Saturday, December 26, 2009

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ကျောင်းဗီဇာ (အပိုင်း-၂)

ကျောင်းဗီဇာနှင့် လာအိုခရီးစဉ် 
http://www.bkklaoembassy.com/Map/map.htm
ဒါက ထိုင်းနိုင်ငံရှိ လာအိုသံရုံးမြေပုံပါ။
လာအိုဗီဇာရပြီဆိုပါရင် လာအိုနိုင်ငံသို့ ထွက်ရန်အတွက် ဗီဇာကုန်မည့် ရက်ပေါ်မူတည်ပြီး ခရီးထွက်ရန် ရက်ကို ရွေးရပါမယ်။ အရေးကြီးဆုံးက လာအိုနိုင်ငံတွင် ရုံးဖွင့်ရက်ဖြစ်ရပါမည်။ ကိုယ့်သွားရမည့် ရက်အတွင်း ရုံးပိတ်ရက်နဲ့တိုးလျှင်တော့ လာအိုနိုင်ငံမှာ ရက်ပိုနေရမည် ဖြစ်သောကြောင့် အချိန်ကုန် ငွေကုန်မဖြစ်စေရန် ခရီးမထွက်ခင်ကပင် ကြိုတင်စီစဉ်ရပါမည်ဖြစ်ပါသည်။
လာအိုနိုင်ငံဗီဇာလည်း ရပြီ၊ တက်ရမည့်ကျောင်းမှ စာရွက်စာတမ်းများနှင့် ခရီးတွင် သုံးရန် ငွေကြေး လုံလောက်စွာပါပြီဆိုရင်တော့ လာအိုသို့ ခရီးထွက်ရန် မော်ချစ်ကားဂိတ်သို့ သွားရမည်ဖြစ်ပါတယ်။
ခရီးထွက်ခါနီးတွင် ကျောင်းမှ ကျောင်းအပ်ပြီးသော ကျောင်းသားများအတွက် လာအိုနိုင်ငံ ထိုင်းသံရုံးတွင် ဗီဇာတင်ရန် စာရွက်စာတမ်းများကို ထုတ်ပေးပါတယ်။
ထိုင်း-လာအိုနယ်စပ်ကို သွားဖို့အတွက် ကားလက်မှတ်ကို ကြိုတင်ဝယ်ထားရင်တော့ ကားဂိတ်ကို အချိန်ပိုသွားစောင့်နေရန်မလိုဘူးပေါ့။ (ကြိုတင်လက်မှတ်ဝယ်ဖို့ကိုတော့ ကျွန်တော်တို့ အဖွဲ့ကို ဆက်သွယ် မေးမြန်းပါလျှင် မိမိနဲ့  အနီးဆုံးနေရာတွင် လက်မှတ်လွယ်ကူစွာ ဝယ်နိုင်ရန် လမ်းညွှန်ပေးပါမည်။)

နယ်စပ်မြို့တွေကို သွားတဲ့ကားတွေက အမျိုးအစားတွေ ခွဲထားပါသေးတယ်။ ဈေးသက်သာတဲ့ကားကို စီးရင် ဝန်ဆောင်မှု လျှော့နည်းမယ်။ ဈေးကြီးတဲ့ကားကို စီးရင်တော့ ဝန်ဆောင်မှုအမျိုးမျိုးနဲ့ပေါ့။
ကားတွေကတော့ အားလုံးလိုလိုကောင်းကြပါတယ်။ ဒီက ရိုးရိုးတန်းကားက မြန်မာနိုင်ငံက အဝေးပြေးကားတွေထက်တော့ ပိုကောင်းပါသေးတယ်။ ရိုးရိုးတန်းမှာ ညဘက် ခြုံအိပ်ဖို့ စောင်၊ ရေဘူးနဲ့ မုန့်ပေးပါတယ်။ အထက်တန်းလက်မှတ်တွေကတော့ ထိုင်ခုံမှာ ရိုးရိုးတန်းက ဆိုဖာထက်သာအောင် အညောင်းဖြေဖို့ ခလုတ်နှိပ်လို့ ရတာတွေ ပိုပါလာတယ်၊ စားစရာကောင်းကောင်းကြွေးပါတယ်။
ကားခတွေက ရိုးရိုးတန်းကို ဘတ်(၃၀၀မှ ၄၀၀)၊ အထက်တန်းက ဘတ်(၇၀၀နှင့် အထက်)ဖြစ်ပါတယ်။
ကားစီးသွားပြီး တစ်ညလုံးမှာ နှစ်နေရာလောက်တော့ ရပ်နားပေးပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ နောင်ခိုင်ကို ရောက်တဲ့အခါ လာအိုနိုင်ငံကို သွားရန် မနက်(၇း၃၀)ထွက်တဲ့ ကားကို ချက်ချင်းစီးရမှာဖြစ်ပါတယ်။ (အချိန်ရရင်တော့ ထိုင်းနိုင်ငံဘက်မှ ထမင်းဝယ်သွားပါနော်၊ လာအိုနိုင်ငံမှာ ကောက်ညှင်းတွေကိုသာ ရောင်းတာကြောင့်ပါ။)

 ဒီဘတ်စ်ကားက လာအိုနှင့် ထိုင်းနိုင်ငံ ပြေးဆွဲပေးတဲ့ အဝေးပြေးကားဖြစ်ပါတယ်။ ကားခမှာ ဘတ်(၆၀)ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower