Showing posts with label Thailand. Show all posts
Showing posts with label Thailand. Show all posts

Saturday, August 11, 2012

ဘန်ကောက်မြို့မှ နေ့ချင်းပြန် အလည်ထွက်နိုင်သော နေရာများ

ကချနဘူရီမြို့
 

ဆာရဘူရီမြို့

Bliss of Us ဆိုဒ်ကို ဖတ်ပြီး ထိုင်းနိုင်ငံအတွင်းမှာ သွားရေးလာရေး အဆင်ပြေကြောင်းကို 
ကြားသိရတဲ့အတွက် အထူးပင် ဝမ်းသာပါကြောင်း။ 

လေးစားစွာဖြင့်
bliss of us

Friday, April 6, 2012

ဝပ်ဖို

ဘန်ကောက်မြို့တော်ကို ရောက်ခဲ့ပြီဆိုရင် ဗုဒ္ဓဘာသာအများစုအနေနဲ့ ပထမဦးစွာ မြဘုရားကို မဖြစ်မနေသွားကြပါတယ်။ မြဘုရားနဲ့ အနီးဆုံးဖြစ်တဲ့ ဒုတိယအနေနဲ့ ဝပ်ဖို အမည်ရတဲ့ လျောင်းတော်မူရုပ်ပွါးတော်မြတ်ကြီး ဘုရားဖူးခရီးစဉ်တွေထဲမှာ  ထည့်ဆွဲကြပါတယ်။ ဘန်ကောက်မြို့တွင်း ဘုရားဖူးခရီးစဉ်တစ်နေ့လုံးယူထားမယ်ဆိုရင် ဒီနေရာကို မဖြစ်မနေရောက်မှာ သေချာတာပေါ့။ မြဘုရားသွားပြီးတာနဲ့ ဗိုက်ဆာလို့ ထမင်းဆိုင်ရောက်သွားရင်တော့ ဒီနေရာကို ရောက်ဖို့မလွယ်တော့ဘူး။ မြဘုရားကို စောစောသွားပြီး ထမင်းမဆာခင် ဝပ်ဖိုလျောင်းတော်မူရုပ်ပွါးတော်မြတ်ကို ဝင်ဖူးလိုက်တာ လမ်းကြောသင့်တာပေါ့နော်။ အရင်တုန်းက ဝင်ကြေးက ဘတ်(၅၀)၊ အခုနှစ်စကတည်းက ဘတ်(၁၀၀) ဈေးတက်သွားပါပြီ။ 

ရုပ်ပွါးတော်ရဲ့ အနောက်မြင်ကွင်း

နေရာလေးက ကျဉ်းကျဉ်းကြပ်ကြပ်မို့ အဆင်ပြေသလိုပဲ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်

ဘုရားပရဝဏ်အတွင်းမှာ တွေ့ရတဲ့ စေတီတော်များ

ဘုရားသမိုင်းကို လေ့လာချင်ရင်တော့ အောက်ပါလင့်ကိုသာ နှိပ်ပြီး လေ့လာနိုင်ကြပါတယ်။

ဘုရားဝင်းအတွင်းမှာ  စေတီတော်များကို အခုလို ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပါတယ်။

နံရံမှာ ရေးဆွဲထားတဲ့ ဆေးရေးပန်းချီများနဲ့ ပြတင်းပေါက်တစ်ခု

ထိုင်းရောက်တဲ့အခါ ဘုရားတွေ သွားဖူးတာ ကုသိုလ်ရရုံတင် ဘယ်ကမလဲ၊ မြန်မာနဲ့ ထိုင်း ဘာသာရေး ဝါဒချင်းတူတယ်၊ ရုပ်ပွါးတော်များ ထုလုပ်ပုံတွေ ဘယ်လိုခြားနားသလဲ ဘယ်နေရာတွေတူသလဲ ဘယ်လိုအယူအဆနဲ့ ထုလုပ် ပူဇော်ထားကြတယ်ဆိုတာ လေ့လာနိုင်ဖို့ပါ။

ရှေးဟောင်းအမွေအနှစ်တွေဆိုတာ သမိုင်းတွေကို သက်သေပြနေကြပါတယ်။ 

စေတီပုထိုးများကို ထုလုပ်လှူဒါန်းသူရဲ့ ရည်ရွယ်ချက်၊ 
ထုဆစ်တဲ့ ပန်းပုဆရာများရဲ့ လက်ရာ အနုပညာများက
 ခေတ်နဲ့ စနစ်ကို ပြောပြနေကြပါတယ်။

တန်ခူးလပြည့်နေ့မှာ bliss of us အဖွဲ့မှ အွန်လိုင်းမိတ်ဆွေများကို ဘုရားဖူးပို့လိုက်ပါတယ်နော်။ 

“ရွှင်လန်းချမ်းမြေ့ကြပါစေ”
bliss of us

Tuesday, March 6, 2012

ထိုင်းနိုင်ငံတွင်း ဖုန်းနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာအချို့

အခုတလော အရေးများကြတဲ့ ငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး ဘလော့မှာ စာရေးသူတို့ တာဝန်အရ ကိုယ်သိသမျှရေးကြ အမြင်တွေ ဖွင့်ဟကြနဲ့ စာဖတ်သူတို့ ဗဟုသုတတွေ အများကြီးရကြတာပေါ့။ ဒါကြောင့် ပိုပြီး သိချင်တဲ့သူတွေများရှိခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံတွင်း ဖုန်းပြောဆိုမှုတွေနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာအချို့ကို မျှဝေပါရစေနော်။

ထိုင်းနိုင်ငံကို ရောက်ပြီဆိုတာနဲ့ ဧည့်သည်များ အများဆုံးနဲ့ အရင်ဆုံးပြုလုပ်လေ့ရှိတာ ဖုန်းနဲ့ ငွေလဲလှယ်တာတွေဖြစ်ပါတယ်။ BOU ရဲ့ ဧည့်သည်တွေဆိုရင် မလာခင်တည်းက ဖုန်းကြိုမှာထားမယ်ဆိုရင် လေဆိပ်ရောက်တာနဲ့ ဖုန်းဆက်လို့ ရနိုင်အောင် အဆင်သင့်ပြုလုပ်ပေးထားပါတယ်။ ဆယ်ရက်တာ လည်ပတ်နေထိုင်မယ့် ဧည့်သည်တွေကို ဖုန်း hand set နဲ့ ဖုန်းကဒ် အဆင်သင့်ဖြစ်ရပါစေမယ်။ ဖုန်းငှားရမ်းခ မယူပါဘူး။ ပြောဆိုခတွေသာ ဧည့်သည်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါက ကြေညာဝင်တာပါ :)


dtac နဲ့ happy က ကုမ္ပဏီအတူတူဖြစ်ပါတယ်





ဖုန်းကုမ္ပဏီများ
ဧည့်သည်အနေနဲ့ ထိုင်းလေဆိပ်မှာ ဖုန်းကဒ်တွေ ဝယ်ယူနိုင်တဲ့အတွက် DTAC (အပြာရောင်), True Move(အနီရောင်), 1-2 Call (အစိမ်းရောင်) ဖုန်းကဒ်ရောင်းတဲ့ ကောင်တာများမှာ မိမိGSMလက်ကိုင်ဖုန်းကို ပေးပြီး စင်းကဒ်ထည့်ခြင်း၊ ကဒ်တွင် ငွေဖြည့်ခြင်းများကို ကုမ္ပဏီများမှ ပြုလုပ်ပေးပါတယ်။ အဓိက ကုမ္ပဏီသုံးခုမှာ ဘယ်တစ်ခုက ကောင်းလဲလို့ မေးရင်တော့ 1-2 Call (အစိမ်းရောင်) အကောင်းဆုံးနဲ့ ဈေးကြီးတယ်လို့ ဖြေရမှာဖြစ်ပါတယ်။ လိုင်းအားကောင်းမှု အဓိကကြောင့် ထိုင်းလူမျိုးတွေ သုံးစွဲကြပါတယ်။ ထိုင်းတောင်ပိုင်းမှ မြန်မာအများစုတွေလည်း လိုင်းအားကောင်းလို့ သုံးပါတယ်။ သို့သော်လည်း ထိုင်းအတွင်း မြန်မာအများစုကတော့ DTAC (အပြာရောင်)ကို သုံးစွဲကြပါတယ်။ အစဉ်အဆက် သုံးခဲ့ကြလို့လားမေးရင်တော့ မြန်မာတွေက TV ဆိုရင် TOSHIBA သာ တီဗွီထင်ခဲ့ကြသူများမဟုတ်လား ဒီတော့ ပထမဆုံးတစ်ယောက် သုံးရင် နောက်လူတွေ သိပ်မစဉ်းစားတော့ဘူး လိုက်သုံးကြတာပေါ့နော်။ တဖန် ငွေသက်သာလို့လားမေးရင် ငွေ အနည်းငယ်သက်သာပါတယ်၊ ဒါ့အပြင် အများစုက သုံးနေတော့ အသစ် အသစ်သော မြန်မာတွေလည်း လိုက်သုံးကြရတယ် ဘာလို့လဲဆိုတော့ သူ့ကုမ္ပဏီက ဝန်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ (ဝန်ဆောင်မှုတွေကို အောက်တွင် အသေးစိတ်ရေးပေးပါမယ်)။ True Move(အနီရောင်)ကတော့ ပြီးခဲ့နှစ်မှ မြန်မာလူမျိုးတွေအတွက် အကြီးအကျယ်ထိုးဖောက်လာပါတယ်။  သီးခြားဝန်ဆောင်မှုတွေ ရှိလာပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မြန်မာအချို့ DTAC (အပြာရောင်) နဲ့ True Move(အနီရောင်) ကဒ်နှစ်ခု ခွ သုံးလာကြပါတယ်။ အလုပ်လုပ်တဲ့သူတွေဆိုရင် ကဒ်သုံးမျိုးလုံး ဝယ်ထားကြပါတယ်။ အဆင်ပြေသလို ဝန်ဆောင်မှုတွေအပေါ် မူတည်ပြီး ခေါ်ဆိုကြပါတယ်။

ဝန်ဆောင်မှုများနဲ့ ကုမ္ပဏီများ
ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကုမ္ပဏီများလေ ဝန်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် သုံးစွဲသူကို မျက်စိလည်အောင် ဖြားယောင်းကြတယ်ဆိုလည်း မမှားပါဘူး။ လူဆိုတာလည်း ကောင်းတဲ့နောက် လိုက်ချင်တာဆိုတော့ ဝန်ဆောင်မှုဘယ်လိုရှိလဲ ဈေးနှုန်းတန်သလား ကြည့်ကြပါတယ်။ ကုမ္ပဏီများကလည်း ဈေးကွက်ကို သုံးစွဲသူတွေ မျက်စိလည်အောင် ကစားကြပါတယ်။ နည်းပညာပေါ်ထွန်းတဲ့ပေါ်မူတည်ပြီး အပြောင်းအလဲတွေလည်း ယနေ့ခေတ်မှာ အလွန်များလာပါပြီ။ နည်းပညာတိုးတက်မှု၊ ဝန်ဆောင်မှုနဲ့ ဈေးနှုန်းတွေအကြား သုံးစွဲသူတွေလည်း လက်လှမ်းမီရာ လိုက်ပြီး ကိုယ်သိသမျှ သုံးစွဲနေကြရပါတယ်။ တချို့ထိုင်းတွေဆို မြန်မာတွေလောက် ဈေးသက်သာတာ ဘယ်လို promotion ယူရတယ်ဆိုတာတောင် မသိကြဘူး။ promotion တွေ အပြိုင်အဆိုင်ပေးလို့ ဈေးခေါ်ရာနောက်ကို ဖုန်းအသုံးများသူတွေ မဟုတ်ရင် သိပ်မသိကြ၊ သိပ်မလိုက်နိုင်ကြတော့ဘူးလို့ ပြောရမလားပါပဲ။

ဖုန်းကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေ promotion တွေ အားလုံးရေးရရင်တော့ ဖတ်သူရော ရေးသူပါ အတော်မောကြပါလိမ့်မယ်။ ဒီတော့ မြန်မာတွေနဲ့ ဆိုင်တာအချို့သာ ကိုယ်သိသမျှလေး မျှဝေပေးမယ်နော်။ ဖုန်းကုမ္ပဏီတိုင်းမှာ စင်းကဒ်ဝယ်ပြီး ငွေကုန်သွားတိုင်း ငွေဖြည့်သုံးနိုင်သလို နှစ်ရှည်နေမယ့် မြန်မာတွေလည်း လိုင်းဖုန်းပြုလုပ်နိုင်ပါတယ်။ တချို့ကျတော့ ခဏခဏလာလည်ကြတဲ့အတွက် စင်းကဒ်ကို ငွေဖြည့်ထားကြပါတယ်၊ ငွေများများဖြည့်ပြီး ကုန်ဆုံးမယ့်ရက်ကိုလည်း တစ်နှစ်ခန့်ယူထားမယ်ဆိုရင် တနှစ်အတွင်း ထိုင်းကိုလာလည်တိုင်း ဒီဖုန်းနံပါတ်ကို အသုံးပြုနိုင်တာပေါ့။ ဖုန်းနံပါတ်ကလည်း အရေးပါနေတော့ ကိုယ့်ဆီ ဆက်သွယ်နိုင်မယ့်သူတွေအတွက် ဖုန်းနံပါတ်တစ်ခုသာဆိုရင် ပိုအဆင်ပြေတာပေါ့နော်။

စင်းကဒ်များ
စင်းကဒ်တစ်ခုကို အနိမ့်ဆုံး ဘတ်ငွေ 49-50 သာ ပေးရပြီး၊ တစ်မိနစ်ကို သုံးဘတ်နှုန်းနဲ့ စင်းကဒ် စသုံးကာစမှာ ဖြတ်ပါတယ်။ အရင်တုန်းကတော့ စသုံးတဲ့ userတွေကို promotion မပေးကြဘူး။ အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာခေါ်ဆိုတဲ့ promotionတွေ ပေးလာကြပါတယ်။ ပြည်တွင်းခေါ်ဆိုမှုကို သုံးလကြာအောင် သုံးပြီးမှာ promotionတွေ ရွေးချယ်ခွင့်ရပါတယ်။ ဒီတော့ စင်းကဒ်တွေမှာ promotion များစွာရှိကြပါတယ်။ မိမိခေါ်ဆိုချင်တဲ့ပေါ်မူတည်ပြီး ဈေးနှုန်းနဲ့ promotion ကို ရွေးနိုင်ပါတယ်။ ကုမ္ပဏီများရဲ့ call center များကို ခေါ်ဆိုပြီး English လို ဖြေကြားတာနားထောင်ပြီး မိမိတို့လိုရာ ရွေးချယ်နိုင်ပါတယ်။ ဧည့်သည်များအနေနဲ့ လေဆိပ်မှာတည်းက ကုမ္ပဏီကောင်တာတွေမှာ ပြောခဲ့ရင်လည်း တခါတည်း သူတို့ ပြုလုပ်ပေးပါတယ်။ နိုင်ငံခြားခေါ်ဆိုမှုတွေ ဈေးသက်သာချင်တယ်၊ ဈေးနှုန်းတွေ ဘယ်လောက်ကျသလဲ စသဖြင့် မေးနိုင်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ နေထိုင်တဲ့သူတွေအတွက်ကြတော့ စင်းကဒ်ခြင်း တူမယ်ဆိုရင် မနက်/ည တချိန်လုံးပြော၊ မနက်/ည တစ်ခု ရွေးပြီး ကြိုက်သလောက်ပြောလို့ရတဲ့ promotion တွေလည်းရှိပါတယ်။ တစ်လလုံးမှ ဘတ် ၂၀၀ ပေးပြီး စင်းကဒ်တူတဲ့ network ပြောဆိုကြပါတယ်။ ဒါကြောင့် ထိုင်းအတော်များများကို ကြည့်လိုက်ရင် ကားစီးရင်း လမ်းလျှောက်ရင်း အလုပ်လုပ်ရင်း ဖုန်းနားကြပ်တပ်ပြီး အချိန်များစွာ ပြောနေကြတာ တွေ့ရမှာပါ။ မြန်မာတွေရောပဲ :)။ ဒါမျိုးက ဈေးကွက်ရှာတဲ့ သူတွေအတွက်တော့ အင်မတန်ကောင်းပါတယ်။ တွက်ချေကိုက်တာပေါ့။ အခြားသော promotion များစွာလည်း ရှိပါသေးတယ်။

စာရေးသူယူထားတဲ့  promotion ကို နဲနဲပြောပြပါအုံးမယ်။ DTAC (အပြာရောင်)ကို နာရီ အပိုင်းအခြားမရှိ စင်းကဒ်တူတဲ့ network အချင်းချင်းကို ပြောမယ်ဆိုရင် ဘတ် ၂၅-ပြား၊ အခြား networkတွေကိုတော့ (၁.၂၅)ဘတ်နဲ့ promotionကို ယူထားပါတယ်။ အချိန်အကန့်အသတ်မရှိတော့ ကိုယ်ပြောချင်တဲ့ အချိန် ဖုန်းဆက်နိုင်ပြီး ပြောဖြစ်မှ ကုန်မှာဖြစ်ပါတယ်။ True Move(အနီရောင်)ကိုတော့ မြန်မာနိုင်ငံဆက်သွယ်တဲ့ အခါသုံးပြီး promotionယူထားတော့ မြန်မာနိုင်ငံကို တိုက်ရိုက်ခေါ်ဆိုတဲ့အခါ တစ်မိနစ်ကို (၁၁)ဘတ်ဖြစ်ပြီး 1-2 Call (အစိမ်းရောင်)နဲ့ ခေါ်မယ်ဆိုရင်တော့  တစ်မိနစ်ကို (၁၄)ဘတ်ဖြစ်ပါတယ်။ True Move(အနီရောင်) လိုင်းအား သိပ်မကောင်းပေမယ့် မိနစ်ကြာကြာပြောတဲ့အခါ လိုင်းအားကောင်းတဲ့ 1-2 Call (အစိမ်းရောင်)ထက် သုံးဘတ် သက်သာပါတယ်။ 1-2 Call (အစိမ်းရောင်)ကဒ်ကို အများအားဖြင့် လိုင်းအားကောင်းတာဖြစ်လို့ laptop တွေမှာ modern ထဲ စင်းကဒ်ထည့်လို့ အသုံးပြုပါတယ်။ ခရီးသွားရင်း အင်တာနက်သုံးနိုင်တာပေါ့။ အခုနောက်ပိုင်း iPhone ခေတ်ရောက်လာတော့ မျိုးစုံသုံးနိုင်နေပါပြီ။

နှစ်ရှည်နေထိုင်သူများအနေနဲ့ လိုင်းဖုန်းပြုလုပ်နိုင်ပါတယ်။ ကုမ္ပဏီတွေမှာ မိမိပတ်စ်ပိုစ့်၊ နေထိုင်ခွင့် ဗီဇာပေါ်မူတည်ပြီး ထောက်ခံစာနဲ့ နေရပ်လိပ်စာတွေ ပြည့်စုံစွာပေးပြီး လိုချင်တဲ့ promotion ယူထားနိုင်ပါတယ်။ မိမိလိုချင်တဲ့ နံပါတ်ရွေးနိုင်ပါတယ်။ နံပါတ်လှရင် လှသလိုဈေးများများပေးရပါတယ်။ တစ်လတာခေါ်ဆိုခွင့် အနိမ့်ဆုံး ဈေးနှုန်းတစ်ခု သတ်မှတ်နိုင်ပါတယ်။ အများဆုံးသုံးနိုင်မယ့် ဈေးနှုန်းတစ်ခု သတ်မှတ်ရပါတယ်။ ဖုန်းခေါ်ဆိုခပေးဆောင်ရာမှာလည်း လကုန်လို့ နောက်လ (၁၈)ရက်နေ့ နောက်ဆုံးထားပေးဆောင်စေခြင်းအပြင် ဖုန်းပုံမှန် အကြွေးမကျန်ရင်လည်း promotion တွေ ထပ်ပေးပါသေးတယ်။ နှစ်ရှည်သုံးမယ်ဆိုရင် ကိုယ်သုံးစွဲနေတဲ့ ဘဏ်ကဒ်တွေနဲ့ ဖုန်းနံပါတ် ချိတ်ဆက်ထားတယ်ဆိုရင်လည်း ဈေးဝယ်တဲ့ promotion တွေ ထပ်ရနိုင်ပါသေးတယ်။ ဟိုတယ်တွေမှာတည်းခိုခွင့် 50% ဈေးလျော့ပေးတာမျိုး၊ ကုန်တိုက်တစ်ခုမှာ ဘာဝယ်ဝယ် ဘတ်တစ်ထောင်လျော့ပေးပါမယ်ဆိုတာမျိုးတွေ အပြင် ဖုန်းဟန်းဆက်တွေကိုပါ အကြွေးဝယ်နိုင်ခွင့်တွေပါ ဆက်ပြီး promotion လည်း ပေးရင်း marketing လည်း လုပ်ကြပါတယ်။ သုံးစွဲသူအနေနဲ့ တန်သမျှ ကြေညာသမျှသာ လိုက်ဝယ်ရမယ်ဆိုရင်တော့ မဆုံးနိုင်ဖြစ်တော့မှာပါ။ စင်းကဒ်နဲ့ ပတ်သက်လို့ ရေးတာဖြစ်တဲ့အတွက် ဖုန်းခေါ်ဆိုမှုနည်းလမ်းပေါင်းစုံ (call back ခေါ်ဆိုတဲ့ ဈေးသက်သာတာတွေ)ကိုတော့ မရေးတော့ဘူးနော်။

ဧည့်သည်တွေ မေးနေကြ မေးခွန်းတစ်ခုက “ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ဖုန်းဘယ်လိုခေါ်ရမလဲတဲ့ ”

DTAC (အပြာရောင်)ဆိုရင် 009 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ဥပမာ - 009 668 5113 7722

True Move(အနီရောင်)ဆိုရင် 006 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ဥပမာ - 006 668 5113 7722

1-2 Call (အစိမ်းရောင်)ဆိုရင် 00500 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ 
ဥပမာ - 00500 668 5113 7722

ဘယ်လိုစင်းကဒ်မျိုးမဆို ပြည်တွင်းခေါ်ဆိုတဲ့အခါ 08 5113 7722 ဆိုရင် ရပါပြီ။

ပိုက်ဆံဖြည့်မယ်ဆိုရင် 7-11 သို့မဟုတ် FAMILY MART ဆိုင်တွေမှာ ဖုန်းစင်းကဒ် နာမည်ပြောပြီး ငွေဖြည့်ကဒ်လေးတွေ ဝယ်နိုင်ပါတယ်။ ငွေဘယ်လိုဖြည့်မလဲဆိုရင်တော့ ဝယ်လို့ ရလိုက်တဲ့ ကဒ်လေးတွေမှာ ရေးပေးထားပါတယ် အင်္ဂလိပ်လို ထိုင်းလို နှစ်ဘာသာရေးထားလို့ အညွှန်းအတိုင်း လွယ်ကူစွာ နှိပ်နိုင်မယ်ဆိုရင် ငွေဝင်သွားတဲ့ ပမာဏကို message ပို့ပေးပါလိမ့်မယ်။

အချုပ်အားဖြင့်ဆိုရရင် ထိုင်းနိုင်ငံအပြင် အခြားခြားသော နိုင်ငံတွေမှာလည်း သုံးစွဲသူတွေ အဆင်ပြေဖို့အတွက် ဖုန်းကုမ္ပဏီတွေက အလေးထားကြိုးပမ်းကြပါတယ်။ ဒါမှလည်း သုံးစွဲသူများပြီး အမြတ်နဲသော်လည်း အရေအတွက်များရင် စီးပွါးရေးသမားတွေဘက်က တွက်ချေကိုက်သလို သုံးစွဲသူများဘက်ကလည်း ဝန်ဆောင်မှုကောင်းလို့ စိတ်ချမ်းသာမှုရမှာဖြစ်ပါတယ်။ ဖုန်းစင်းကဒ်တစ်ခုရဲ့ နောက်ကွယ်မှာ အကြောင်းရာပေါင်းများစွာ ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံက ငါးထောင်တန်ဖုန်းထွက်လာမယ်ဆိုရင်ရော ဒီလို သုံးစွဲသူ စိတ်ချမ်းသာ အဆင်ပြေစေဖို့တွေ ကြိုးစားကြမှာလားလို့ မေးကြည့်ပါရစေနော် ...။

လေးစားစွာဖြင့်
bliss of us

Friday, December 23, 2011

ထိုင်းမှာ ဘုးရားဖူးမယ်၊ ကမ်းခြေ အပန်းဖြေမယ် ပြီးတော့ ဈေးဝယ်လည်း ထွက်မယ် ...

စေတီတော်များက ထိုင်းလက်ရာ မဟုတ်ပါဘူး။ အယုဒ္ဓယမြို့မှာ တွေ့ရမှာဖြစ်ပါတယ်
(နောက်မှ ပိုစ့်သီးခြားရေးပေးပါမယ်)

ကချနဘူရီမြို့ ဆင်စခန်းမှာ ဆင်စီးပြီး ရေဆော့ကစားတာအပြင် ဆင်လိမ္မာပွဲလေး တစ်ခုပါ ကြည့်နိုင်ပါတယ်။

အယုဒ္ဓယမြို့က ဘုရားမှာ တွေ့ရတဲ့ မြန်မာနဲ့ ပတ်သက်သော ဓာတ်ပုံမှတ်တမ်းတစ်ခုပါ။

တောင်ပေါ်ဘုရားအထွက်လမ်း မြင်ကွင်း

အိမ်သူသက်ထား မျက်နှာရစေဖို့ ခင်ပွန်းသည်များက လက်ဆောင်ပေးကြတယ်။

(2011)ခုနှစ် ခရစ်မတ်စ်ကာလအတွက် ပြင်ဆင်ထားကြပြီ

ဖူးခက်ကမ်းခြေ ဆည်းဆာအလှ တကယ်လှတယ်။

ကချနဘူရီမြို့ ရေတံခွန်နားက ရထားစက်ခေါင်းဟောင်းတစ်ခု

ဟိုးဘက်မှာမြင်ရတဲ့ တောင်တန်းက မြန်မာတွေပိုင်တယ်

ကြက်ရုပ်လှူတာတောင် ကြက်မောင်နှံရုပ်လှူကြတယ်။ တစ်ခြံတည်း ဆုံရအောင်ပေါ့။

"Best Wishes for a year of wealth, good health and happiness"
"Merry Christmas & Happy New Year"

best regards, 
bliss of us

Thursday, March 31, 2011

“အိမ်မက်ကမ္ဘာမှာ ပျော်ရွှင်စွာ ဆော့ကစားပါ”

“ကလေးငယ်တွေ ပျော်ရွှင်စွာ ဆော့ကစားဖို့ ဝိုင်းဝန်းကူညီ အားပေးစို့”

ကလေးဘဝဆိုတာ နောက်တစ်ခါ ပြန်မရနိုင်တော့ ကလေးတွေ ပျော်ရွှင်စွာ ဆော့ကစားပါစေ။

ကဲ ဒီတော့ မြန်မာလူငယ်လေးတစ်ဦး အိမ်မက်ကမ္ဘာကို သွားလည်ပြီး
သူ့အတွေ့အကြုံတွေကို စာသားအဖြစ်
အသွင်ပြောင်းထားတာကို ဖတ်ကြည့်ရအောင်ပါနော်။ 
***********************
နေမွန်းတည့်ချိန်လည်းကျော်ခဲ့ပြီ။ နေကပူ၊ လူတွေကရှုပ် ခေါင်းမူးရာကနေ ခေါင်းကိုက်လာပြီ။ ဒါတောင် အစုံမရောက်သေး။ ကြည့်ပြီး မစီးရဲလို့  လှည့်ပြန်ခဲ့ရတာတွေရော၊ ရောက်ကိုမရောက်ဖြစ်ခဲ့တာတွေရော အများကြီးကျန်ခဲ့တယ်။ နောက်တစ်ခါရောက်ဖြစ်ခဲ့ရင်တော့ သေချာထပ်ရိုက်ဦးမယ်လို့ စိတ်ကူးတယ်။ အလည်လာသူများထဲက ရောက်ဖြစ်ခဲ့ရင်လဲ ဓါတ်ပုံလေး ဘာလေးပို့ ပေးနိုင်ကြပါတယ်ဗျာ။

ကဲ... လှေစီးသူရဲကောင်းတွေ လာပါပြီ။

မီးမီးလေးကလဲ လှေလေးလှော်ရင်း သီချင်းတအေးအေးနဲ့ ။

ဒီမှာတစ်ခုပြောချင်တာက မိဘတွေရဲ့ သားသမီးအပေါ်ထိန်းကျောင်းမှုပါပဲ။ အဖြူကောင်တစ်ကောင်နဲ့  အိမ်ထောင်ကျထားတဲ့ ထိုင်းမက သူကလေး လှေစီးတာ စိတ်ပူပြီးလျောက်အော်နေလို့  အဖြူကောင်က သူ့ မိန်းမ ထိုင်းမကို စိတ်အေးအေးထားဖို့  ကလေးကို သူ့ ဖာသာ ဂရုစိုက်နိုင်အောင်သင်ပေးဖို့  ရှင်းပြနေပါတယ်။ ကလေးက အစပိုင်းမှာ လှေစီးဖို့ ကြောက်နေပေမယ့်။ သူ့  အဖေ အဖြူကောင်ရဲ့ အပရီရှိတ် လုပ်ပေးမှုကြောင့် အခြားကလေးတွေနဲ့  ရောနှောပြီး တက်ကလေးကိုင်လို့  ကိုယ့်ဖာသာ လှေလှော်ပါတော့တယ်။ ဒါ အတုယူစရာကောင်းတဲ့ သားသမီးအပေါ်ထိန်းကျောင်းမှုလို့  ကျနော်ထင်ပါတယ်။ ကိုယ့်ဖာသာ ထိန်းကျောင်းရပ်တည်နိုင်မှု တည်ဆောက်ပေးရာမှာ မြန်မာတွေ အတော်ကို လိုအပ်သေးတယ်လို့ ထင်ပါတယ်။
ငွေဆောင်ကမ်းခြေ .. အဲ ဟုတ်ပါဘူး... ရေကန်အစပ်မှာ ရာဘာလှေလေးတွေ ကပ်ထားတယ်။
ဒီဗျုးလေးတော့ လှမယ်ထင်ပါတယ်။ ကျနော်လဲ အဲ့ဒီလှေ စီးခဲ့တယ်။
နေနဲနဲကျသွားတော့ လှေစီးသူတွေ များလာပြီပေါ့။
စက်တပ်ရာဘာလှေကလေးပေါ်က အဖေနဲ့ သမီးငယ်လေး။
ဒီကောင်တွေ ကောင်းကင်လမ်းလဲမရှောင် သောင်းကျန်းလှချည်လား။
ဒီကားလေးကတော့ စိတ်သက်သာရာ အရဆုံးလေးပါပဲ။
ကလေးတွေအစီးများတယ်။ ကျနော်လဲ စီးခဲ့တယ်.. အဟီး။
ကဲကဲ... Sky Train စီးကြရအောင် .....။
ဒါက မိချောင်းရထား ရေကန်ထဲပြေးဆင်းတဲ့ လမ်းပါ။ အချိန်မရလို့  မစီးလိုက်ရဘူးဗျာ။
ဟော .. ဟိုးရှေ့က ပြေးဆင်းလာမှာဗျိုး ......။
အောက်မှာကြည့်ပါဦး ရေမြောင်းထဲမှာ ဘောကွင်းကြီးစီးနေကြတဲ့ သူတွေ။
ပင်လယ်ဓါးပြလှေကြီး ပျော်ပျော်စီး။
မူစလင်တွေ ဘုရားရှိခိုးသလိုပဲ လက်လေးတွေ မြောက်ပြီးအော်လိုက်ကြတာဗျာ။
အော်.. အဲ့သည်နေ က မူစလင်အမျိုးသမီးတွေ အများကြီးလာကြတယ်။
ထိုင်းမလေး ရေထဲ ဘာဆင်းလုပ်နေပါလိမ့်။
အားပါး ငါးမန်းကြီးပါလား။
အမငေး... ငါးမန်းကြီးလာနေပြီ။ ရေအောက်ဥယျာဉ်ထဲ ကျနော်မရောက်ခဲ့ပါ။
သူငယ်ချင်းရိုက်ခဲ့ တဲ့ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ်။
ဟယ်လီကော်ပတာလေးတွေ စီးကြမယ်။
ကျနော်အစီးချင်ဆုံးက အဲ့ဒါပါပဲ... ရာဘာဘောကွင်းလှေကြီးမှာ ထိုင်ခုံလေးတွေနဲ့ ။
ရေတော့ အတော်ကိုစင်တာဗျ..။
နေပူကျဲတဲမှာ ရေစိုလိုက် အေးလိုက် ပူလိုက်နဲ့ ဆို ဖျားမှာ ကြောက်လို့  လက်လျော့ခဲ့ရတယ်။
စွန့် စွန့် စားစား လှေစီးကြဖို့  အန္တရာယ်အကွေ့ တွေပေါ့။
လူတစ်ယောက် မြေကြီးထဲမြုပ်နေပါ့လား။
ကောင်းကင်ကြိုးနဲ့  သွားတဲ့ ရထားလုံးလေးတွေတော့ မစီးလိုက်ရပါဘူး။
အချိန်လည်း မရတော့ဘူး။ နေစောင်းလာပြီလေ။
ဆင်လိမ်မာစီးဖို့ လည်း လက်လျော့လိုက်ရပြီ။
နောက်ဆုံးတော့ စိတ်တိုနေတဲ့ ရန်ကုန်သားလေးက ထိုင်းလူသန်ကြီးကို 
အသာလေး အနိုင်ယူ ပစ်လိုက်တော့တာပေါ့ဗျာ။

ကဲ... Dream World ပိုစ့်ဒီမှာတင်ပြီးပါပြီဗျာ။ ထိုင်းကို လည်လည်လာမယ်ဆိုရင်တော့ ကလေးတွေအတွက် ဒီနေရာကို လိုက်ပို့ ပေးတာ အကောင်းဆုံးပါပဲ။ လူကြီးတွေ အတွက်လဲ စိတ်အပန်းပြေစရာနေရာလေးပါ။ ထိုင်းကိုလာလည်မယ်ဆိုရင်တော့ ခရီးသွားအဖွဲ့ ရဲ့ ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ BLISS OF US မှာစုံစမ်းမေးမြန်းပြီး အဆင်ပြေပြေ သွားလာနိုင်ကြပါတယ်ဗျာ။

Dream World သို့  အလည်တစ်ခေါက်ရဲ့ အရင်ပိုစ့်လေးတွေ ပြန်ဖတ်ကြည့်ချင်တယ် ဆိုရင်ဖြင့် အောက်ပါလင့်လေးတွေမှာ ကြည့်နိုင်ကြပါတယ်ဗျာ။

Dream World သို့ အလည်တစ်ခေါက်... (၁)
Dream World သို့  အလည်တစ်ခေါက်.. (၂)
Dream World သို့ အလည်တစ်ခေါက်... (၃)
Dream World သို့  အလည်တစ်ခေါက် (၁)၊ (၂)၊ (၃) ရဲ့ နောက်ဆက်တွဲပိုစ့်လေးပါ။





“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower