Showing posts with label Attractions in BKK. Show all posts
Showing posts with label Attractions in BKK. Show all posts

Sunday, August 19, 2012

“မြစ်တစ်စင်း၏ ခမ်းနားမှု”

ကျောက်ဖရားမြစ်ပြင်မှ ဖြတ်တိုက်လာတဲ့ လေနုအေးကို ခံစားရင်း
 မြစ်တစ်စင်းရဲ့အလှများကို ခံစားကြရအောင်နော် ...။

မြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းနေတဲ့ ခရီးသည်တင် စက်လှေတစ်စီး

နေ့လည်ချိန်ဆိုရင် မြစ်ပြင်တစ်လျှောက် နိုင်ငံခြားသား ခရီးသည်တွေများတယ်၊

 မနက်စောစောဆိုရင်တော့ ဘန်ကောက်မြို့အနောက်ဘက်မှာနေတဲ့
ဝန်ထမ်းတွေ ရုံးချိန်မှီအောင် အပြေးအလွှားရုံးတက်ကြရပါတယ်။

 စက်လှေ အတက် အဆင်းကို ဝန်ထမ်းများက သေချာဂရုစိုက်ပေးကြပါတယ်

Group Tour တွေကို လိုက်ပို့တဲ့ စင်းလုံးငှား ထိုင်းရိုးရာစက်လှေများလည်း ဟိုမှာ သည်မှာ ...။

 မြစ်ထဲမှာ ကင်းလှည့်ကယ်ဆယ်ရေး ရေယာဉ်များလည်း အသင့်

 ဟိုတယ်ပိုင် ရေယာဉ်များ

မြစ်ကြောင်းတစ်လျှောက် ခရီးသည်များ စိတ်တိုင်းကျ လည်လည်သွားဖို့ စင်းလုံးငှားစက်လှေများ



 မြစ်ကမ်းဘေးက မြင့်မြင့်မားမား ဟိုတယ်

လေးစားစွာဖြင့်
bliss of us 

Sunday, June 10, 2012

သားသား လည်လည်သွားခဲ့တဲ့ ဘန်ကောက်မြို့တော်...။

သားသားတို့ ဘန်ကောက်မြို့ကို
လည်လည်ထွက်ဖို့ ဝေဟင်မှာ လေယာဉ်ကြီးစီးပြီး သွားခဲ့ပါတယ်ခင်ဗျာ...

မြဘုရားဝင်းထဲက  ရွှေရောင်ဝင်းနေတဲ့ တိုင်လုံးကြီးတွေကြားမှာ
ကျောပိုးအိတ်လေးနဲ့ သားသားစတိုင် သိပ်မိတယ် မဟုတ်လားခင်ဗျာ...

ထိုင်းရဲသားကြီးနဲ့သားသား အရပ်သွားတိုင်းခဲ့သေးသဗျ ...

သွားရင်းလာရင်း ပိုစာတာကြီးတွေရှေ့မှာ ခဏတာ ခြေဆန့်လက်ဆန့် အေးဆေးပေါ့ဗျာ ...

သားသားကလေ .....ပင်ဂွင်းလေးတွေနဲ့ ဆော့ခဲ့သေးသဗျ ...

သားသားကို လာနှုတ်ဆက်နေတယ်ခင်ဗျ...

Siam Ocean World  ထဲက ကရုကမာကြီးထဲမှာ ပေါက်ပေါက်ဆုပ်လေးတွေ စားရင်း

လိပ်ဖိုးဖိုးနဲ့ လိပ်မြေးလေး အဲ...ဟုတ်ပေါင် သားသား

ရေအောက်ကမ္ဘာထဲမှာ ညက်မှန်လေးနဲ့ ခင်ဗျ...

ဟိုက်... ကျားကြီးဗျ၊ တကယ့်အကောင်ကြီး အောက်မေ့လို့ဗျာ လန့်ထာ ...

ရုပ်ရုပ်ကြီးပါလားဗျ...စဝါဒီခပ်လို့ သားသား နှုတ်ဆက်လိုက်မယ်နော်

တုတ်တုတ်လေးနဲ့ တူပျော်ပျော် လည်လည်သွားဖို့ ခေါ်မယ်နော်...။

သားသားလေးရဲ့ ဓာတ်ပုံတွေကို web page မှာ အမှတ်တရ တင်ဆက်ခွင့်ပြုခဲ့တဲ့အတွက် 
bliss of us မှ အထူးကျေးဇူးတင်ရှိပါကြောင်း။

ခင်မင်လေးစားစွာဖြင့်
bliss of us

Sunday, February 5, 2012

ဘန်ကောက်မြို့တွင်း တစ်နေ့တာ ဘုရားဖူးခရီးစဉ်

မြဘုရားနှင့် ရွှေနန်းတော်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံး ဦးတိုက် ရှိခိုးလေ့ရှိပါတယ်။ မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ ညနေပိုင်းဆိုရင် နန်းတော်ထဲ ပွဲတော်တခုခုအတွက် ပြင်ဆင်လေ့ရှိတာကြောင့် မနက်စောစော သွားဖူးတာက ပိုစိတ်ချရပါတယ်။
ဘုရားဖူးသွားမည့် ဧည့်သည်များအနေဖြင့် ဘောင်းဘီ အတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊ T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။ အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှားဝတ်နိုင်ပါတယ်။ ဘုရားဝင်းပြင်ပတွင်လည်း စပန့်သား ဘောင်းဘီများအရှည်များကိုလည်း ရောင်းချပေးနေသည့်အတွက် ဧည့်သည်များအနေဖြင့် အဆင်ပြေစွာဝယ်ယူဝတ်ဆင်နိုင်ပါတယ်။


အင်တာနက်စာမျက်နှာတွင်းရှိ ယူကျူ့လင့်ထဲမှာ မြဘုရားဝင်းအတွင်း ရိုက်ကူးထားတာအပြင် ထိုင်းဘာသာ ဘုရားသီချင်းကိုပါ နားဆင်နိုင်ပါတယ်။



မြဘုရားသမိုင်း (အင်တာနက်စာမျက်နှာများမှ မြဘုရားသမိုင်းများကို စုစည်း ကူးယူတင်ဆက်ပါသည်။)
ထိုင်းဟာ အတိတ်က လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။ တကယ်တော့ ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီး လာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ ဆင်းတုတော်ပါ။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာ အဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာ ဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက် ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာ ဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့် ပြည်သူတွေရဲ့ သဒ္ဒါတရား ကို ခုလို အသိအမှတ်ပြု လေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို ဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစား ခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းက လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ 
http://borderlessburmesebloggers.blogspot.com/2008/09/blog-post_04.html မှ ကူးယူပါသည်။

 
မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင် ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁ (1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက်ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူ ကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။ ယုံကြည်ရသော ရာဇ၀င်သမိုင်းမှတ်တမ်း ထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက် တွေ့ရှိခဲ့ရလေသည်။ ဆင်းတုတော်ကို ကျောင်းထိုင် ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင်သွားခဲ့သည်။ တစ်နေ့သော အခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ်ကွာကျပြီး အတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကို ဆရာတော်က တွေ့ရှိလိုက်ရလေသည်။ ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။ ထိုင်းတွေ၏အဆိုအရ မြဆိုသည်မှာ အစိမ်းရောင်ကိုခေါ်ခြင်းဖြစ်ေ
လသည်။
ထိုသတင်းကိုကြားကြသောအခါ လူအများသည် မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်က ချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။ ထို့နောက် ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ ပင့်ဆောင်ရန် ဆင်တော်ကိုလွှတ်လိုက်လေသည်။ သို့သော အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သော အခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။ ဆင်တော်က သုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကို ထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေး ရပြီးနောက် ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။
AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။ သမီးတော် ချိုင်းချက်သ Chaichettha မင်းသားဖွား  မြင်တော်မူသည်။ ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကို ထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။ သို့သောငြားလည်း သူ၏ခမည်းတော် လာအိုဘုရင် နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။ ထို့ကြောင့် AD- 1552 တွင် မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော Luang Prabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။ ချင်းမိုင်ဝန်ကြီးများကို သူပြန်လာ ပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှ မပြန်ခဲ့သလို မြဘုရားသည်လည်း လူအမ်ပရာဘန်တွင် ၁၂ နှစ်တိုင်တိုင်း စံပယ်နေခဲ့ရလေသည်။
AD- 1564 တွင် ဘုရင်ချိုင်းချက်သသည် လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကို ဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကို ဗီရန်တိန် Vientiane သို့ ပြောင်းရွှေ့စိုးစံခဲ့ရတော့သည်။ ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း ၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရတော့၏ ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦး အဖြစ် ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက် မြဘုရားကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။
ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်း နန်းတော်အတွင်း ထည့်သွင်း စံပယ်တော်မူစေလေသည်။ ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော အဆောင် တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။ ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD- 1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။ ရာမဘုရင် ၁ က မြဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့် မိုးတွင် သင်္ကန်းကပ်လေသည်။ ရာမဘုရင် ၃ က (1824 – 1851) တွင်မူ တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါ ကပ်လှူလေသည်။ မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကို နှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။ ဥာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။ ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။ ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန် တရားထိုင်နေပုံမှာ တောင်ပိုင်း အိန္ဒိယနှင့် သီရိလင်္ကာ ဟန်နှင့် ဆင်တူနေလေသည်။ မြဘုရားကို ထိုင်းတွေက ၀ပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။ ၀ပ်ဆိုသည်မှာ ဘုရား၊ ကရောက်က ကျောက်စိမ်း။
ပြေ (ဆေး၂) မဟေသီ
October 2007
www.shanniyouth.blogspot.com  မှ ကူးယူပါသည်။

ဘန်ကောက်မြို့တွင်း ရေကြီးပြီးသည့်နောက်ပိုင်း ယခုရက်များတွင် မြဘုရားသို့လာရောက်ကြသော ဘုရားဖူးလာဧည့်သည်များ အဝင်ဝမုဉ်ဦးအထိ ကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိပုံ


 တာဝန်ချိန်ပြီးဆုံး၍ မြဘုရားဝင်းအနီး ရွှေနန်းတော်ထဲမှ ထွက်လာသော စစ်သည်တော်များ

 ဝပ်အာရုဏ်

ခရီးသွားများအနေဖြင့် ကျောက်ဖရားမြစ်နဘေး မြစ်အလှကို ခံစားရင်း စေတီလက်ရာများကို လေ့လာကြပါသည်။
ဘုရားဝင်းအတွင်းမှာ မြစ်ဟိုဘက်ကမ်းရှိ မြဘုရားရှိရာသို့ အခုလို လှမ်းမြင်နိုင်ပါတယ်။ 

http://blissofus.blogspot.com/2011/09/blog-post_26.html ဒီလင့်ကို နှိပ်၍ လေ့လာနိုင်ပါတယ်။

ရွှေဘုရား
 ရွှေဘုရားရှိရာ ဘုရားဝင်းအတွင်းမှာ ရုပ်ပွါးတော်တစ်ဆူ
http://blissofus.blogspot.com/2010/08/wat-traimit.html


တောင်ပေါ်ဘုရား
တောင်ပေါ်ဘုရားကိုတော့ အများအားဖြင့် ညနေပိုင်းမှာ သွားကြပါတယ်။ ဘုရားဖူးရင်း Sunset ကြည့်နိုင်ပြီး ဘန်ကောက်မြို့ကွက်ကိုပါ တက်ရောက်ကြည့်ရှုလေ့ရှိကြပါတယ်။


ဗုဒ္ဓမွန်ထုံ

 ဘန်ကောက်မြို့တွင်း အချိန်ရလျှင် မြို့ထဲနှင့် သိပ်မဝေးလှတဲ့ ဗုဒ္ဓမွန်ထုံဘုရားသို့လည်း သွားရောက်နိုင်ပါတယ်။
http://blissofus.blogspot.com/2011/05/blog-post_16.html 

ဘန်ကောက်မြို့အနောက်ဘက်ရှိ ထိုင်းနိုင်ငံ၏ အကြီးဆုံးစေတီတော်ကြီးကို ဖူးမျှော်နိုင်ပါတယ်။
http://blissofus.blogspot.com/2010/12/blog-post_18.html
ဖေါ်ပြပါလင့်တွေမှာ ဘုရားများနဲ့ ပတ်သက်ပြီး ပိုစ့်တွေ ရေးသားပေးထားပါတယ်။

ဘန်ကောက်မြို့တွင်းနှင့် မြို့အထွက် ဘုရားစေတီများပါ မကျန် စုံအောင်ဖူးမည်ဆိုပါက အချိန်နှစ်ရက်ခန့်ပေးနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း သတင်းစကားလက်ဆင့်ပါးပါရစေနော်။
လေးစားစွာဖြင့်
bliss of us

Saturday, January 21, 2012

ဧရာဝဏ်ဘိုးဘိုးကြီး

ပန်းတွေ ဆက်သထားတဲ့ အရှေ့ဘက်မြင်ကွင်း

 အနောက်ဘက်မြင်ကွင်း

ဘေးက မြင်ရတဲ့အခါ

 
ဒီနတ်ကွန်းကတော့ မြန်မာတွေ အသိများတဲ့ ပသူနမ်လို့ခေါ်တဲ့နေရာမှာရှိပါတယ်

အဓိဋ္ဌာန်ဖြင့် လှူထားကြသော ဆင်လေးကောင် ရုပ်ထု

ပုံသဏ္ဍန်အမျိုးမျိုးနဲ့

ကြေးဖလားအိုးထဲမှာ ပိုက်ဆံအကြွေစေ့လေးတွေ ထည့်ထားပါတယ်

မလှမ်းမကမ်းက ကြေးဖလားအိုးကြီးထဲမှာတော့ ဘေးကင်းစေတဲ့ ရေနဲ့ ဦးခေါင်းတို့ မျက်နှာကို ဖြန်းကြပါတယ်။ 

ညီမလေးတစ်ယောက်က မေးပါတယ်။ ဧရာဝဏ်နတ်သားကို ကန်တော့ရမလားတဲ့၊ လေးမျက်နှာဘုရားဆိုတာ ဘုရားနဲ့ တူပါသလားတဲ့။ မတူပါဘူး။ လောကမှာ အတုမရှိသော မြတ်စွာဗုဒ္ဓ မဟုတ်ပါကြောင်း အဖြေပေးလိုက်ပါတယ်။
အရင်တုန်း တင်ထားပြီးသား ပိုစ့်က ဒီမှာပါ http://blissofus.blogspot.com/2010/08/erawan.html
ဒါကြောင့် ကိုးကွယ်သင့်လား၊ ကန်တော့ရမလားဆိုတာတော့ ကိုယ်ပိုင်ယုံကြည်မှုပေါ်မှာမူတည်ပါတယ်။

 မြန်မာတွေကတော့ ကိုးကွယ်မှုဆိုတာထက် အဓိဋ္ဌာန်ဆုတောင်းသွားလုပ်ကြတာများပါတယ်

 မြန်မာပြည်က နတ်ကနားပေးသလိုပဲ သူတို့လည်း နတ်ချော့တေးဖြင့် ပူဇော်ကြပါတယ်

လေးမျက်နှာဘုရားလို့ သုံးစွဲမယ့်အစား ဧရာဝဏ်ဘိုးဘိုးကြီး နတ်ကွန်းနေရာလို့ သုံးစွဲရင် ပိုမှန်ပါလိမ့်မယ်။

 ဒီနတ်ကွန်းရှိတဲ့နေရာ အပေါ်ဘက်မှာ ရထားတွေ သွားနေကြတာကို နိုင်ငံခြားသားတွေလည်း ဓာတ်ပုံရိုက်နေကြတာပေါ့။ အခုလို ရထားနှစ်စင်း လာချိန်ကို စောင့်ပြီး ရိုက်နေကြတာဖြစ်ပါတယ်။

 ဒါလေးကတော့ အဆောက်အဦးကို ဝင်တိုးတာ့မလိုလိုနော် :)

လေးစားစွာဖြင့်
bliss of us

Wednesday, October 5, 2011

လမုနရ်း

Lak Muang
နန်းဦးဘုရားများ

ဘုရင်တို့ရဲ့ အရိုးပြာအိုး

Sao Lak Muang or the city foundation pillar was raised on 21 April 1782 when King Rama I established Bangkok as the capital of Thailand.

In accordance with Thai custom, the city pillar was raised and blessed before construction on the Grand Palace, the Temple of the Emerald Buddha and the rest of the city commenced.

The original site of the city pillar was at the southwestern corner of Sanam Luang. However, rumor has it that on the day the pillar was raised, four snakes crawled under the shrine and were killed. Soothsayers interpreted this as an ominous sign that Bangkok would only last as the capital for 150 years.

In the reign of King Rama IV, these rumors were promptly squashed. Well-versed in astrology, King Rama I chose an auspicious date to rebuilt the city pillar on a more auspicious site.

On 05 December 1853, the city pillar was rebuilt in the southeastern corner of Sanam Luang, across the road from the Grand Palace, where it remains to this day.

Lak Muang or the City Pillar Shrine consists of a square building with openings on all four sides. In the center of the room are two gold pillars and six elephant tusks. The roof has three levels of ornate gables on each side and a dazzling white multi-tier square spire.
King Rama I also included three guardian angels for the new capital city shrine. Two of these guardian angels are in the Theparat Shrine, just to the right of the main shrine as you enter from Lak Muang Road.
At the center of the Lak Muang complex is a simple shed with an altar where it's usual to see devotees pray and make offerings of food and flowers. To the side is a huge table laden with food and four bowls of holy water for people to wash hands and faces.

At the other end of the garden is another building also with an altar where others can be seen praying. Traditional dancers can be seen performing on a nearby stage as part of the thanksgiving ceremony. 

Take a rest under the shady sala or pavilion and watch the ceremonies and proceedings. As an auspicious place, it's customary for residents to come to the shrine to make wishes.
When their wishes come true, they reciprocate with prayers and offerings of food and flowers. From the number of devotees and food at the shrine, many wishes must have come true.
Lak Muang or the City Pillar Shrine represents the foundation stone of Bangkok, the start point of the city and the Rattanakosin era. It's the origin of a capital city and a dynasty that's more than 220 years old!


Major restoration to the Bangkok City Pillar Shrine
The City Pillar Shrine or Sao Lak Muang has undergone a major facelift to restore the national monument to its former glory.
This is the first major restoration work in 20 years. Over the years, corrosion and deterioration has caused the shrine to be a dilapidated state. The work was completed in February 2007.
(bangkok tour attractions brochure မှ စာသားများ ကူးယူဖေါ်ပြပါသည်။)

လေးစားစွာဖြင့်
bliss of us

Thursday, September 22, 2011

ကလေးများအတွက် တိရစ္ဆာန်ဥယျာဉ်

အမှတ် (၅)ရာမလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ဘန်ကောက်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်ကြီးသည် မနက်(၈)နာရီမှ ညနေ(၆)နာရီအထိဖွင့်လှစ်ထားပါသည်။

ရွှေသမင်လေးတွေလည်းရှိတယ်

ကျားဖြူဖြူလေးတွေ

ကုလားအုတ်ကြီးကို အစာတွေ ကိုယ်တိုင် ကျွေးနိုင်ပါတယ်

မြွေသူတော်လေး

 ဝင်ကြေးမှာနိုင်ငံခြားသား လူကြီးတစ်ဦးလျှင် ဘတ်(၁၀၀)ဖြစ်ပြီး၊ ကလေးတစ်ဦးလျှင် ဘတ်(၅၀)ဖြစ်ပါတယ်။


ရထားလေးနဲ့ ဥယျာဉ်ထဲ လျှောက်လည်လို့ရပါတယ်

အရပ်မြင့်မြင့်မားမားနဲ့ သစ်ကုလားအုတ်ကြီးကိုလည်း တွေ့နိုင်ပါတယ်။

နေ့တစ်ပိုင်း အလည်သွားနိုင်ပြီး ကလေးများ ပျော်ရွှင်ချမ်းမြေ့စေမှာဖြစ်ပါကြောင်း 
သတင်းစကား လက်ဆင့်ပါးလိုက်ပါတယ်နော်။

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower