Showing posts with label Beach. Show all posts
Showing posts with label Beach. Show all posts

Sunday, April 29, 2012

“လူငယ်များအတွက် ပတ္တရားမြို့”

ပတ္တရားမြို့နဲ့ ပတ္တရားကမ်းခြေကို လူငယ်အများစု အပန်းဖြေဖို့ အသွားများကြပါတယ်။ အပန်းဖြေစရာမြို့ဆိုရင်လည်း မမှားဘူး။ အပန်းဖြေစရာ အမယ်စုံလင်လှပါတယ်။ ဘန်ကောက်မြို့ကနေ အရှေ့ဘက်ကို ကားမောင်းသွားမယ်ဆိုရင် (၂)နာရီခန့်သာ ကြာတာကြောင့် သွားလာရေး အဆင်ပြေပါတယ်။ အများအားဖြင့်တော့ ပတ္တရားဆိုရုံမျှနဲ့ ကမ်းခြေကိုသာ သွားကြပါတယ်၊ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားမှာ ကမ်းခြေအပြင် အခြားလည်စရာ အပန်းဖြေစရာ နေရာတွေလည်း ရှိသေးတာပေါ့။

 Big Buddha Hill
ဘုရားခြေတော်ရာ ရှိပါတယ်။ 

 တရုတ်ဘုံကျောင်း
ဘုရားပေါ်တက်ရင်သာ ဖိနပ်ချွတ်ဖို့ သေချာမပြောတာ၊ 
ဘုံကျောင်းထဲ အဝင်မှာ ဖိနပ်ချွတ်ဖို့ သေချာပြောတယ်ဗျနော်။ 
ဘုံကျောင်းကနေ ရှေ့ဆက်မယ်ဆိုရင် လေဆာပစ်ခွင်းရေးဆွဲထားတဲ့ ဘုရားကို သွားကြမယ်။

ကျောက်သားနံရံကြီးပေါ်က ရွှေဆေးရေးချယ်ထားတဲ့ ဗုဒ္ဓရုပ်ပုံလွှာ

နောင်နွတ်ပန်းခြံ
ဝင်ကြေးမှာ ဘတ်ငါးရာ

ပတ္တရားကမ်းခြေ view point ကနေ ရှုမျှော်ကြည့်လိုက်ရင်...

သန္တာကျောက်တန်းဆီကို သင်္ဘောကြီးနဲ့ သွားမယ်ဆိုရင်...

 speed boat လေးတွေနဲ့ သန္တာကျောက်တန်းကမ်းခြေကို ကူးကြမယ်ဆိုရင်...

ပင်လယ်ပြင်မှာ balloon စီးကြမယ်ဆိုရင်
တစ်ယောက်မှ ဘတ်ငါးရာ ....း)

သန္တာကျောက်တန်းကမ်းခြေမှာ အပန်းဖြေမယ်ဆိုရင်...

အလှမယ်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြမယ်ဆိုရင်...

ညပိုင်းမှာ တင်ဆက်ပြသတဲ့ ပွဲမို့ ညည့်နက်မှ ပြန်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။ ဟိုတယ်ခ မကုန်ချင်ရင်တော့ ညတွင်းချင်းပြန်ရင် ဘန်ကောက်ကို မိုးလင်းခါနီးရောက်မှာပေါ့။ ညအိပ်ပြီး ကမ်းခြေနောက်တစ်ရက် လည်ချင်သေးတယ်ဆိုရင်တော့ ပွဲကြည့်တဲ့ည ပတ္တရားမှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပတ္တရားတစ်ခွင် စုံစုံလင်လင် တင်ဆက်ပေးလိုက်ပါတယ်။ 
ပျှော်ရွှင်ချမ်းမြေ့ကြပါစေ...

လေးစားစွာဖြင့်
bliss of us

Tuesday, August 30, 2011

ဂျိန်းစဘွန်း

အထဲရောက်တော့ ဒီလိုလေး တွေ့ရတော့တာပေါ့....
ပထမပိုင်းမှ အဆက်

 ဒီမြင်ကွင်းတွေကိုတွေ့တော့ အမိအရ မှတ်တမ်းတင်ကြပါတယ်...

ပထမတော့ ဒီလိုလေး ဝင်သွားတာ အသဲယားစရာ၊ လန့်စရာပေါ့၊
နောက်တော့ စိတ်ဝင်စားစရာဖြစ်သွားမှာပါ :)

ရုပ်ရှင်ချစ်မြန်မာလူမျိုးတွေ သိပြီးသားဖြစ်တဲ့ ကမ္ဘာကျော် ဂျိန်းစဘွန်းမင်းသားပါဝင်တဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ရာကျွန်းလေးကို မင်းသားနာမည်အစွဲပြုလို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

ကျွန်းတွေသွားတဲ့ ပရိုဂရမ်လေးတွေက အမျိုးမျိုးရှိတာပေါ့။

အလည်သွားမယ့် ပရိုဂရမ်တစ်ခု ရွေးထားတယ်ဆိုရင်...
တည်းတဲ့နေရာမှ လေအေးပေးစက်တပ်ဆင်ထားတဲ့ ကားနဲ့ ကြိုပြီး၊ ကမ်းနားက စုရပ်ဆီကို ခေါ်လာပါတယ်။ 
စီးရမယ့် သင်္ဘောရှိရာ ကမ်းစပ်မှာ လူစုံပြီဆိုရင် သင်္ဘောစထွက်ပါတယ်။
သင်္ဘောပေါ်ကို ရောက်တာနဲ့ လက်မှတ်ရောင်းတဲ့ ကုမ္ပဏီက အင်္ဂလိပ်ဘာသာဖြင့် ခရီးသွားလမ်းညွှန်မှ အစီစဉ်များကို ပြောပြပါတယ်။ ပြီးတော့ အစားအသောက် ရှောင်တာတွေ/မတည့်တာတွေရှိလား မေးပါတယ်၊ အဆင်ပြေအောင် စားဖိုမှုးကလည်း ချက်ပေးပါတယ်၊ ကျွန်းတွေအလည်ပို့တာနဲ့ အစားအသောက်ကို အချိန်မီ အဆင်ပြေအောင် စီစဉ်ပေးကြပါတယ်၊ ခရီးသွားလမ်းညွှန်က ကိုယ့်သင်္ဘောပေါ်ပါလာတဲ့ ဧည့်သည်တစ်အုပ်စုစီကို စကားပြောပါတယ်၊ အကြောင်းရင်းကတော့  လူမှတ်ထားတာပါ၊ ကျွန်းတစ်ခုကို ဆိုက်ကပ်ပြီး ထွက်ခွာတိုင်း ကျွန်းရဲ့ ကမ်းခြေမှာ သူ့လူတွေကို ရအောင် ပြန်ခေါ်တင်ပါတယ်။ ဧည့်သည်တွေကလည်း ကျွန်းတွေကိုရောက်ရင် ငေးမောရင်း ပျော်နေတော့ အချိန်မီ သင်္ဘောပေါ်ကို ပြန်တက်ဖို့ မေ့နေတတ်ကြတယ်။ ဒါကြောင့် တစ်ကျွန်းနဲ့ တစ်ကျွန်း ဧည့်သည်တွေ အချိန်မီ သွားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြပါတယ်။ ပရိုဂရမ်အစီအစဉ်တိုင်းက သိပ်မကွာပါဘူး။ မိမိသွားလိုတဲ့ ကျွန်းတွေကိုသာ ရွေးချယ်ရမှာပါ။ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု ဝန်ဆောင်မှုကွာတာက ဈေးနဲနဲပိုပေးရမယ်ဆိုရင် အစားအသောက်ကောင်းပါတယ်၊ ကျွန်းလည်ပတ်တဲ့ သင်္ဘောအနေအထား ကွာသွားပါတယ်။

လူငယ်အုပ်စုတွေပဲဆိုရင်တော့ အခုနောက်ဆုံးခေတ်စားနေတဲ့ “ရာယကျွန်း” သွားကြပါလို့ အကြံပေးလိုပါတယ်။ ဈေးနဲနဲပိုပေးရပေမယ့် သိပ်လှပါတယ်။ ဖီဖီကျွန်းက လူသိများလို့ အသွား များကြပါတယ်။ ဖူးခက်ရောက်ဖူးတဲ့သူတွေကတော့ ဂျိန်းစဘွန်းကျွန်းကို သွားလိုကြပါတယ်။ နိုင်ငံခြားသားများကတော့ အပင်ပန်းခံနိုင်တဲ့အပြင် ငွေကုန်ခံနိုင်တော့ တစ်ရက်တည်းနဲ့ ကျွန်းသုံးကျွန်းကို ပတ်ကြပါတယ်။ အချို့ကြတော့ တစ်ကျွန်း တစ်ရက်စီ လည်ကြပါတယ်။ 

မြန်မာနိုင်ငံသားများအနေနဲ့ အသက်ခြောက်ဆယ်ကျော်လူကြီးတွေ ပါရင်တော့ ကျွန်းတွေ လည်တာ သိပ်အဆင်မပြေလောက်ဘူးလို့ ထင်ပါတယ်။ ကျွန်းအလည်သွားမယ်ဆိုရင် သင်္ဘောပေါ်က တက်/ဆင်းပြုလုပ်နိုင်ရပါမယ်၊ သင်္ဘောမှ လှေတွေပေါ်ကိုလည်း ပြောင်းစီးရပါမယ်၊ ကျွန်းနားကို သွားတော့ လှေသုံးရပါတယ်။ 
စကတည်းက ဘုတ်နဲ့ အုပ်စုလိုက်ဆိုရင်တော့ ဘုတ်ပေါ်တက်ဆင်း သတိထားရပါမယ်၊ လူငယ်တွေအတွက် အရာရာ ပျော်စရာ၊ စိတ်ဝင်စားစရာဆိုပေမယ့် လူကြီးတွေအတွက် လမ်းခရီးတွင်း မှားလို့ မဖြစ်ပါဘူး။ 
ဖူးခက်နဲ့ ပတ်သက်ပြီး အခြားသိလိုတာများရှိခဲ့ရင် အီးမေးမှ တဆင့် သို့မဟုတ် ထိုင်းဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်ခေါ်ဆို မေးမြန်းနိုင်ပါတယ်။ ဧည့်သည်များ သွားလိုတဲ့ ပုံစံအနေအထားကို အတတ်နိုင်ဆုံး ဆွေးနွေးလမ်းညွှန်ပေးပါမယ်။ 


“မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ စိတ်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Monday, August 15, 2011

လှပတဲ့ကျွန်းများနဲ့ ဖူးခက်

ဖူးခက်ခရီးစဉ် သွားမယ်ဆိုရင်.....


ဖူးခက်ကို မိသားစု သို့မဟုတ် သူငယ်ချင်းများနဲ့ သို့မဟုတ် ဟန်နီးမွန်း အလည်များကြပါတယ်။

အုပ်စုလိုက်သွားရင် ဘာလို့ ဈေးတန်တာလဲဆိုရင်
အစစ ကုန်ကျသမျှ မျှဝေကုန်ကျတော့ အဆင်ပြေ သက်သာတာပေါ့။



ဖူးခက်မှာ ဘယ်နှစ်ရက်အချိန်ကုန်ကြမလဲ။
ကားနဲ့ ညပိုင်းသွားရင် ပထမရက်မှာ  မနက်ပိုင်းဆို ဖူးခက်ကို ရောက်ပြီ၊ ဖူးခက်ရှိ ပါတောင်ကမ်းခြေမှာ အပန်းဖြေ။

ဒုတိယတစ်ရက်ကတော့ ဖူးခက်မှာ နာမည်ကျော်လှပတဲ့ ကျွန်းသုံးကျွန်းရှိပါတယ်။
Phi Phi Island, James Bond Island, Raya Island

ဒီကျွန်းတွေထဲက ကျွန်းတစ်ကျွန်း သို့မဟုတ် ကျွန်းသုံးကျွန်း(အချိန်အနည်းငယ်စီလည်ဖို့) ကိုယ်နှစ်သက်ရာနဲ့ ဈေးနှုန်းကို စိတ်ကြိုက်ရွေးပြီး လည်ဖို့က တစ်ရက်အချိန်ကုန်မှာပေါ့။
ဘယ်ကျွန်းသွားမယ်ဆိုတာ ခရီးစဉ်မသွားခင်ကတည်းက ဘိုကင်ပြုလုပ်ပြီးမှ သွားလို့ရမှာနော်။

သင်္ဘောပေါ်မှ ဧည့်သည်တွေကို ခနူလှေလေးတွေနဲ့ လာကြိုနေကြပါတယ်။ 
ပရိုဂရမ်အစီအစဉ်တစ်ခုပေါ့။

ကျွန်းတွေကိုသွားလည်တဲ့ ပရိုဂရမ်တွေ ခရီးသွားကုမ္ပဏီတွေက ဆွဲပေးထားကြပါတယ်။
ဈေးသက်တာနဲ့အမျှ ဝန်ဆောင်မှုအားနည်းနိုင်ပါတယ်။
ဝန်ဆောင်မှုလည်း သင့် ဈေးနှုန်းလည်း သက်သာစေတာမျိုးကို ရွေးနိုင်ရင် အကောင်းဆုံးပါ။
ထိုင်းမှာရှိတဲ့ မိမိတို့အသိတွေကို ကြိုတင်ဆက်သွယ် ဘိုကင်ပြုလုပ်ပြီး ရွေးပေးထားရင် လမ်းခရီး အဆင်ပြေချောမွေ့စေပါတယ်။

နောက်ဆုံးတစ်ရက်မှာ ဖူးခက်မြို့ထဲ လည်လည်သွားပြီး ညပိုင်းမှာ အေးဆေးပြန်လာမယ်ဆိုရင် ဘန်ကောက်ကို စတုတ္ထနေ့မနက်မှာ ပြန်ရောက်ပါပြီ။ 


လေယာဉ်စရိတ်တတ်နိုင်သူများကတော့ အချိန်ကို နဲနဲ ကြည့်စီစဉ်ရမှာဖြစ်ပါတယ်။
လေယာဉ်စရိတ်က ဘန်ကောက်-ရန်ကုန်ထက်ဝေးတဲ့အတွက် ပိုကုန်နိုင်မယ်ဆိုတာ ကြိုတွက်ထားရပါမယ်။ ပိုဈေးကြီးမယ်ပေါ့။

Express နဲ့ဆိုရင် ဘတ်ခြောက်ရာစွန်းစွန်းလောက်ပေးရမယ်။
အငှားကားနဲ့ဆိုရင်တော့ သွားမယ့်နေ့မှ ပြန်တဲ့အထိ ဆီဖိုးနဲ့ ကားခကို ပေးရမှာပါ။
ဆယ်ယောက်အနဲဆုံးရှိမှ တန်ပါတယ်။
သွားလည်မယ့်ခရီးစဉ်မှာ ၁၀-ဦးအောက်လျော့မယ်ဆိုရင်တော့ လိုင်းကားနဲ့ သွားတာ ပိုတန်ပါတယ်။

လိုင်းကားတွေက တော်တော်လေး ကောင်းတဲ့အတွက် စိတ်ပူစရာတော့မရှိပါဘူး။
လိုင်းကားစီးသွားပေမယ့် ဖူးခက်မှာတော့ ကမ်းခြေဆင်းတဲ့အခါ၊ မြို့ထဲသွားတဲ့အခါ အငှားကားလိုအပ်နိုင်ပါတယ်။

လိုင်းကားဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားဖြစ်ဖြစ် ဘန်ကောက်ကနေ မောင်းရင် ၁၂-နာရီကြာမှ ဖူးခက်ကို ရောက်ပါမယ်။
လေယာဉ်နဲ့ဆို တစ်နာရီခွဲဝန်းကျင်စီးရပါမယ်။ 
တိုးရာသီချိန်တွေမှာ ကြိုတင်ဘိုကင်တွေ အစောထဲက ပြုလုပ်ထားမှ စိတ်ချရပါတယ်။
အခုလိုအချိန်မှာတော့ ဧည့်သည်ပါးချိန်မို့ ထိုင်းနိုင်ငံကို မလာခင် တပတ်လောက်မှာ ကြိုတင်စီစဉ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။

ဧည့်သည်များ သိသင့်တာလေးတွေကို ရေးပေးထားပါတယ်။ လိုအပ်တာတွေ သိချင်တာတွေ ရှိမယ်ဆိုရင် ကွန်မန့်သို့မဟုတ် စီဘုံးမှာ မေးနိုင်ပါတယ်နော်။

 
ခနူလှေပေါ်မှာ ဧည့်သည်နှစ်ယောက် စီးခွင့်ရှိပါတယ်။

 လျှိထဲကို ဝင်သွားကြပြီ၊ အပေါ်က ကျောက်ဆောင်ကျွန်းကြီး၊ 
ဒီထဲကိုဝင်ရင် ဘာတွေ တွေ့ရမလဲ...

လေးစားစွာဖြင့်
bliss of us

Friday, July 29, 2011

ကမ်းခြေနဲ့ သဘာဝအလှတရား

ပါတောင်ကမ်းခြေ

အမောတွေပြေတဲ့ နကကမ်းခြေ

ရေလေးတွေက သိပ်လှ၊ သိပ်ကြည်...

လျှိုမြောင်တွေကြားထဲမှာ ထူးဆန်းတဲ့ ပနတ်ကျွန်း

ပြာသော ကောင်းကင်အောက်မှာ ချစ်စရာ...။

အားဖြည့်ပါဝင်ကူညီပေးသော ညီမငယ်လေး-ဝတ်ရည်အား အထူးကျေးဇူးတင်ပါကြောင်း။

လေးစားစွာဖြင့်
bliss of us

Wednesday, July 27, 2011

အမှတ်တရများ အပိုင်း (၂)

အပိုင်း(၂)

ထိုင်းနိုင်ငံအပန်းဖြေစရာနေရာတိုင်းမှာလိုလို ဆင်စီးနိုင်အောင် ဝန်ဆောင်မှုတွေရှိနေပါတယ်။

ဘုရားဝင်းအတွင်းနေရာလေးတွေမှာ ဘုရားဖူးနိုင်ရုံမကပဲ စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတွေပါ။

နေကြာစိုက်ခင်းတွေမှာ အပန်းဖြေစရာနေရာတစ်ခုအဖြစ် ပြုလုပ်ပေးထားပါတယ်။ 
စိုက်ခင်းမှ ဝင်ငွေရခြင်းအပြင် အပန်းဖြေစရာနေရာအတွက် ဝင်ကြေးငွေပါရရှိတော့ 
ဥယျာဉ်ခြံမြေပိုင်ရှင်များအတွက် ဝင်ငွေတိုးစေတာပေါ့။


ပတ္တရားမှာ အပန်းဖြေစရာ ကမ်းခြေနေရာအပြင်
ကျောက်တောင်ကြီးကို လေဆာနဲ့ ပစ်ခွင်းလို့
မြတ်စွာဘုရားရုပ်ပွါးတော်ပုံ ကောက်ကြောင်းရှိတဲ့ဆီကိုလည်း သွားလည်သင့်ပါတယ်။

နာမည်ကျော် ဖူးခက်မြို့နားက ကမ္ဘာကျာ်မင်းသား ဂျိန်းစဘွန်း ရုပ်ရှင်ရိုက်ကူးခဲ့ရာနေရာကို
အစွဲပြုလို့ ဂျိန်းစဘွန်းကျွန်းစုလို့ နာမည်တွင်သတဲ့။

လေးစားစွာဖြင့်
bliss of us

Saturday, May 28, 2011

သူ့အလှနဲ့ သူ့သဘာဝ

နိုင်ငံခြားသားကလေးငယ်လေးကို မိဘများက အန္တရာယ်ကင်းအောင် ပြုလုပ်ပေးထားပါတယ်။

 ဒိုင်ဗင်ပြုလုပ်နိုင်တဲ့ ကျွန်း

 သားသား စိတ်ကြိုက်ဆော့ခွင့်ရနေပါတယ်

ပတ္တရားမြို့ရဲ့ ကမ်းခြေ

မြို့ရဲ့ ကမ်းခြေမှ ကျွန်းတွေဆီ သွားရင်း ဘုတ်ပေါ်မှ မြင်ကွင်း

မြို့ကမ်းခြေအလှ

 
မြို့ကမ်းခြေမှာ ညနေဆို လှေတွေကို ဒီလိုသိမ်းကြပါတယ်

ဘတ်ငွေ(၅၀၀)နဲ့တန်အောင် ရင်ခုန်စရာ၊ ပျော်ရွှင်စရာ


သေချာမှုအတွက် ဂရုတစိုက်ပြုလုပ်ပေးကြပါတယ်


နှစ်ယောက်တွဲက လေထီးစီးနေတုန်း ခြေထောက်ကို ရေထဲ ချပေးလိုက် တက်သွားလိုက်
လုပ်ပေးနိုင်အောင် ဝန်ထမ်းတစ်ဦးက လိုက်လံဆောင်ရွက်ပေးပါတယ်။


ခရုလေးတွေနဲ့ အလှဆင်ထားတဲ့ ဆိုင်

သောက်လို့ကောင်းလွန်းလို့ ထိုင်းက ပြန်သွားရင် 
သတိတရ လွမ်းစရာဖြစ်တဲ့ အုန်းစိမ်းရည် ချိုချိုအေးအေး

ပင်လယ်စာသုပ် 

 အုန်းနို့မပါတဲ့ မြေအိုးတုန့်ယွမ်

ပုဇွန်ကင် တစ်ကီလို ဘတ်ငွေ(၇၀၀)

ထိုင်းနိုင်ငံမှ သဘာဝတရားအလှအပများကို ငေးဖို့အတွက်။ 
လေးစားစွာဖြင့်
bliss of us

Saturday, October 30, 2010

အမောပြေဖို့ “ကော်စမွေ”သို့ အပိုင်း (၆)


YouTube မှာ တွေ့ရတဲ့ ကော်စမွေကျွန်းအကြောင်းလေးကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်ရှင်။

ကျွန်းရဲ့ အလှပုံများ စုစည်းတင်ဆက်ထားပါတယ်။

ကျွန်းပေါ်တွင်ရှိသော တောင်တက် တောင်ဆင်းလမ်းတလျှောက်
လှပသော တိုက်အိမ်လေးတွေ ဆောက်ထားတယ်။


ကျွန်းပေါ်မှာ အခုလို Apartment Guest House တွေက အခန်းငှားခ ဈေးအသက်သာဆုံးပါ။



ကျွန်းအလယ်ဗဟို တောင်ပတ်လမ်းအတိုင်း လှည့်လည် ကြည့်ရှုကြမယ်။


ဒီလိုခရီးသွားဖော်လေးနဲ့သွားမှ အလွမ်းဆိုတာကို မသိရမှာ။


ကျွန်းပေါ်မှ အရောင်းဆိုင်များ။


ဒါလေးတွေကတော့ ကြွေနဲ့ပြုလုပ်ထားတဲ့ တရုတ်လက်ရာတွေဖြစ်ပါတယ်။ ထိုင်းလက်ရာလို့ ထင်ပြီး နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြပုံရပါတယ်။

ဒါလေးတွေက အနံ့သင်းတဲ့ ဆပ်ပြာလေးများကို ပန်းပုံစံလေးတွေ ဖေါ်ကျူးထားပါတယ်။ နိုင်ငံခြားသားများကို လက်ဆောင်ပေးလို့ အဆင်ပြေတာပေါ့။



ဈေးဆိုင်ရှေ့က ယတြာတစ်ခုပါ။ ငွေဝင်စေတယ်လို့ ယူဆကြပါတယ်။


လေဆိပ်အနီးမှာ ဘုရားကြီးနဲ့ ရေကန်ကြီးရှိပါတယ်။ ကန်ပတ်လမ်းတလျှောက်မှာရှိတဲ့ စားသောက်ဆိုင်များဖြစ်ပါတယ်။

ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင်က မြန်မာအမျိုးသားတစ်ဦးဖြစ်ပါတယ်။ လက်ရာကောင်းမွန်ပြီး၊ ဝန်ဆောင်မှုကောင်းတာကြောင့် နိုင်ငံခြားသားများ လာရောက်စားသောက်ကြတာကို တွေ့ခဲ့ရပါတယ်။






မြန်မာဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကားတတ်မြောက်မှုက ထိုင်းလူမျိုးတွေထက် သာလွန်မှုကြောင့် ဒီကျွန်းပေါ်မှာ မြန်မာလူမျိုးဝန်ထမ်းများအတွက် အဆင်ပြေစွာ အလုပ် လုပ်ကိုင်နိုင်ကြပါတယ်။



စွယ်တော်ပန်းလေးတွေလည်း ပွင့်လန်းလို့။

ကျွန်းပေါ်က မြေနီးလမ်းနဲ့ ထန်းပင်

သဘာဝကမ်းခြေ

ပြီးပါပြီ။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower