Tuesday, January 10, 2012

မြောက်ပိုင်းမြို့တော် ချင်းမိုင်

အပိုင်း(၂)
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့မှ မြောက်ဘက် ကီလိုမီတာ(၇၀၀)၊ မိုင်ပေါင်း (၄၃၅) အကွာအဝေးတွင် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့တည်ရှိပါသည်။ ဟိုးယခင်က ချင်းမိုင်မြို့ကို ဇင်းမယ်မြို့ဟူ၍ ခေါ်တွင်ခဲ့သေးသည်။

ခြံဝန်းကျယ်ကျယ်မှာ ဒီလို ဒီဇိုင်းလေးနဲ့ စိတ်ကူးယဉ်ကြည့်ပါလား ...

မဟာပိန္နဲကိုယ်တော်ကြီး ဒီထဲ ရောက်နေပါ့လား ...

 ထိုင်းဘုရင်မင်းမြတ်ပုံတော်နဲ့ ပန်းတွေနဲ့ အလှဆင်ထားတဲ့ ဆင်ရုပ်

ခရမ်းချဉ်သီးတွေ ဇောက်ထိုးဖြစ်နေပါလားနော် ...း)

အေးရိပ်ငြိမ်

ပွဲခင်းထဲ လျှောက်လည်ရင်စီးရမယ့်ယာဉ်နဲ့ ဈေးနှုန်းတွေ

အိမ်က ခြံဝန်းထဲမှာ ဒီလိုလေး ပြင်ထားချင်သလား

ဂျိုးဂျိုးဂျွတ်ဂျွတ်စားချင်စရာ သခွါးသီးများ
အင်တာနက်ထဲ ရှာကြည့်တဲ့အခါ အောက်ပါစာပိုဒ်လေးကို ဘုန်းဘုန်းရဝေနွယ်ဆိုဒ်ထဲမှာ တွေ့ရပါသည်။ 
ဤ အနေကဇာတင်ခြင်း အစဉ်အလာသည် သမိုင်းကြောင်း အရဆိုသော် ကြာမြင့် လှသေးသည် မဟုတ်ချေ၊ ၉၂၁ - ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) မင်းတရားကြီးသည် ၉၂၆ - ခုနှစ်တွင် ဇင်းမယ်ကို သိမ်းယူ အုပ်စိုးတော် မူခဲ့သည်၊ ထိုသိမ်းယူစ အချိန်က ဇင်းမယ် မဟာဒေဝီအား မြို့စားအဖြစ် ထားခဲ့သေးသော်လည်း ၉၄၁ - ခုတွင် သားတော် နော်ရထာစော အား ဇင်းမယ် ကိုပေး၍ မင်းပြုစေခဲ့သည်၊ ဇင်းမယ် ဘုရင် နော်ရထာစော သည် ဇင်းမယ်ကို မင်းပြုရာ၌ ဗုဒ္ဓသာသနာ တော်ကိုပါ ပြုစု တိုးတက်စေခဲ့ရာ ဇင်းမယ် ရိုးရာ ဖြစ်သော ဂြိုလ်ကြီးကိုးလုံး ပူဇော်သော အလေ့အထကို သာသနာပြု ဆရာတော်များနှင့် တိုင်ပင်၍ ဘုရားကိုးဆူ ပူဇော်သော အလေ့သို့ ပြောင်း၍ ပေးခဲ့သည်၊ ထို့ပြင် ဘုရား ကိုးဆူအား အမွန်းတင် ရွတ်ဆိုရာ၌ အနေကဇာတိ သံသာရံ စသော ဂါထာများဖြင့် အမွှန်းတင်၍ အနေကဇာတင် အစီအစဉ်များ ကိုပါ စီစဉ် ခဲ့လေသည်။
ထို အခါမှစ၍ ဘုရားကိုဆူ ပူဇော်ခြင်း၊ ဘုရားအနေကဇာ တင်ခြင်း ကိစ္စများ ဖြစ်ပေါ်လာပြီး ကောင်းသော ကိစ္စများ ဖြစ်သည့်အတိုင်း ဇင်းမယ်မှာ သာမက မြန်မာနိုင်ငံ သို့ပင် ရောက်ရှိ ပြန့်နှံ့၍ လာခဲ့လေသည်။

“ စဝါဒီခ”

ဆက်ပါအုံးမည်...

လေးစားစွာဖြင့်
bliss of us

2 comments:

စံပယ်ချို said...

ချင်းမိုင်မြို့သို့ အလည်တစ်ျခါက်ရောက်ခဲ့ပါပြီရှင် ပန်းတွေကလဲလှတယ်
သခွါးသီးတွေကစားချင်စရာပဲ
ခရမ်းချဉ်သီးလားဇောက်ထိုးဖြစ်နေတာလေ
ပုံတွေကြည့်ရတာကျေးဇူးပါရှင်
ခင်ခင်မင်မင် jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပုံကြည့်ပြီး ချင်းမိုင်ကို လာချင်စိတ် တဖွားဖွား ပေါ်လာပြီ
ဘန်ကောက်ထက်ကို ခုလို ရှုခင်းတွေ ပန်းတွေ လှတဲ့ ချင်းမိုင်လိုနေရာမျိုးကို ပိုလာချင်တယ်
ဓာတ်ပုံတွေ တအားလှတာဘဲ
ရိုက်တဲ့သူလည်း တော်တယ်
ဒါကြောင့် လှနေတား)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower