Monday, March 7, 2011

အန်ကောဝပ်ဆိုသည်မှာ ...

ဘုရားကျောင်းဝင်း၏ အပြင်ဘက် တစ်နေရာ

မြင့်မိုရ်တောင်ကို ဖော်ကျူးထားတဲ့နေရာသည် အန်ကောဝပ်ဘုရားကျောင်း ဖြစ်ပါတယ်။

အန်ကောဝပ်ဆိုသည်မှာ သန့်စင်မွန်မြတ်သော ဘုရားကျောင်းတော်လို့ အဓိပ္ပါယ်ရပါတယ်။ ခမာလူမျိုးတို့ အထွဋ်အမြတ် အလေးထားရာ ဘုရားကျောင်းတော်လည်းဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်သော အခမ်းအနားများ ကျင်းပရာ အဓိကနေရာဖြစ်ပြီး ယင်းအခမ်းအနားများတွင် ဓမ္မရာဇာဖြစ်တဲ့ သာသနာပိုင် အကြီးဆုံးပုဂ္ဂိုလ်နှင့်အတူ ဘုရင်မင်းမြတ်တို့သာလျှင် ဘုရားရှိခိုးကျောင်း၏ အမြင့်မြတ်ဆုံးသော နေရာသို့ တက်ရောက်ခွင့်ရှိပါသည်။ (မှီငြမ်း - Visitor Guide Book)

မြတ်စွာဘုရားရုပ်ပွါးတော်မြတ်များ

စေတီကို လေ့လာနေကြသော ဧည့်သည်များ

နံရံကျောက်ထွင်း အနုပညာလက်ရာများ (ရာမ လက္ခဏဇာတ်တော်)

ရှေးခမာအမျိုးသမီးရုပ်ပုံနှင့် ဘုရားကျောင်းတွင်းတနေရာ

တကယ်လေ့လာနေတာပါ

တကူးတက လာရောက်ပြီးမှတော့ သေသေချာချာ လေ့လာဖို့လိုတာပေါ့

သမိုင်းဝင်နေရာမှာ ဓာတ်ပုံရိုက်တတ်မယ်ဆိုရင် သမိုင်းဝင်နိုင်ပါသေးတယ်

ကလေးအရွယ်ကတည်းက လေ့လာစူးစမ်းတတ်တဲ့စိတ်ကို အားပေးကြတယ်။

လေးစားစွာဖြင့်
bliss of us

5 comments:

...အလင်းစက်များ said...

အတော်ကိုဆော့တဲ့ ဖော်ရင်နာတွေပါလား.... စိတ်ထဲဆန်းနေတာတစ်ခုက ထိုင်းကော ကမ္ဘောဒီယားပါ ဘာ့ကြောင့် ဘုရားဝန်းထဲ ဖိနပ်စီးခွင့်ပြုလဲ ဆိုတာပဲ... တစ်မျိုးကြီးပဲနော် အစ်မ

crystal said...

ဒီနိုင်ငံတွေကတော့ ရတနာသုံးပါးအပေါ် အလေးအမြတ်ထားတဲ့ ယုံကြည်မှု လျော့ပါးနေပြီလေ...

Anonymous said...

Crystal ဆိုတာ ဒကာမတစ်ယောက်ပေါ့နော် ဒကာတစ်ယောက်လို့ ထင်နေတာ၊ ဦးဇင်းက မသွားမဖြစ် သွားဖြစ်အောင်သွားမယ်လို့ ရည်မှန်းထားတဲ့နေရာတွေထဲမှာ အန်ကောဝပ်ဘုရားလည်း ပါတယ်၊ ကျန်းမာပျော်ရွှင်ပါစေနော်...
တောက်ပကြယ်စင်

တောက်ပကြယ်စင် said...

ဒကာမ Crystal ရေ မင်္ဂလာနံနက်ခင်းလေးပါနော် နောက်ပြီးတော့ ဆ၀ါဒီခပ်(ပ်)လို့လည်း နှုတ်ဆက်လိုက်ပါရစေလား မိုက်စမ်းတာမဟုတ်ဘူးဆိုရင် ဘုန်းဘုန်းက အစားကြီးတယ်နော် သိပ်စားနိုင်တာပဲ သိလား အချို့သူငယ်ချင်းတွေက "မင်း ဖုတ်များဝင်နေလား မသိဘူး"လို့ ပြောကြတယ်။ အသစ်တင်တိုင်းသိရအောင် ချိတ်ထားလိုက်ပြီနော် ခွင့်ပြုမယ်ဆိုတာလည်း သိပြီးသား အဲဒါကြောင့် ခွင့်အရင်တောင်းမနေတော့ဘူး။ အဲ စာလည်းများသွားပြီ လှစ်ပြီ။ ကျန်းမာရွှင်လန်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်...

ရိုးရိုး said...

ဓါတ်ပုံထဲက နေ ဖူးလိုက်၇ပြီ။ တစ်နေ့ တော့ ရောက်အောင်သွားဦးမှ။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower