Wednesday, January 4, 2012

ချင်းမိုင်မြို့မှ ပန်းပွဲတော် (အပိုင်း-၁)

ချင်းမိုင်မြို့က ပန်းပွဲတော်ကို ဒီဇင်ဘာ(14) 2011 မှ ဇန်နဝါရီလ(14)ရက် 2012 အထိ ကျင်းပလျှက်ရှိပါတယ်။

The International Horticultural Exposition Royal Floral Ratchaphruek 2011
 ဒီပွဲတော်မှာ ပန်းတွေနဲ့ အလှဆင်ထားတဲ့ ပြကွက်များစွာ ပြသထားလျှက်ရှိပြီး ထိုင်းနိုင်ငံအပြင် နိုင်ငံတကာမှ တင်ဆက်ထားတဲ့ ပြကွက်များကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
bliss of us မှ လည်လည်လာကြတဲ့ အွန်လိုင်းပရိသတ်များကို 
ချင်းမိုင်မြို့ ပန်းပွဲတော်ဆီ အလည်ခေါ်သွားမယ်နော် :)

ပန်းပွဲတော်မှာ ပျားကလေးလည်း ရောက်နေပါတယ်...

“ပန်းခြံကြီး အဝင်ဝမှာ ဓာတ်ပုံလှလှရိုက်နိုင်ကြ”

ရောင်စုံထီးလေးများကြားမှာ

ပန်းခင်းနဲ့ ဆေးရေး ထီးကလေးတွေ အလှချင်းပြိုင်နေကြသလား .....

သစ်ခွပန်းလေးတွေကြားမှာ ထီးလေးတွေနဲ့ အလှဆင်လိုက်တော့ 
“အလှပေါ် အယဉ်ဆင့်”

ထီးများပေါ်မှာ ပန်းချီရေးဆွဲနေတဲ့ နေရာလေးတစ်ခုကို တွေ့ရပါပြီ

 ဓာတ်ပုံလေးတခု သို့မဟုတ် ပန်းချီကားချပ်လေးကို ကြည့်ပြီး ထီးပေါ်မှာ ကောက်ကြောင်းချ ရေးဆွဲနေပါပြီ...

သွက်လက်တဲ့ စုတ်ချက်များအောက်မှာ လှပသပ်ရပ်တဲ့ ချစ်စဖွယ် ရောင်စုံထီးလေးတွေ ဖြစ်လာတာပေါ့နော်...

အစီစဉ်တင်ဆက်နေသူများကို ဓာတ်ပုံရိုက်မယ်ဆိုတော့ ရှက်ပြုံးလေးနဲ့
“အခုလို ပန်းပွဲတော်ကြွရောက်လာကြတဲ့ ဧည့်သည်များအနေနဲ့ 
ပန်းကလေးများရဲ့ အလှကို ခံစားကြည့်ရှုကြရင်း စိတ်ပင်ပန်းနွမ်းနယ်တာတွေ လွင့်ပျောက်ကာ 
ကိုယ်ရော စိတ်ပါလန်းဆန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်”တဲ့။

ပန်းပွဲတော်မှာ တင်ဆက်ထားတဲ့ လှပသော မြင်ကွင်းတွေ နောက်ပိုစ့်များမှာ တင်ဆက်ပေးပါအုံးမယ်။
လေးစားစွာဖြင့်
bliss of us

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလိုက်တာ
တကယ်ကိုလှတာ
ဓာတ်ပုံလာရိုက်ချင်တာ ထိန်းလို့တောင်မရဘူး
ခု ရိုက်ထားတဲ့ပုံတွေကို ခိုးသွားချင်လိုက်တာမှ
တအားကိုလှတာဘဲ.. ထီးလေးတွေနဲ့ ပုံတွေ အားလုံးလှတယ်။။ တကယ်ကိုရှယ်ဘဲ

ညယံ said...

ဒါ့ပုံတွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားတော့ ချင်းမိုင်တောင် အပြေးလာချင်သေးတယ်နော်..
ထီးလေးတွေ ချိတ်ထားတာ တော်တော် ကဗျာဆန်တယ် ..
ခရမ်း နဲ့ ပန်ရောင် တွဲလေးတွေက ဒါတ်ပုံတော်တော် စားတာပဲ :)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower