Wednesday, March 23, 2011

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားသည် Air Asiaလေယာဉ်ဖြင့် မြန်မာပြည်ပြန်ခွင့်ရှိသည်။

blissofus ဟလို... အစ်မ ခရစ္စတလ်

သမီး မြန်မာနိုင်ငံကို ချောချောမောမောပြန်ရောက်ပါပြီ၊ မြန်မာပြည်ဘက်ခြမ်း လေဆိပ်မှာလည်း အဆင်ပြေပါတယ် အစ်မရှင့်။

ထိုင်းလေဆိပ်မှာလည်း လိုလေသေးမရှိအောင် မှာကြားကူညီဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ။
နောက်နှစ်တွေမှာ သမီးရဲ့သူဋ္ဌေးတွေက ပိတ်ရက်ခွင့်ပေးတိုင်း အဲယားအေးရှ လေယာဉ်နဲ့ပဲ ဗမာပြည်ပြန်တော့မယ် စိတ်ကူးရသွားပါပြီ။

အောက်လမ်း(နယ်စပ်)က ပြန်ရင် ထိုင်းရဲတွေလည်း ပေးကမ်းရနဲ့ လမ်းခရီး ခက်ခဲပင်ပန်းတာ စိတ်ဆင်းရဲရတာအပြင် မိန်းကလေးမို့ သွားလာရတာ မလုံခြုံပါဘူး၊
အခုလို လေယာဉ်နဲ့ ကိုယ့်နိုင်ငံပြန်လို့ရသွားတော့ အချိန်ကုန်လည်း သက်သာ အန္တရာယ်လည်း ကင်းပါတယ်။
သမီးတို့ လေယာဉ်ကြီးလည်း စီးဖူးသွားပါပြီ။

ကျေးဇူးတင်တယ်နော် အစ်မ။

သတိရလျှက်
ရိုဒါဇွန်

                           ***********************************************************

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားသည် Air Asia ဖြင့် မြန်မာပြည်ပြန်ခွင့်ရှိသည်။

မြန်မာနိုင်ငံအရပ်ရပ်မှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်လျှက်ရှိကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများအနေဖြင့် (ရွေ့ပြောင်းအလုပ်သမားလက်မှတ်)ဘတ်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြပြီး၊ ပတ်စ်ပိုစ့် စာအုပ်ငယ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားတိုင်းသည် Air Asiaလေကြောင်းလိုင်းဖြင့် ဈေးချိုစွာ တရားဝင် မြန်မာပြည် ပြန်ခွင့်ရှိပါသည်။

  • မြန်မာနိုင်ငံပြန်မည်ဆိုလျှင် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဒေသရှိ Immigration Office  (သောမောရုံး) တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (Re-Enty Permit)ကို ဘတ်ငွေ (၁၀၀၀)ပေးဆောင်ကာ ပါမစ်ယူထားရန်လိုအပ်ပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် မရှင်းလင်းတာများရှိခဲ့ပါလျှင် blissofus@gmail.com အီးမေးသို့ ပေးပို့မေးမြန်းခြင်းအပြင်၊ လိုအပ်ခဲ့ပါလျှင် ဖုန်းဖြင့် (08 5113 7722) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

“မြန်မာနိုင်ငံသားအပေါင်း စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခတို့ဖြင့်
ပြည့်ဝနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
လေးစားစွာဖြင့်
bliss of us

4 comments:

NAT said...

ဒါ...ကောင်းတဲ့အစီစဉ်တစ်ခုပါပဲ.....
ကျွန်တော်တော့ကြိုက်တယ်

...အလင်းစက်များ said...

ဟ.... တယ်ဟုတ်ပါ့လား... ဒါမှ မြန်မာ့ ရွေ့ပြောင်းလုပ်သားတွေ ဘ၀ မြင့်လာမှာ ၀မ်းသာစရာ သတင်းကောင်းပေပဲဗျိုး......

နှင့်မိုဆို ဆိုးတဲ့ ရဲတွေ ကိုပေးကမ်းနေရတဲ့ ဘ၀က လွတ်ကြမှာမဟုတ်ဘူး... ထိုင်းရဲက တစ်မျိုး မြန်မာဂိတ်တွေက တစ်မျိုး... ဟူး

တောက်ပကြယ်စင် said...

Air Asia က လူတိုင်းစီးနိုင်အောင် လုပ်ပေးထားတာပဲနော် ဘုန်းဘုန်း မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားသွားလည်တုန်းကလည်း Air Asia နဲ့ပဲ သွားလိုက်တယ်။
သိပ်မိုက်တဲ့ အစီအစဉ်ပဲ ခရစ္စတယ်လ်ရေ မြန်မာလုပ်သားတို့ရဲ့ကိုယ်စား ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

crystal said...

Air Asia & MAI က ပတ်စ်ပိုစ့်အသေးကို ခွင့်ပြုကြောင်း သတင်းရပါတယ်။ တီဂျီကိုတော့ မကြားမိသေးပါဘူး။ သို့သော်လည်း ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့
ဈေးသက်သာတဲ့ Air Asia နဲ့မှ အဆင်ပြေစေတာကြောင့် မြန်မာအလုပ်သမားများအနေနဲ့ ပျော်မဆုံးနိုင်အောင် ဖြစ်နေရပါကြောင်း။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower