ရေဘေးအန္တရာယ်ကင်းသွားပြီးနောက်ပိုင်း (၂၆-နိုဝင်ဘာလ-၂၀၁၁) နေ့ရဲ့ အယုဒ္ဓယမြို့တွင်း မြင်ကွင်းများကို တင်ဆက်လိုက်ပါတယ်။
Wat Phanan Choeng Worawihan
ရေမကြီးခင်ကဆို ဝပ်မဟာထပ်ရှေ့မှာ ခရီးသွားဧည့်သည်များနဲ့ ယောက်ယက်ခတ်နေခဲ့ဖူးပါတယ်။
ခုများတော့ ဧည့်သည်တွေ ရှင်းနေပါတယ်။
ဝပ်မဟာထပ်ဘုရားဝင်းအတွင်း မြင်ကွင်းများ
အုတ်တွေမှာ ရွံ့တွေ ပေကျံနေတဲ့အထိ ရေဝင်သွားခဲ့ပါတယ်
ဥရောပတိုက်သား တိုးအဖွဲ့
အဲဒီနေ့က ခရီးသွားဧည့်သည်များ စတင် ဝင်ရောက်လာတာ ဥရောပသားတွေနဲ့ မြန်မာအဖွဲ့နှစ်ဖွဲ့ပဲရှိပါသေးတယ်လို့
အယုဒ္ဓယမြို့ခံ ဈေးသည်များက အားငယ်စွာ ပြောပြကြပါတယ်။
ဝပ်ယိုင်စေတီတော်ကြီး အနောက်ဘက်မှာ နရဲ့စွမ်ဘုရင်ရုပ်ထုရှိရာ ဝင်းအတွင်းမှ
ဘုရင်ကို ဆက်သထားသော ကြက်ရုပ်ထုမျိုးစုံ
ထိုင်းနိုင်ငံသို့ အလည်လာရောက်လိုသော မြန်မာနိုင်ငံသားများသိလိုတဲ့ ရေဘးအန္တရာယ်ကင်းစွာနဲ့ သွားလာနိုင်ပါသလားဆိုတဲ့ မေးခွန်း ပြန်လည်ဖြေကြားရင်း သတင်းစကားလက်ဆင့်ပါးလိုက်ပါတယ်နော်။
အယုဒ္ဓယမြို့တော်သို့ သွားရာ လမ်းခရီး မြင်ကွင်းများကို ဒီလင့်လေးမှာ နှိပ်လို့ ကြည့်နိုင်ပါတယ်
“လွမ်းမောဖွယ်၊ အို ...အယုဒ္ဓယ”
လေးစားစွာဖြင့်
bliss of us
3 comments:
ဘန်ကောက်ပိုစ့်ထဲမှာ ပါတဲ့ လျောင်းတော်မူ ဘုရားကြီး နားမှာ ကွန်ပစ်နေတာ အဲ့သည်ဘုရားကြီးလား မသိဘူးနော် အစ်မ။
ဟုတ်ပါ့ :)
ပုံတွေအားလုံး အရမ်းကောင်း
ကြည့်လို့မဆုံး တစ်ပြုံးပြုံး
ချစ်ချစ်ခင်ခင် jasmine
Post a Comment