Energy Garden For Sustainable Life
အဆင့်မြင်သခွါးစိုက်ပျိုးရေးနဲ့ သခွါးစဉ်လို့ ပြောရမလားတောင် မသိဘူးနော်.....
ပီတီတီက ပြသတဲ့ သဘာဝစွမ်းအင် အသုံးချပြခန်းလေးတစ်ခုပါ
ကိုယ့်ခြံထဲမှာ ဥယျာဉ်စိုက်ပျိုးတဲ့အခါ သီးစားပင်တွေကို စဉ်လုပ်မယ်ဆိုရင် နေချင်စဖွယ်လေးလည်းဖြစ်၊ နေရာလည်း မပုပ်တော့ဘူးနော်
မေးချင်တာတွေကို ဖြေပေးမယ့် ဝန်ထမ်းများက စောင့်ပေးနေကြပါတယ်
သဘာဝလေးတွေနဲ့ ဖေါ်ကျူးထားတာနော်
စိမ်းလန်းခြင်းက အေးချမ်းနေတာပေါ့...
မိုးလုံလေလုံ ကွပ်ပျစ်လေး...
အသီးအစစ်တွေ...
သဘာဝအလှတွေထဲ သမီးလည်း ပျော်ပါတယ်

ဒီပြခန်းလေးထဲ ဝင်ကြည့်ပြီး ထွက်လာတဲ့အခါ ဆပ်ပြည်မွှေးရည် သို့မဟုတ် ပန်းကန်ဆေးရည် သို့မဟုတ် ခေါင်းလိမ်းဆီမွှေး တစ်ခုခုရွေးချယ်ရယူနိုင်ပါတယ်....
လေးစားစွာဖြင့်
bliss of us
4 comments:
သခွါးသီးကိုလေ ဆိုင်မှာ ၀ယ်မစားချင်ဘူး။ အပင်ကနေ တစ်ခါတည်းခူးပြီး ရေဆေးပြီး ကျွတ်ကျွတ်မြည်အောင် ၀ါးပစ်လိုက်ချင်တယ်။ ဆိုင်မှာ ၀ယ်စားရင် ကျွတ်ခနဲ၊ ဂွက်ခနဲ မမြည်လို့။ ကွတ်ပျစ်ကလေးအောက်မှာ ရေနွေးကြမ်းလေးနဲ့ လက်ဖက်သုပ်လေးနဲ့ဆိုရင် ဘာပြောကောင်းမလည်းနော်။
သခွါးစဉ်လေးကမိုက်တယ်နော်ဒီတစ်ခါပဲတွေ့ဖူးတယ်
ဓာတ်ပုံတွေ စာတွေဖတ်ပြီး နောက်တစ်ခေါက် ထပ်ရောက်ချင်စိတ်ပေါက်မိတယ်..၊
ရွင်လန်းချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
တီတင့်ပွဲဈေးတန်းတွေမှာလူတိုးရမှာကြောက်ပေမဲ့
ပန်းပြပွဲ သစ်သီးပြပွဲတွေကို မလွတ်တမ်းကြည့်တယ်း)
အဆင့်မြင့်သခွားသီးလေးတွေကလည်း
တောရွာလေးတွေမှာတွေ့ရတဲ့ဗူးသီးလေးတွေနဲ့တူတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment