Thursday, October 20, 2011

ဧည့်သည်များ သိလိုသော ထိုင်းရေကြီးခြင်းနှင့် ခရီးစဉ်များ

 အယုဒ္ဓမြို့ရှိ နာမည်ကျော် ဝမ်မဟာထပ်ကျောင်းဝင်းတွေ ရေမကြီးခင် ရိုက်ထားသည့်ပုံ

နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေနှင့် ယခုအချိန်တွင် ထိုင်းနိုင်ငံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြစ်ရေကြီးခြင်း ဖြစ်ပေါ်နေပါသဖြင့် ထိုင်းနိုင်ငံတွင်း လည်ပတ်မည့်အစီအစဉ်များ ခေတ္တရွေ့ဆိုင်းထားကြပါရန် စေတနာ ရှေ့ထားပြီး အသိပေးနှိုးဆော်ပါရစေနော်။ 

ဘေးအန္တရာယ်များ ကင်းဝေးပြီး ရေဘေးနှင့် ပတ်သက်၍ စိတ်ချရသော အခြေအနေသို့ရောက်သည့်အခါတွင်  ပြန်လည် အသိပေးပါမည့်အကြောင်း သတင်းစကားလက်ဆင့်ပါးလိုက်ပါတယ်။

လေးစားစွာဖြင့်
bliss of us


4 comments:

စံပယ်ချို said...

ခုလိုအသိပေးတဲ့ အတွက်ကျေးဇူး
တင်ပါတယ်ရှင်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လွတ်သွားတဲ့ မိကျောင်းတွေ ဖမ်းမိပြီဆိုတော့မှ လာလည်တော့မယ်။
ခုတော့ လာသေးဘူး
ထိုင်းနိုင်ငံရဲ့ ရေဘေးဒုက္ခ အမြန်ဆုံးကျော်လွှားသွားနိုင်ပါစေ.. အားလုံးလည်း ဘေးရန်ကင်းပါစေလို့ ဆုတောင်းမိပါရဲ့ရှင်။

mstint said...

သဘာဝဘေးအန္တရာယ်အပေါင်းကနေ လူသားအားလုံး ဘေးမသီရန်မခ အမြန်ဆုံးကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းနေမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

ရှေ့တစ်လ လုံး ဘန်ကောက် ရုံန်းကန်ရမယ်ထင်တယ် အစ်မရေ။ ရေကျသွားတောင် အတော်ပြန်ပြင်ရမယ့် သဘောရှိတယ်။

အဆင်ပြေကြပါစေ။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower