Showing posts with label Kachanaburi. Show all posts
Showing posts with label Kachanaburi. Show all posts

Monday, October 8, 2012

ကဉ္စနမည်သော မြို့။

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်၏ အနောက်ဘက်စူးစူးတွင် တည်ရှိပြီး မြန်မာနယ်နိမိတ်နှင့် ထိစပ်လျှက်ရှိသော မြို့ကြီးဖြစ်သည့် ကချနဘူရီမြို့သည် ပါဋ္ဌိဘာသာလို ကဉ္စနမည်ပါ၏။ ကဉ္စန ဆိုသည်မှာ တောင်မှဖြစ်သော ရွှေ အဓိပ္ပါယ်ဖြစ်ပါသည်။ တောင်တန်းများစွာရှိသော ထိုမြို့ကို ကချနဘူရီအမှတ်သညာထားရှိဟန်တူပါသည်။  တောင်ကုန်းတောင်တန်းများထူထပ်ပြီး မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် တူသော မြို့တစ်မြို့လည်းဖြစ်ပါသည်။ 

သဘာဝတောတောင်ရေမြေကို ချစ်မြတ်နိုးကြသော နိုင်ငံရပ်ခြားခရီးသွားအများစု စိတ်ဝင်စားဆုံး ခရီးသွားလုပ်ငန်းရှိရာမြို့လည်းဖြစ်သည်။ သဘာဝအလျောက်ဖြစ်လျှက်ရှိသော ရေတံခွန်များ၊ ဆင်စခန်း၊ ထိုင်းနိုင်ငံ၏ မူလကျားစခန်းရှိခြင်း၊ မွန်တံတားအပြင် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော မရဏတံတား၊ မြန်မာတို့သိပြီးဖြစ်တဲ့ ဘုရားသုံးဆူနေရာများ စသည့် စိတ်ဝင်စားဖွယ်များ တည်ရှိရာ မြို့တစ်မြိုးဖြစ်၏။ နိုင်ငံခြားဧည့်သည်များသည် ထိုမြို့တွင် နှစ်ညအိပ်သုံးရက်ခန့် နေထိုင်ကြပြီး ဗဟုသုတရှာမှီးကာ အပန်းဖြေနေထိုင်လေ့ရှိတတ်ကြပါသည်။ ထိုမြို့ရှိ ဧရာဝဏ်ရေတံခွန်သည် ထိုင်းနိုင်ငံသားတို့အတွက် ပိတ်ရက်များတွင် မိသားစုများနှင့် ရေတံခွန်များသို့ လာရောက်ကာ ပျော်ပျော်ပါးပါးအပန်းဖြေနေရာအဖြစ် ထင်ရှားပါသည်။

မြန်မာဧကရာဇ်ဘုရင့်နောင်မင်းသည် ထိုင်းနိုင်ငံမှ မင်းသားငယ်တစ်ပါးကို ဟံသာဝတီမင်း နေပြည်တော်သို့ ခေါ်ဆောင်သွားခဲ့သော အကြောင်းသည် သမိုင်းတွင် ခဲ့၏။  ထို့ကြောင့် ထိုင်းလူမျိုးတို့သည် သူတို့ခေါင်းဆောင်နေထိုင်ခဲ့ရာအရပ် ဟံသာဝတီနေပြည်တော်ကို စိတ်ဝင်စားကြသည်။ တနည်းအားဖြင့် ပဲခူးမြို့သို့ အလည်အပတ်သွားရောက်လေ့ရှိပါသည်။ ထို့အပြင် ထိုင်း-မြန်မာသမိုင်းဝင် ဇာတ်ကားများကိုလည်း ယနေ့ထက်တိုင် ရိုက်ကူးမဆုံးနိုင်ခဲ့ပေ။
ထိုဇာတ်ကားများ ရိုက်ကူးနိုင်ရန် သန်းပေါင်းများစွာ အကုန်အကျခံကာ စတီဒီယိုဆောက်လုပ်ရိုက်ကူးခဲ့ကြသည်။ ဇာတ်ကားရိုက်ကူးရန် Prommitr Film Studio နေရာကို လေးနှစ်ကြာ သုတေသနပြုလုပ်တည်ဆောင်ပြီးမှ ဇာတ်ကားရိုက်ကူးခဲ့ကြပါသည်။ ထိုဇာတ်ကားရိုက်ကူးပြီးစီးသွားသော်လည်း စတီဒီယိုနေရာကို ထိုင်းနိုင်ငံသားများအပါအဝင် အခြားနိုင်ငံသားများပါ လေ့လာနိုင်ရန်အမှတ်တရ ဆက်လက်ထိန်းသိမ်းထားကြ၏။ 

ဟံသာဝတီမင်းနေပြည်တော် ပုံစံအတု တည်ဆောင်ထားပုံ

နန်းတော်အဝင်ဝမှာ ခြင်္သေ့ကြီးတွေ ရှိခဲ့ကြသတဲ့လား

လာရောက်လေ့လာကြသော ဧည့်သည်တော်များ။ 

ကချနဘူရီ စတီဒီယို ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများကို ကူးယူဖေါ်ပြထားပါသည်။ ယခုအခါ ထိုလင့်များ မရှိတော့ သည့်အတွက် လင့်မပေးနိုင်ခြင်းကို တောင်းပန်ပါသည်။ ဓာတ်ပုံများကို ကူးယူဖေါ်ပြကြမည်ဆိုလျှင် မူရင်း စတီဒီယိုမှ ဓာတ်ပုံများဖြစ်ကြောင်း ထည့်သွင်းမျှဝေစေချင်ပါသည်။


ထိုင်းနိုင်ငံသားတွေ ရိုက်ကူးတင်ဆက်တဲ့အထဲမှာ
 ဟံသာဝတီမင်းနေပြည်တော်ကြီးရဲ့ ခမ်းနားမှုများကို တွေ့မြင်ခွင့်ရမှာဖြစ်ပါတယ်။ 


ဒီဇာတ်ကားထဲမှာတော့ ကချနဘူရီ ဆင်စခန်းမှာ ရိုက်ကူးထားတဲ့ မြင်ကွင်းတွေ တွေ့ရမှာဖြစ်ပါတယ်။ 
ယင်းဇာတ်ကားမှာ ပါဝင်တဲ့ ဆင်စွယ်အရှည်ဆုံးဆင်ကြီးက အခုဆိုရင် အသက်(၇၆)နှစ်ရှိနေပါပြီ။ 


ဒုတိယကမ္ဘာစစ်အတွင်းက မရဏတံတား

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Thursday, March 3, 2011

ဆင်လိမ္မာလေးတွေရှိတဲ့ ကချနဘူရီမြို့

နေစောင်းပြီ တင်းကုပ်ကို အသော့နှင်ကြရအောင် 

နှာမောင်းလေးနဲ့ ပွေ့ချီလို့ ...

ခြေထောက်ကြီးနဲ့ နင်းတော့မယ် ...


ဆင်ပုခက်ထဲမှာ မိန့်မိန့်ကြီးပေါ့ ...

ဆင်စခန်း

TAWEECHAI ELEPHANT CAMP, KACHANABURI
Open Daily: 8:00 AM to 15:00 PM

ဆင်စခန်း၏ ရှုခင်းတစ်ချို့ကို မင်းသား Tom Yum Goong ပါဝင်သရုပ်ဆောင်သော
"The Protector" ဇာတ်ကားမှာ ကြည့်ရှုနိုင်ပါကြောင်း သတင်းစကားလက်ဆင့်ပါးလိုက်ရပါတယ်နော်။

လေးစားစွာဖြင့်
bliss of us

Monday, November 29, 2010

ကိုးတောင်ပြည့် “ကျား”


အရွယ်ရောက် ကျားသတ္တဝါနဲ့ ထိုင်းဦးဇင်းတစ်ပါး


ဆော့ကြတဲ့ အရွယ်လေးတွေပါ

သား အသက်က ဆယ်နှစ်ရှိပြီဂျ

ဗိုက်ဆာလို့ စိတ်တိုနေတယ်နော် ဓာတ်ပုံမရိုက်နဲ့ ဟွန်း

တောင်ကုန်းအမြင့်ပေါ်တက်နေတုန်း ရိုက်ထား၊ ပိုစ့်ပေးရတာ ပျင်းတယ်ဗျာ

အပြင်ထွက်ရမလားလို့ ချောင်းကြည့်ရအောင်

ဟိုကောင်တွေကို မတိုက်နဲ့ သားအကုန်သောက်ပစ်မှာ


သားသား တော်တော် ဆာနေတာ၊ ကျေးဇူးပဲဂျာ။

စိတ်ရှုပ်လိုက်တာ တောထဲသွားချင်တယ်နော်

လာမကြည့်ကြနဲ့ နားလိုက်အုံးမယ်

ကျောင်းပေါ်တွင် နားနေကြတဲ့ ရွယ်တူ အရောင်တူနှစ်ကောင်

ထိုင်းနိုင်ငံ ကချနဘူရီမြို့တွင် မရဏတံတား၊ ဧရာဝဏ်ရေတံခွန်အပန်းဖြေစခန်းနှင့် အခြားရေတံခွန်စခန်း များအပြင် ဆင်စခန်းနှင့် ကျားများတွေကို မွေးမြူထားတဲ့ ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတို့က အထူးပင်နာမည်ကျော်ကြားလှပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများ လာရောက်လည်ပတ် လေ့လာကြပြီး ထိုင်းနိုင်ငံသားများကတော့ ရုံးပိတ်ရက်များတွင် သွားရောက်လည်ပတ်ကြပါတယ်။
တောတွင်းမှ အင်မတန် ရိုင်းစိုင်းတဲ့ လူယဉ်ပါးရန်ခက်ခဲသော သတ္တဝါတစ်မျိုးဖြစ်တဲ့ ကျားကို ထိုင်းဘုန်းတော်ကြီး များမှ စောင့်ရှောက်ထားခြင်းအကြောင်းက အထူးအဆန်းဖြစ်စေပါတယ်။ ကျားစခန်းကို မတည်ထောင်ခင် တစ်ချိန်တုန်းက မုဆိုးများသည် ကျားပေါက်လေးများ ဖမ်းမိလာကြပြီး ဘုန်းကြီးကျောင်းတွင် လာရောက်လှူဒါန်းရာမှ အစပြုခဲ့တယ်လို့ သိရပါတယ်။
ယနေ့အခါမှာတော့ ကျားများကို စနစ်တကျဖြင့် ပြုစုကျွေးမွေးစောင့်ရှောက်ထားပြီး နိုင်ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုအနေဖြင့် အလေးပေးပြုလုပ်လာကြပြီဖြစ်ပါတယ်။ ကချနဘူရီမြို့တွင်ရှိသော ကျားစခန်းသည် ထိုင်းနိုင်ငံတွင် ပထမဆုံးနှင့် အဓိက ကျားမွေးမြူရေးစခန်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာတဲ့အတွက် ကြောင်လေးများသဖွယ် လိမ္မာယဉ်ကျေးသလို တွေ့ရမှာဖြစ်ပါတယ်။ ထိုင်းဘုန်းကြီးများအပြင် လူများမှလည်း လာရောက်ကြည့်ရှုသူဧည့်သည်များ အန္တရာယ်မရှိရေးနဲ့ ကျားများ၏ မွေးမြူထိန်းသိမ်းရေးတွေမှာ ဝိုင်းဝန်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ ယင်းကျားစခန်းမှ ယဉ်ကျေးအောင် လေ့ကျင့်ပြီး စိတ်ချရသော ကျားများကိုမှ ထိုင်းနိုင်ငံ၏ နိုင်ငံခြားခရီးသွားများ သွားလေ့ရှိသော နေရာတိုင်းသို့ ပေးပို့ခြင်းဖြစ်ပါတယ်။ ကျောင်းဝင်းထဲမှာ ကျားများကို ယဉ်ကျေးအောင် မွေးမြူထားခြင်းအပြင် အခြားသော တိရစ္ဆာန်များကိုလည်း ဘေးမဲ့ပေးထားတာတွေကိုပါ တွေ့ရပါတယ်။ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ တောဝက် အပြင် ကျေးငှက်များလည်း သဘာဝအလျှောက် သွားလာနေထိုင် ကျက်စားလျှက်ရှိပါတယ်။
ထို့ကြောင့် ကချနဘူရီမြို့သို့ အပန်းဖြေသွားရင်းဖြင့် ကျားစခန်းရှိရာသို့ သွားရောက် လေ့လာနိုင်ကြပြီး ကျားကလေးများနှင့်လည်း အတူတွဲ ဓာတ်ပုံများ ရိုက်ကူးနိုင်ပါကြောင်း သတင်းစကား လက်ဆင့်ပါးလိုက်ရပါတယ်နော်။


နေ့လည်ခင်း တစ်ရေးတမော အိပ်နေတာ

ကျားစခန်း တည်ရှိရာ
Wat Pa Luangta Bua Yannasampanno Forest Monastery (Tiger Temple)
333, Singh Sub-disstrict, Saiyok District, Kanchanaburi, Thailand.

ကျားစခန်းကို သွားမယ်ဆိုရင် အနီရောင်ပါတဲ့ မည်သို့သော အဝတ်အစားမျိုးကိုမဆို ဝတ်ဆင်ထားမယ်ဆိုရင် စခန်းထဲသို့ ဝင်ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း သတိပေးလိုက်ပါတယ်။ ထိုင်းလူမျိုးများအတွက် ဝင်ကြေးငွေမှာ (300)ဘတ်ဖြစ်ပြီး နိုင်ငံခြားဧည့်သည်များအတွက်တော့ (500)ဘတ်ဖြစ်ပါတယ်။

လေးစားစွာဖြင့်
bliss of us

p.s - ဓာတ်ပုံတွေက တချို့က ကျားစခန်းမှဖြစ်ပြီး တချို့ကတော့ မိကျောင်းမွေးကန်သို့ ပို့ထားသော ကျားနဲ့ ကျားသစ်များ၏ ပုံဖြစ်ပါတယ်။

Friday, December 4, 2009

ကချနဘူရီမြို့

ဒီမြို့လေးမှာ အပန်းဖြေလည်စရာတွေများတဲ့အတွက် ညအိပ်နားနေပြီး စုံအောင်လည်မယ်ဆိုရင်လည်း ရပါတယ်။
ညအိပ်နားတဲ့အတွက် နှစ်ယောက်အိပ်ခန်းလေးတွေက ဘတ် (၃ဝဝ)မှ ဘတ်ထောင်ကျော်ထိ ပေးရတတ် ပါတယ်။ ဘန်ကောက်ထဲကနေ ကားငှားသွားမယ်ဆိုရင်တော့ ကားခ ဘတ်(၄ဝဝဝ)ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ဘာသာပြန်လမ်းညွှန်အတွက် ဘတ်(၁ဝဝဝ)ပေးရ ပါမယ်။ ဒီငွေတွေက တစ်ရက်အတွက်ကုန်ကျမှာဖြစ်ပါတယ်။
ကားသမားနဲ့ လမ်းညွှန်အတွက် စားသောက်စရိတ်၊ တည်းခိုနေရာနဲ့ မြို့ဝင်ကြေး၊ တံတားဖြတ်ခတွေကို ခရီးသည်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ထို့အပြင် တူနှစ်ကိုယ်ပဲဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်း တွေနဲ့ပဲသွားသွား ကိုယ့်စားသောက်နိုင်မယ့် စားစရိတ်ကိုပါ ထည့်တွက်ရန်လိုသေးပါတယ်နော်။ စားသောက် စရိတ်တွေကတော့ မြန်မာနိုင်ငံလိုပါပဲ၊ လမ်းခရီးမှာ စားသောက်ဆိုင်တွေ ဈေးတင်ရောင်းကြတာပေါ့။

ဘန်ကောက်မြို့ထဲကို ပြန်အိပ်မယ်ဆိုရင်တော့ လည်စရာနေရာတွေကို သဘောလောက်သာ လည်ပတ်ပြီး ပြန်မယ်ဆိုရင်............။
ဘန်ကောက်ထဲပြန်အိပ်မယ်ဆိုတော့လေ လေအေးပေးစက်ရှိတဲ့အခန်းမှာ နှစ်ယောက် အိပ်ခန်းလေးတွေက ဘတ် (၅ဝဝ)မှ ဘတ်ထောင်ကျော်ထိ ပေးရတတ် ပါတယ်။ ကျန်တာကတော့ ကားခတစ်ရက်စာပဲ ကုန်မှာပေါ့ နော်။ လမ်းညွှန်အတွက် အခန်းခသက်သာသွားမယ်။ သွားမယ့်နေရာကောင်းလေး စိတ်ကြိုက်နေရာ နှစ်နေရာ လောက်ရွေးပြီး လည်ပတ်ပြန်လာတဲ့အခါ အချိန်ကုန်လည်းသက်သာ၊ စရိတ်လည်း သက်သာနိုင်တယ်လေနော်။ ပိုသက်သာချင်ပါတယ်ဆိုရင်တော့ လိုင်းကားနဲ့ တစ်နေရာ တည်းကိုသာ သွားပြီးပြန်လာလည်း ရပါသေးတယ်။ ကိုယ်ကဘယ်လို ပုံစံမျိုးလည်ခြင်တာလည်းဆိုတဲ့ပေါ်မူတည်ပြီး Bliss of us အဖွဲ့က စီစဉ်ပေးပါမယ်။ အချိန်နဲ့ငွေ မျှတအောင်၊ နေရာတွေလည်း သွားရကျိုးနပ်အောင်ကူညီပေးပါမယ်။
ဒါကြောင့် ခရီးမထွက်ခင် စရိတ်လေးတွေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ စေတနာ ရှေ့ထားလို့ သတင်းစကားပါးလိုက်ပါတယ်နော်။

ကချနဘူရီမြို့မှ မရဏတံတား ဆည်းဆာအလှ

Thursday, December 3, 2009

Wat Tham Suar (Pagoda)

တောင်ပေါ်ဘုရား

တောင်ပေါ်ဘုရားကို ထူးဆန်းတဲ့ စက်လှေကားလေးနှင့် တက် ရပါတယ်။ တောင်ပေါ်ကနေ သာယာလှပတဲ့ရှူခင်း တွေ ခံစားရင်း မြတ်စွာဘုရားရုပ်ပွါးတော်ကို ကြည်ညို သပ္ပါယ်စွာ ဖူးတွေ့ရမှာဖြစ်ပါတယ်။ သူတို့နိုင်ငံ မှာတော့ တောင်ပေါ်တွေမှာ စေတီတည်တာထက် ရုပ်ပွါးတော်တွေပဲ တည်ထား ကိုးကွယ်ကြတာ တွေ့ရ ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံ ဘက်က တောင်ထိပ်တွေမှာလည်း ဒီလိုရုပ်ပွါးတော်များတွေကို တည်ထား ကိုးကွယ်ကြပါတယ်။ ဘုရားပေါ်ကို တက်ရောက် ဖူးမျှော်ခွင့်ကို ဒေသစံတော်ချိန် ညနေ(၅)နာရီမှာ ပိတ်ပါတယ်။ နောက်ပိုစ့်မှာတော့ ဖေါ်ပြ ခဲ့သော နေရာတွေနှင့် ပတ်သက်ပြီး ကုန်ကျစရိတ်နှင့် ဘယ်လိုစီစဉ်ပြီး သွားကြမယ် ဆိုတာကို လမ်းညွှန်ပေးမယ် နော်။

လေးစားစွာဖြင့်
bliss of us

Tuesday, December 1, 2009

River Kwae Bridge

KWAI တံတားကို အောက်ဘက်မှ တွေ့မြင်ရတဲ့မြင်ကွင်း။

ဒါက အပေါ်စီးကနေရိုက်ထားတာပါ။

လှပတဲ့ မီးပန်းတွေ လွှတ်တတ်တဲ့ ပွဲတော်ချိန်က နိုဝင်ဘာလ 27 မှ ဒီဇင်ဘာလကုန်အထိ။

မြစ်ထဲမှာ ရေပေါ်စားသောက်ဆိုင်၊ နားနေဆောင်လေးတွေ ဆောက်ထားကြပါတယ်။

ဒီနေရာကတော့ မန္တလေးတောင်ကို သတိရစေတဲ့မြင်ကွင်း။

စစ်ကိုင်းတံတားကို သတိရရင် ဒီနေရာလေးကိုသွားနော်။

တံတားပေါ်က မြင်ရတဲ့ sunset မြင်ကွင်း။
ခရီးထွက်လို့ကောင်းတဲ့ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ၏ ပိတ်ရက်တွေဖြစ်တဲ့ ဘုရင့်မွေးနေ့ ဒီဇင်ဘာလ(၅)ရက်နေ့၊ ခရစ်မတ်နေ့နှင့် New Year အချိန်တွေမှာ ခရီးထွက်အပန်းဖြေအနားယူကြပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။


Monday, November 30, 2009

The Death Railway, Krasae Cave Bridge

မရဏတံတားအနီး တောင်နံရံထဲက လျှိုထဲမှာ ကြည်ညိုသပ္ပါယ်စွာ
ဖူးတွေ့ရတဲ့ ဗုဒ္ဓဆင်းတုတော်ပါ။
တံတားပေါ်ကနေ စီးမြင်တွေ့ရတဲ့ မြစ်ကွေ့ရှူခင်း။

တောင်နံရံ၊ ရထားလမ်း တံတားနှင့် မြစ်တစ်စင်း။

ရထားကြီးက တံတားကြီးပေါ်မဖြတ်ခင်ပုံ။

ရထားကြီးထွက်ခွာသွားတာကို ဒီလိုရင်ခုန်စွာကြည့်နေကြတယ်။

ရထားကြီး တံတားပေါ်ကို ဖြတ်နေပြီနော်။ ရထားလမ်းတံတားရဲ့ တစ်ဘက်မှာ ကျောက်နံရံ၊ တစ်ဘက်က မြစ်တစ်စင်းက စီးဆင်းနေပါတယ်။
မြစ်ထဲမှာ ဘန်ဂလိုလေးတွေလည်း ရှိတယ်။

ဒီလိုသွားရတာမျိုးဖြစ်လို့ မရဏတံတားလို့ ခေါ်ကြတာပါ။
ရထားလမ်းပေါ်ကို လမ်းလျှောက်ခြင်တဲ့သူတွေပါ၊ သစ်သားတွေ ကျိုးတို့ကျိုးတဲနဲ့
အသဲထိတ်စရာ လမ်းလျှောက်နေကြတာ။

တံတားပေါ်မှာ လှပျိုဖြူတွေက ဓာတ်ပုံရိုက်နေကြတာလေ။

တံတားတစ်စင်းနဲ့ မြစ်တစ်စင်း စီးဆင်းနေပုံကို ယှဉ်တွဲလျှက်။

လမ်းညွှန်လေးတစ်ယောက်က ခရီးသွားသံဃာတော်ကို ရှင်းပြနေပုံပါ။

ဒီနေရာလေးကို ရောက်တော့လေ မြန်မာနိုင်ငံက ဂုတ်ထိပ်တံတားကို သတိရမိတယ်။ ဗိုလ်ချုပ်ပြောတာကို သတိရပြန်ရော။ ထိုင်းနိုင်ငံသည် ဒုတိယမြန်မာနိုင်ငံတော်တဲ့လေ။ စာဖတ်သူတို့ရေ သူတို့နိုင်ငံရဲ့ စိတ်ဝင်စားစရာနေရာလေးတွေ စိတ်လှုပ်ရှားစရာနေရာလေးကို လာရောက်လေ့လာ အပန်းဖြေနိုင်ဖို့အတွက် သတင်း စကား လက်ဆင့်ကမ်းလိုက်ပါတယ်နော်။

Friday, November 27, 2009

Erawan Waterfalls




ကချနဘူရီမြို့မှ ဧရာဝဏ်ရေတံခွန်စခန်း
တောတောင်ရေမြေသဘာဝတရားတွေကို အပြည့်အဝခံစားမှုပေးနိုင်တဲ့ အဆင့်ခုနှစ်ဆင့်ရှိတဲ့ ရေတံခွန်စခန်း တစ်ခုပါ။ ရေတံခွန်အဆင့်တွေဆီကို သွားရတဲ့ပုံစံက မြန်မာနိုင်ငံ၊ မေမြို့မှ ဓာတ်တော် ချိုင့်ရေတံခွန်ကို သွားရတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့သူတို့ဆီမှာက သွားတဲ့လမ်းလေးတွေကို လမ်းခင်းထားတဲ့အတွက် လမ်းလျှောက် ရတာ မပင်ပန်းဘူးနော်။ ဘေးပတ်ဝန်းကျင်က တောစခန်းရှူခင်းတွေကို ကြည့်သွားရတာဆိုတော့ မောတော့ မောတယ် ဒါပေမဲ့ မမောဘူးပေါ့။ ပြီးတော့ ရေတံခွန်မှာ ဆင်းဆော့ပြီးရင် ရေချိုးခန်းမှာ ရေဝင်ချိုးလို့လည်း ရပါတယ်။ ရေတံခွန်တစ်ဆင့်ပြီးတစ်ဆင့် လျှောက်ကြည့်ပြီးမှ ကိုယ်ကြိုက်နေရာလေးမှာ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ ကိုယ့်အဖော်မွန်လေးနဲ့ဖြစ်စေ အပန်းဖြေနားနေပြီး ရေကစား အပန်းဖြေလို့ ရပါတယ် လို့ သတင်းကောင်းပေးလိုက်ပါတယ်။ ရေတံခွန်စခန်းပိတ်ချိန်က ဒေသစံတော်ချိန် ညနေ(၅)နာရီ ဖြစ်တာ ကြောင့် ရေထဲက ပြန်တက်ဖို့ မမေ့ဖို့ သတိပေးလိုက်ပါတယ်နော်။

ဆက်လက်ဖော်ပြပါမည်။

Tuesday, November 24, 2009

Taweechai Elephant Camp





အပန်းဖြေစရာ ဆင်စခန်းတစ်ခုပါ။ ဒီနေရာလေးမှာ ဆင်ထိန်းဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံသားတွေ ဖြစ်တာကြောင့် မြန်မာလိုပြောဆိုလို့ရတဲ့ အပန်းဖြေစရာနေရာလေး တစ်ခုပါ။ ဆင်စခန်းဆိုတဲ့အတိုင်း ဆင်စီးလို့ ရပါတယ်။ ချောင်းထဲမှာ ဆင်တွေနဲ့ ရေဆော့ကစားလို့ရပါတယ်။ ဆင်အယဉ်တွေဖြစ်တာကြောင့် အန္တာရာယ် မရှိနိုင်ပါဘူး။ အသက်ခုနှစ်ဆယ်ကျော်ဆင်ကြီးတစ်ကောင်လည်း ရှိပါတယ်၊ သူ့အစွယ်က အရှည်ကြီးပါ။ ဆင်စခန်းရဲ့အနောက်ဘက်မှာ တောင်တန်းတစ်ခု ရှိနေပါတယ်။ ယင်းတောင်တန်း၏ တောင်ထိပ်သည် ဆင်ဦး ခေါင်းပုံစံမျိုး ရှိခြင်းကြောင့် ဧရာဝဏ်ဆင်စခန်းလို့ ခေါ်ပုံရပါတယ်။ အဲဒီဆင်စခန်းမှာတော့ ထိုင်းလူမျိုးတွေ အပန်းဖြေတာထက် နိုင်ငံခြားသားတွေ အပန်းဖြေတာပိုများပါတယ်။ သဘာဝရှူခင်း အလှတွေရယ် ဆင်လိမ္မာ တွေနဲ့ ရေထဲဆော့ရတဲ့အရသာကို နိုင်ငံခြားသားတွေ အထူးကြိုက်နှစ်သက်ကြပါတယ်။

ဆင်အရိုးစုကို ထိုင်းနှင့်ထိုင်ဝမ် ဖက်စပ်ရိုက်တဲ့ ရုပ်ရှင်တစ်ခုထဲမှာ တွေ့ဖူးကြပါသလား။ ဒီဆင်စခန်းသည် ရုပ်ရှင်ဇာတ်ကားများစွာ လာရောက်ရိုက်ကူးတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်နော်။ ယူကျူ့မှာ နမူနာကြည့်ဖို့ လင့်ပေးလိုက်ပါတယ်။ http://www.youtube.com/watch?v=6pEzB4D6of8
http://www.youtube.com/watch?v=rsyIxBh_788&feature=related
ကဲ အသက်ကြီးလာတော့ ဆင်စီးကြပါစို့နော်။





မြွေသူတော်လို့ တင်စားတဲ့ မြွေဖြူတစ်ကောင်ပါ။ သူ့အစာက ကြက်တစ်ကောင် လောက်စားနိုင်ပါတယ်တဲ့။ သူက လူတွေကို အန္တရာယ်မပြုပါဘူး၊ သူနဲ့တွဲပြီး ဓာတ်ပုံရိုက် လို့ရပါတယ်။ ဒီဆင်စခန်းမှာ မြွေဖြူနှစ်ကောင်ရှိပါတယ်။ တစ်ကောင်က အရေခွံလဲ နေတာကြောင့် ဓာတ်ပုံမရိုက်ခဲ့ရပါဘူး။ ဒီလိုမျိုး အဖြူရောင်မြွေရှိရင် မြွေဆိုးတွေ မလာပါဘူးတဲ့။

ဆက်လက်ဖေါ်ပြပါမည်။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower