Monday, September 26, 2011

ဝပ်အာရုဏ်

ဘန်ကောက်မြို့ရှိ ဘုရားစေတီပုထိုးများထဲတွင် ဝပ်အာရုဏ်စေတီသည်  နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများ စိတ်ဝင်တစား သွားရောက်ဖူးမျှော်ကြသော ဘုရားပုထိုးစေတီများထဲတွင် ထင်ရှားလေသည်။

စေတီပုထိုးတွင်ရှိသော ပန်းပုပညာများကို လေ့လာကြပါသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်လည်း ထိုလက်ရာမျိုးကို တွေ့ရှိနိုင်ပါသည်။

ကျောက်ဖရားမြစ်ကြောင်းမှ လည်ပတ်ရန် ငှားရမ်းထားသော ဘုတ်လေးများဖြင့်လည်း ဘုရားဖူးနိုင်ပါသည်။

စိတ်ဝင်စားဖွယ် ရှေးဟောင်းအနုပညာလက်ရာများ

စေတီရံတစ်ဆူ

မြစ်ကမ်းဘေးမှာ တည်ထားသော စေတီသို့ သွားရောက်ဖူးမျှော်နိုင်ပြီး
မြစ်ကမ်းနားအလှအပများကို ခံစားနိုင်ကြပါတယ်။ 

ဝင်ကြေးမှာ တစ်ဦးလျှင် ဘတ်(၅၀)ဖြစ်ပါတယ်။

လေးစားစွာဖြင့်
bliss of us

5 comments:

တောက်ပကြယ်စင် said...

ဝပ်အာရုဏ်ဘုရားကို ဘုန်းဘုန်း ထိုင်းနိုင်ငံ ဒုတိယအကြိမ်မြောက် ရောက်စဉ်တုန်းက ပထမဦးဆုံး ၀င်ဖူးခဲ့ရပါ၏။ စိတ်ဝင်စားဖွယ်လည်း အလွန်ကောင်းလှပါ၏။

...အလင်းစက်များ said...

သွားဦးမယ်အစ်မ....... ဓါတ်ပုံလှလှလေးတွေ ရိုက်လာခဲ့ဦးမယ်။ ပိုစ့်တင်ပြီးမှ အကြောင်းကြားလိုက်မယ်ဗျိုး။

Anonymous said...

သွား သွား ပြန်မလာနဲ့

Anonymous said...

သွား သွား ပြန်မလာနဲ့

စံပယ်ချို said...

မရောက်ဖူးခဲ့ဘူး
မြဘုရားကိုပဲ ၂ခါရောက်တယ်
ရေပေါ်ဈေး၁ခါရောက်တယ်..
ပုံထဲကနေဖူးလိုက်ပါတယ်
ဒိုမိန်းလုပ်ပြီးလင့်တွေပျက်ကုန်တယ်
ခုမှပဲပြန်တွေ့တော့တယ်.ခုပြန်ချိပ်
ထားလိုက်ပြီနော်.....
ခင်တဲ့ jasmine

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower