Sunday, April 29, 2012

“လူငယ်များအတွက် ပတ္တရားမြို့”

ပတ္တရားမြို့နဲ့ ပတ္တရားကမ်းခြေကို လူငယ်အများစု အပန်းဖြေဖို့ အသွားများကြပါတယ်။ အပန်းဖြေစရာမြို့ဆိုရင်လည်း မမှားဘူး။ အပန်းဖြေစရာ အမယ်စုံလင်လှပါတယ်။ ဘန်ကောက်မြို့ကနေ အရှေ့ဘက်ကို ကားမောင်းသွားမယ်ဆိုရင် (၂)နာရီခန့်သာ ကြာတာကြောင့် သွားလာရေး အဆင်ပြေပါတယ်။ အများအားဖြင့်တော့ ပတ္တရားဆိုရုံမျှနဲ့ ကမ်းခြေကိုသာ သွားကြပါတယ်၊ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားမှာ ကမ်းခြေအပြင် အခြားလည်စရာ အပန်းဖြေစရာ နေရာတွေလည်း ရှိသေးတာပေါ့။

 Big Buddha Hill
ဘုရားခြေတော်ရာ ရှိပါတယ်။ 

 တရုတ်ဘုံကျောင်း
ဘုရားပေါ်တက်ရင်သာ ဖိနပ်ချွတ်ဖို့ သေချာမပြောတာ၊ 
ဘုံကျောင်းထဲ အဝင်မှာ ဖိနပ်ချွတ်ဖို့ သေချာပြောတယ်ဗျနော်။ 
ဘုံကျောင်းကနေ ရှေ့ဆက်မယ်ဆိုရင် လေဆာပစ်ခွင်းရေးဆွဲထားတဲ့ ဘုရားကို သွားကြမယ်။

ကျောက်သားနံရံကြီးပေါ်က ရွှေဆေးရေးချယ်ထားတဲ့ ဗုဒ္ဓရုပ်ပုံလွှာ

နောင်နွတ်ပန်းခြံ
ဝင်ကြေးမှာ ဘတ်ငါးရာ

ပတ္တရားကမ်းခြေ view point ကနေ ရှုမျှော်ကြည့်လိုက်ရင်...

သန္တာကျောက်တန်းဆီကို သင်္ဘောကြီးနဲ့ သွားမယ်ဆိုရင်...

 speed boat လေးတွေနဲ့ သန္တာကျောက်တန်းကမ်းခြေကို ကူးကြမယ်ဆိုရင်...

ပင်လယ်ပြင်မှာ balloon စီးကြမယ်ဆိုရင်
တစ်ယောက်မှ ဘတ်ငါးရာ ....း)

သန္တာကျောက်တန်းကမ်းခြေမှာ အပန်းဖြေမယ်ဆိုရင်...

အလှမယ်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြမယ်ဆိုရင်...

ညပိုင်းမှာ တင်ဆက်ပြသတဲ့ ပွဲမို့ ညည့်နက်မှ ပြန်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။ ဟိုတယ်ခ မကုန်ချင်ရင်တော့ ညတွင်းချင်းပြန်ရင် ဘန်ကောက်ကို မိုးလင်းခါနီးရောက်မှာပေါ့။ ညအိပ်ပြီး ကမ်းခြေနောက်တစ်ရက် လည်ချင်သေးတယ်ဆိုရင်တော့ ပွဲကြည့်တဲ့ည ပတ္တရားမှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပတ္တရားတစ်ခွင် စုံစုံလင်လင် တင်ဆက်ပေးလိုက်ပါတယ်။ 
ပျှော်ရွှင်ချမ်းမြေ့ကြပါစေ...

လေးစားစွာဖြင့်
bliss of us

6 comments:

စံပယ်ချို said...

တခါမှ မရောက်ဖူးဘူး
အရမ်းလှတယ်
ရောက်ဖူးချင်လိုက်တာနော်ပုံတွေကြည့်ရတာ အားမရ
သလိုဖြစ်လာတယ်

mstint said...

ဒီဘလော့ကိုရောက်တိုင်း ပြည့်စုံတဲ့အရေးအသားကြောင့် ဗဟုသုတအပြင် ပီပြင်တဲ့ဓာတ်ပုံလေးတွေ ကြည့်မြင်ခွင့်ရလို့ ကျေးဇူးပါ BOU ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ko said...

ယိုဒယားတွေက ဘုရားတည်တည်
တန်းဆောင်ဆောက်ဆောက်
အရောင်တွေစုံနေအောင်သုံးတော့ ကြည့်ရတာ
လှတယ်နော် မြန်မာနိုင်ငံမှာ ဆိုရင်
ဘုရားတည်တယ်ဆိုရင် ရွှေသင်္ကန်း သို့
ထုံးသင်္ကန်းကပ်ရင် ပြီးသွားပြီ မြန်မာနိုင်ငံကို
အဲ့လိုလေးတိုးတက်စေချင်လိုက်တာ
လမ်းတွေဆိုလည်း ကောင်းတယ်နော်
ယိုးဒယားမှာလေ...စကားမစပ်ထိုင်းကို ၄ရက်အိပ်
၅ညအိပ်လောက် လည်မယ် ဆိုရင်
ဘယ်လောက်လောက်ကုန်နိုင်မလဲဆိုတာပြောပါလား
၂ယောက်လည်မှာပေါ့

အိနြေ္ဒရှင် မိန်းကလေး said...

ပုံလေးတွေတင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုယ်တိုင်ရောက်သွားသလိုပါပဲ ထိုင်းနိုင်ငံကို လာလည်မယ်ဆိုရင် ဆက်သွယ်ပါမယ်။ ကုန်ကျစရိတ်တွေဘာတွေ မေးချင်တယ်ဆိုရင် မေးလ်ကနေ တဆင့် မေးလို့ရလား မသိဘူးနော်။

BOU Agent said...

blissofus@gmail.com အီးမေးကို ဆက်သွယ်ပြီး မေးနိုင်ပါတယ်။

လေးစားစွာဖြင့်
bliss of us

Angelhlaing(May everybody be happy and healthy! said...

တစ်ခါရောက်ဖူးပေမယ့်လည်း နောက်တစ်ခေါက်လောက် သွားချင်မိသေးတယ်...တစ်ကယ်လှတဲ့ မြို့လေး...:):)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower