Sunday, December 12, 2010

“သဲထိတ်ရင်ဖို တင်ဆက်ရသော မိကျောင်းပွဲ”

မိကျောင်းသရုပ်ပြသူများနဲ့ ယဉ်ပါးနေကြပြီလား





မိကျောင်းပါးစပ်ထဲကို ငွေစက္ကူများ ထည့်နေပြီ

လည်မြိုတွင်းထိ ထည့်ပြခြင်း

မိကျောင်းပါးစပ်ထဲကို သရုပ်ပြတဲ့သူက ခေါင်းထည့်ပြခြင်း

အရွယ်ရောက်ခါစ မိကျောင်းလေးကို ပွေ့ထားပုံ

ထိုင်းနိုင်ငံရှိ မိကျောင်းမွေးမြူရေးကန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ မိကျောင်း အကောင်ရေ (၆၀,၀၀၀) ကျော်ရှိပြီး ကျယ်ဝန်းသောဧရိယာအတွင်း မိကျောင်းများ သဘာဝအတိုင်း နေနိုင်ရန် ပြုလုပ်ပေးထားပါတယ်။ မိကျောင်းနဲ့သရုပ်ပြပွဲကိုလည်း တစ်နာရီကြားတစ်ခါ ပြုလုပ်ပေးပါတယ်။

သရုပ်ပြပွဲကို ကြည့်ရတာ မိကျောင်းပါးစပ်ပိတ်သံ တစ်ဖောင်းဖောင်းမြည်သံက သဲထိတ်ရင်ဖို ဖြစ်စရာတစ်ခုပါ။ မိကျောင်းကို ဒုတ်နဲ့ သရုပ်ပြခိုင်းတဲ့အချိန် ထိလိုက်တာတဲ့အခါမှာ မိကျောင်း ဒေါသတကြီး ပါးစပ်ပိတ် လိုက်တာတွေက ဧည့်သည်များ အသဲတအေးအေးဖြင့် ရှုစားရမှာဖြစ်ပါတယ်။

အရိုင်းသတ္တဝါတွေကို အယဉ်ဖြစ်အောင် ပြုလုပ်ရတာလည်း မလွယ်သလို သူတို့နဲ့အတူ အနီးကပ် သရုပ်ပြသရတဲ့ ဝန်ထမ်းတွေအတွက်လည်း အင်မတန် အန္တရာယ်ကြီးပါတယ်။ သူတို့ကို သရုပ်ပြပွဲအတွက် သင်ကြားလေ့ကျင့်ထားချိန်တွေက ပိုစိတ်ဝင်စားစရာကောင်းမှာပါ။ သတ္တဝါတွေနဲ့ သရုပ်ပြသတဲ့နေရာမှာ ဆင်ထက် ကျားက ခက်သလို၊ ကျားထက် မိကျောင်းကလည်း ပိုမိုခက်ခဲလှတယ်မဟုတ်လား။

မိကျောင်းမွေးမြူရေးကန်ကို သွားရောက်လေ့လာကြပြီး မိကျောင်းသားရေဖြင့် ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ကြပါတယ်။ သေပြီးသား မိကျောင်းရှိခဲ့ရင် မိကျောင်းအသား အစိမ်းကို ပင် ဝယ်ယူနိုင်ကြောင်း ကြေညာထားပါတယ်။

ထို့အပြင် မိကျောင်းများကိုလည်း လေ့လာရင်း အခြားသော သတ္တဝါလေးများကိုပါ ကြည့်ရှုနိုင်ပါတယ်။ ဆင်ပြပွဲများ၊ မျောက်နှင့် ကျေးငှက်များ၊ နှစ်ရှည် ကြံ့သတ္တဝါများကိုပါ လေ့လာနိုင်မှာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံကို လာလည်လိုသော နိုင်ငံတကာရောက် မြန်မာမိတ်ဆွေများ ကြိုတင် သိနိုင်ဖို့ သတင်းစကား လက်ဆင့်ပါးလိုက်ရပါတယ်။


လေးစားစွာဖြင့်
bliss of us

6 comments:

...အလင်းစက်များ said...

ကြောက်ချရာကြီးဗျာ......

ကြောက်ကြောက်နဲ့ ကြည့်ချင်တယ်.... :D

ချော(အစိမ်းရောင်လွင်ပြင်) said...

အသည်းယားတယ်
ကြောက်လဲကြောက်တယ်
လာလည်ရင်တော့ သွားကြည့်မယ်နော်
လိုက်ပို့နော်း)

...အလင်းစက်များ said...

Blogger တွေဖြစ်ကြောင်း “သတ် သေ” ပြနိုင်ရင် Free ပို့ ပေးမည်ဖြစ်ပါကြောင်း ....... :P

ပုံ/
အစ်မ Crystal ကိုယ်စား
(ကြောင်ဖြူရှင်မင်းတြားကြီး)

Crystal said...

အဟား ဘလော့ဂါတွေအတွက်တော့ အထူးအစီစဉ်ရှိပါတယ် လာမှ ပြောတာပေါ့နော်။
ချောရေ...ကြိုတင်ချိန်းထားရင် လိုက်ပို့မှာပေါ့။
လာလည်သူတွေ အားလုံးကို ကျေးဇူးတင်ပါကြောင်း။

ညယံ said...

ကြောက်စရာ...အဲဒီလို အလုပ်တော့ ဘယ်တော့မှမလုပ်ရေးချ မလုပ် :P

မိုးယံ said...

အတ္တ၀ါဒီများက တိရိစ္ဆာန်ကို မွေးပြီးတောင် အသုံးချသတဲ့... တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်းရေးအဖွဲ့ ဆိုလား ။ အဲဒီ အဖွဲ့တွေကရော ဘာမှ မပြောကြဘူးလားကွယ်

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower