုင်းလာလည်ရင် အယုဒ္ဓယတော့ ရောက်အောင်သွားကြပါတယ်။ နေရာနဲ့ ထူးခြားမှုလေးတွေကို သတိထားမိအောင် ခရီးစီစဉ်တဲ့သူက ပြောပြနိုင်ရင် ဧည့်သည်တွေအတွက် ပိုအကျိုးရှိစေနိုင်တာပေါ့။

ဘန်ကောက်မြို့ကနေ ကိုယ်ပိုင်ကားနဲ့ တစ်နာရီခွဲလောက်ဆိုရင် အယုဒ္ဓယမြို့ကို ရောက်တာကြောင့် နေ့ချင်းပြန် မပင်မပန်းပဲနဲ့လည်း ဘုရားတွေ ဖူးနိုင်၊ လေ့လာနိုင်ပါတယ်။ ခရီးတစ်ခုကို မသွားခင် မြို့တစ်မြို့ရဲ့ အကြောင်လေးတွေ သွားလည်မယ့် နေရာလေးတွေကို စီစဉ်တကျ စီစဉ်ပေးနိုင်မယ့်သူရှိရင် ဧည့်သည်များအတွက် ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။ ဘာသာပြန် သို့မဟုတ် စကားပြန် သို့မဟုတ် ကိုယ်နဲ့ နီးစပ်ရာ လိုက်ပို့မယ့်သူက တခေါက်တစ်ခါ တကူးတက လာရောက်ကြတဲ့သူတွေအနေနဲ့ အချိန်ကုန်သက်သာ လူပင်ပန်းသက်သာစေအောင် ကူညီစီစဉ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


ဒီပုံတော်တည်ရှိရာနေရာကတော့ အယုဒ္ဓယမှာ ငှက်လေးတွေရှိတဲ့ ဘုရားကို သွားမယ်လို့ ပြောရင်လည်း ရပါတယ်၊ မျက်မှန်နဲ့ ကိုရင်လေးရုပ်ထုလေးတွေ အများကြီးရှိတဲ့နေရာလို့ ညွှန်ရင်လည်း ဖြစ်ပါတယ်။ အဲဒီနေရာ ရောက်တဲ့အခါ ဓာတ်တော်တွေထားတဲ့ အာရုံခံတန်ဆောင်းအတွင်း နံရံထက် တစ်နေရာမှာမြင်နိုင်ပါတယ်။ မြန်မာနိုင်ငံ ပဲခူးမြို့ကို ရောက်ခဲ့ဖူးတဲ့ ထိုင်းဘုရင်နရဲ့စွမ်ရုပ်ထုနားက နံရံထက်မှာဖြစ်ပါကြောင်း လက်ဆင့်ကမ်း သတင်းပေးလိုက်ပါတယ်နော်။


လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower