Thursday, July 14, 2011

အယုဒ္ဓယရောက် မွန်ဘုရင်တစ်ပါး၏ ပုံတော်


မင်းဝတ်တံဆာအပြည့်အစုံနဲ့ မွန်စာသားပါ ရွှေမှန်ဘောင်သွင်းထားတဲ့ မွန်ဘုရင်တစ်ပါး၏ ပုံတော်
 
ထိုင်းနိုင်ငံရှိ သမိုင်းဝင်ရှေးဟောင်း မြို့တော်လည်းဖြစ်၊ မြန်မာနဲ့ ထိုင်းလူမျိုးတို့ သမိုင်းဝင် အကြောင်းတွေ အများဆုံးလည်းရှိခဲ့တာကြောင့် မြန်မာတို့ ထိုင်းလာလည်ရင် အယုဒ္ဓယတော့ ရောက်အောင်သွားကြပါတယ်။ နေရာနဲ့ ထူးခြားမှုလေးတွေကို သတိထားမိအောင် ခရီးစီစဉ်တဲ့သူက ပြောပြနိုင်ရင် ဧည့်သည်တွေအတွက် ပိုအကျိုးရှိစေနိုင်တာပေါ့။

ဘန်ကောက်မြို့ကနေ ကိုယ်ပိုင်ကားနဲ့ တစ်နာရီခွဲလောက်ဆိုရင် အယုဒ္ဓယမြို့ကို ရောက်တာကြောင့် နေ့ချင်းပြန် မပင်မပန်းပဲနဲ့လည်း ဘုရားတွေ ဖူးနိုင်၊ လေ့လာနိုင်ပါတယ်။ ခရီးတစ်ခုကို မသွားခင် မြို့တစ်မြို့ရဲ့ အကြောင်လေးတွေ သွားလည်မယ့် နေရာလေးတွေကို စီစဉ်တကျ စီစဉ်ပေးနိုင်မယ့်သူရှိရင် ဧည့်သည်များအတွက် ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။ ဘာသာပြန် သို့မဟုတ် စကားပြန် သို့မဟုတ် ကိုယ်နဲ့ နီးစပ်ရာ လိုက်ပို့မယ့်သူက တခေါက်တစ်ခါ တကူးတက လာရောက်ကြတဲ့သူတွေအနေနဲ့ အချိန်ကုန်သက်သာ လူပင်ပန်းသက်သာစေအောင် ကူညီစီစဉ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


ဒီပုံတော်တည်ရှိရာနေရာကတော့ အယုဒ္ဓယမှာ ငှက်လေးတွေရှိတဲ့ ဘုရားကို သွားမယ်လို့ ပြောရင်လည်း ရပါတယ်၊ မျက်မှန်နဲ့ ကိုရင်လေးရုပ်ထုလေးတွေ အများကြီးရှိတဲ့နေရာလို့ ညွှန်ရင်လည်း ဖြစ်ပါတယ်။ အဲဒီနေရာ ရောက်တဲ့အခါ ဓာတ်တော်တွေထားတဲ့ အာရုံခံတန်ဆောင်းအတွင်း နံရံထက် တစ်နေရာမှာမြင်နိုင်ပါတယ်။ မြန်မာနိုင်ငံ ပဲခူးမြို့ကို ရောက်ခဲ့ဖူးတဲ့ ထိုင်းဘုရင်နရဲ့စွမ်ရုပ်ထုနားက နံရံထက်မှာဖြစ်ပါကြောင်း လက်ဆင့်ကမ်း သတင်းပေးလိုက်ပါတယ်နော်။


လေးစားစွာဖြင့်
bliss of us

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်က မွန်ဘုရင်တစ်ပါးကို တိုင်းတစ်ပါးမှာ ခုလိုအရေးတယူချိတ်ထားတာ မြင်ရတာ ၀မ်းသာစရာပါဘဲ
နာမည်ကျော်ဘုရင် ရာဇဓိရာဇ်ကိုရှားရှားပါးပါး မြင်ခွင့်ရလိုက်တာ ကျေးဇူးတင်မိတယ်။ ဓာတ်ပုံက သမိုင်းဝင်ဓာတ်ပုံပါဘဲနော်

Crystal said...

သိပ်မှန်တာပေါ့ ချောရေ၊ အခုလိုတွေ့ရတော့ သိပ်ဝမ်းသာလွန်းလို့ ပိုစ့်လေးအဖြစ် လမ်းညွှန်လိုက်တာပါ။

ko said...

ယိုးဒယားတွေက မွန်လူမျိုးတွေကိုသူတို့ လူမျိုးဆိုပြီးသတ်မှတ်ထားတဲ့ အတွက်ကြောင့် ဒီလိုချိတ်ဆွဲတာပါ...ဗမာဘုရင်ဆိုရင်တော့ သူတို့ဒီလိုမချိတ်ဆွဲပါဘူး...ဘာလို့လဲဆိုတော့ ယိုးဒယားတွေဟာ အမှတ်သည်းခြေ သိပ်ကြီးကြတယ်...ခုထိ ဗမာတွေကိုမုန်းနေကြတုန်းပဲ...သင်ခန်းစာထဲမှာကို ဗမာတွေက အယုဒ္ဒယမြို့ ကို ဘယ်လိုသိမ်းတယ်..ဘယ်လိုဖျက်ဆီးတယ်ဆိုပြီး ဝါဒဖြန့်စာတွေသင်ပြီး ဗမာမုန်းတီးရေးလုပ်နေကြတာပါ

...အလင်းစက်များ said...

ဒီနေ့ တင် မြန်မာနဲ့  သတ်ပုတ်နေတဲ့ ထိုင်းဇတ်ကားတစ်ကား ကြော်ငြာ ကြည့်ခဲ့ရသေးတယ်။ ဆိုးထှာ။

ko said...

အလင်းစက်များ .... ပြောတဲ့ဇာတ်ကားနာမည်လေးသိရင် ပြောပြပါလား ဆိုဒ်ထဲရှာကြည့်ချင်လို့ အင်္ဂလိပ်ရော ထိုင်းလိုရော သိရင် ပြောပြပါလား

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower