Sunday, February 5, 2012

ဘန်ကောက်မြို့တွင်း တစ်နေ့တာ ဘုရားဖူးခရီးစဉ်

မြဘုရားနှင့် ရွှေနန်းတော်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံး ဦးတိုက် ရှိခိုးလေ့ရှိပါတယ်။ မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ ညနေပိုင်းဆိုရင် နန်းတော်ထဲ ပွဲတော်တခုခုအတွက် ပြင်ဆင်လေ့ရှိတာကြောင့် မနက်စောစော သွားဖူးတာက ပိုစိတ်ချရပါတယ်။
ဘုရားဖူးသွားမည့် ဧည့်သည်များအနေဖြင့် ဘောင်းဘီ အတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊ T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။ အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှားဝတ်နိုင်ပါတယ်။ ဘုရားဝင်းပြင်ပတွင်လည်း စပန့်သား ဘောင်းဘီများအရှည်များကိုလည်း ရောင်းချပေးနေသည့်အတွက် ဧည့်သည်များအနေဖြင့် အဆင်ပြေစွာဝယ်ယူဝတ်ဆင်နိုင်ပါတယ်။


အင်တာနက်စာမျက်နှာတွင်းရှိ ယူကျူ့လင့်ထဲမှာ မြဘုရားဝင်းအတွင်း ရိုက်ကူးထားတာအပြင် ထိုင်းဘာသာ ဘုရားသီချင်းကိုပါ နားဆင်နိုင်ပါတယ်။



မြဘုရားသမိုင်း (အင်တာနက်စာမျက်နှာများမှ မြဘုရားသမိုင်းများကို စုစည်း ကူးယူတင်ဆက်ပါသည်။)
ထိုင်းဟာ အတိတ်က လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။ တကယ်တော့ ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီး လာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ ဆင်းတုတော်ပါ။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာ အဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာ ဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက် ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာ ဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့် ပြည်သူတွေရဲ့ သဒ္ဒါတရား ကို ခုလို အသိအမှတ်ပြု လေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို ဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစား ခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းက လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ 
http://borderlessburmesebloggers.blogspot.com/2008/09/blog-post_04.html မှ ကူးယူပါသည်။

 
မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင် ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁ (1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက်ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူ ကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။ ယုံကြည်ရသော ရာဇ၀င်သမိုင်းမှတ်တမ်း ထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက် တွေ့ရှိခဲ့ရလေသည်။ ဆင်းတုတော်ကို ကျောင်းထိုင် ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင်သွားခဲ့သည်။ တစ်နေ့သော အခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ်ကွာကျပြီး အတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကို ဆရာတော်က တွေ့ရှိလိုက်ရလေသည်။ ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။ ထိုင်းတွေ၏အဆိုအရ မြဆိုသည်မှာ အစိမ်းရောင်ကိုခေါ်ခြင်းဖြစ်ေ
လသည်။
ထိုသတင်းကိုကြားကြသောအခါ လူအများသည် မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်က ချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။ ထို့နောက် ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ ပင့်ဆောင်ရန် ဆင်တော်ကိုလွှတ်လိုက်လေသည်။ သို့သော အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သော အခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။ ဆင်တော်က သုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကို ထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေး ရပြီးနောက် ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။
AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။ သမီးတော် ချိုင်းချက်သ Chaichettha မင်းသားဖွား  မြင်တော်မူသည်။ ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကို ထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။ သို့သောငြားလည်း သူ၏ခမည်းတော် လာအိုဘုရင် နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။ ထို့ကြောင့် AD- 1552 တွင် မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော Luang Prabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။ ချင်းမိုင်ဝန်ကြီးများကို သူပြန်လာ ပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှ မပြန်ခဲ့သလို မြဘုရားသည်လည်း လူအမ်ပရာဘန်တွင် ၁၂ နှစ်တိုင်တိုင်း စံပယ်နေခဲ့ရလေသည်။
AD- 1564 တွင် ဘုရင်ချိုင်းချက်သသည် လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကို ဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကို ဗီရန်တိန် Vientiane သို့ ပြောင်းရွှေ့စိုးစံခဲ့ရတော့သည်။ ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း ၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရတော့၏ ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦး အဖြစ် ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက် မြဘုရားကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။
ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်း နန်းတော်အတွင်း ထည့်သွင်း စံပယ်တော်မူစေလေသည်။ ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော အဆောင် တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။ ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD- 1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။ ရာမဘုရင် ၁ က မြဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့် မိုးတွင် သင်္ကန်းကပ်လေသည်။ ရာမဘုရင် ၃ က (1824 – 1851) တွင်မူ တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါ ကပ်လှူလေသည်။ မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကို နှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။ ဥာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။ ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။ ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန် တရားထိုင်နေပုံမှာ တောင်ပိုင်း အိန္ဒိယနှင့် သီရိလင်္ကာ ဟန်နှင့် ဆင်တူနေလေသည်။ မြဘုရားကို ထိုင်းတွေက ၀ပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။ ၀ပ်ဆိုသည်မှာ ဘုရား၊ ကရောက်က ကျောက်စိမ်း။
ပြေ (ဆေး၂) မဟေသီ
October 2007
www.shanniyouth.blogspot.com  မှ ကူးယူပါသည်။

ဘန်ကောက်မြို့တွင်း ရေကြီးပြီးသည့်နောက်ပိုင်း ယခုရက်များတွင် မြဘုရားသို့လာရောက်ကြသော ဘုရားဖူးလာဧည့်သည်များ အဝင်ဝမုဉ်ဦးအထိ ကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိပုံ


 တာဝန်ချိန်ပြီးဆုံး၍ မြဘုရားဝင်းအနီး ရွှေနန်းတော်ထဲမှ ထွက်လာသော စစ်သည်တော်များ

 ဝပ်အာရုဏ်

ခရီးသွားများအနေဖြင့် ကျောက်ဖရားမြစ်နဘေး မြစ်အလှကို ခံစားရင်း စေတီလက်ရာများကို လေ့လာကြပါသည်။
ဘုရားဝင်းအတွင်းမှာ မြစ်ဟိုဘက်ကမ်းရှိ မြဘုရားရှိရာသို့ အခုလို လှမ်းမြင်နိုင်ပါတယ်။ 

http://blissofus.blogspot.com/2011/09/blog-post_26.html ဒီလင့်ကို နှိပ်၍ လေ့လာနိုင်ပါတယ်။

ရွှေဘုရား
 ရွှေဘုရားရှိရာ ဘုရားဝင်းအတွင်းမှာ ရုပ်ပွါးတော်တစ်ဆူ
http://blissofus.blogspot.com/2010/08/wat-traimit.html


တောင်ပေါ်ဘုရား
တောင်ပေါ်ဘုရားကိုတော့ အများအားဖြင့် ညနေပိုင်းမှာ သွားကြပါတယ်။ ဘုရားဖူးရင်း Sunset ကြည့်နိုင်ပြီး ဘန်ကောက်မြို့ကွက်ကိုပါ တက်ရောက်ကြည့်ရှုလေ့ရှိကြပါတယ်။


ဗုဒ္ဓမွန်ထုံ

 ဘန်ကောက်မြို့တွင်း အချိန်ရလျှင် မြို့ထဲနှင့် သိပ်မဝေးလှတဲ့ ဗုဒ္ဓမွန်ထုံဘုရားသို့လည်း သွားရောက်နိုင်ပါတယ်။
http://blissofus.blogspot.com/2011/05/blog-post_16.html 

ဘန်ကောက်မြို့အနောက်ဘက်ရှိ ထိုင်းနိုင်ငံ၏ အကြီးဆုံးစေတီတော်ကြီးကို ဖူးမျှော်နိုင်ပါတယ်။
http://blissofus.blogspot.com/2010/12/blog-post_18.html
ဖေါ်ပြပါလင့်တွေမှာ ဘုရားများနဲ့ ပတ်သက်ပြီး ပိုစ့်တွေ ရေးသားပေးထားပါတယ်။

ဘန်ကောက်မြို့တွင်းနှင့် မြို့အထွက် ဘုရားစေတီများပါ မကျန် စုံအောင်ဖူးမည်ဆိုပါက အချိန်နှစ်ရက်ခန့်ပေးနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း သတင်းစကားလက်ဆင့်ပါးပါရစေနော်။
လေးစားစွာဖြင့်
bliss of us

3 comments:

Angelhlaing(May everybody be happy and healthy! said...

ဘုရားလည်းဖူး လိပ်ဥလည်းတူး..အဲ ...မှားလို့.. :):) ခရစ္စတလ် ပြောမှ ဘုရားသမိုင်းအကြောင်း စုံစုံ လင်လင် သိရတယ် ကျေးဇူးနော်... အဲဒီဘုရားက ဆုတောင်းပြည့်တာတော့ သိတယ် (ကိုယ်တွေ့မို့လေ) ..:P ထိုင်းနိုင်ငံလောက်ပဲ မြန်မာနိုင်ငံ အရာရာ တိုးတက်မယ်ဆိုရင် သိပ်ကောင်းမယ်နော်... အစစအရာရာ ..ခုတော့ ..ရာဇဝင်ထဲမှာပဲ မြန်မာက သာခဲ့တာလေ..လက်တွေ့မှာ..:(:(

မဒမ်ကိုး said...

တရက်တော့အရောက်လာပါမည် လိုက်ပို့ပါလေး)))
ချစ်သော

မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

လာခဲ့မယ်နော်
မြဘုရားလည်းဖူးမယ် ဘန်ကောက်မြို့ထဲလည်း လည်မယ်..း)
မြဘုရားရဲ့ ရာဇဝင်သမိုင်းကြောင်းက စိတ်ဝင်စားဖို့ကောင်းတယ်နော်။ ခုမှ ပြည့်ပြည့်စုံစုံသိတော့တယ်။
ရခိုင်က ဘုရားတစ်ဆူုနဲ့ အဖြစ်ချင်းဆင်တယ်
ဆင်တယ်ဆိုတာက အင်္ဂတေနဲ့ အပေါ်က မံထားပြီး နောက်တော့ အင်္ဂတေကွာကျမှ အထဲက ဆင်းတုတော်အစစ်ကို လူတွေမြင်ကျရတဲ့ သဘောကိုပြောတာပါ။
ဘာဘဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါ။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower