Monday, September 19, 2011

ဈေးလည်ချင်သူများ၊ ဈေးဝယ်ချင်သူများ။

 နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ စိတ်ဝင်စားဖွယ် အရုပ်လေးများဖြစ်ပါတယ် 


 ဈေးရောင်းတဲ့နေရာမှာ အခင်းအကျင်းအပြင်အဆင်မျိုးစုံနဲ့ပါ


အဆောင်ယတြာ၊ နတ်ကိုးကွယ်မှုများတဲ့ ထိုင်းနိုင်ငံမှာဒီလိုမျိုးလေးတွေကလည်း စိတ်ဝင်စားဖွယ်

ဈေးဆိုင်အပြင်အဆင်တွေ အချို့ဈေးသည်တွေက ဓာတ်ပုံရိုက်တာ သိပ်သဘောကျတယ်
တချို့က သူတို့ဒီဇိုင်းတွေ ခိုးမယ်ထင်ပြီး သိပ်စိတ်ဆိုးကြပါတယ်၊ ကုန်တိုက်တွေမှာ ဓာတ်ပုံမရိုက်ဖို့ တရားဝင်တားမြစ်ထားပါတယ်၊ ဧည့်သည်တွေအနေနဲ့ သတိထားရမှာဖြစ်ပါတယ်။

ရှိုးပွဲတွေနဲ့ အရောင်းမြှင့်တင်ကြခြင်းဖြင့် ဈေးဝယ်သူတွေကို ဆွဲဆောင်ပါတယ်

 ဘာအပင်လေးလဲတော့ မသိပါ

ဘန်ကောက်မှာ ပုံမှန်ရိုးရိုးသစ်ခွတစ်ပင်ကို (၃၅)ဘတ်ပဲပေးရပါတယ်၊ 
အပွင့်ကြီးတွေမှ ဘတ်(၁၅၀)လောက်ပေးရတာပါ။
မြန်မာနိုင်ငံမှ သစ်ခွချစ်သူတွေကတော့ အများကြီး ဝယ်သွားကြတာပေါ့။

ဘန်ကောက်ကို  အလည်လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲ မြန်မာနိုင်ငံမှ လာရောက်တဲ့သူတွေရှိသလို ကမ္ဘာအရပ်ရပ်က လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိကြပါတယ်။
ထိုင်းမှာ ဈေးဝယ်လို့ကောင်းသလို လည်ပတ်လို့လည်း ကောင်းပါတယ်။ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူတဲ့ ထိုင်းနိုင်ငံကို အလည်ထွက်ကြရာမှာ သိပ်ပျော်ကြပါတယ်။

ဈေးဝယ်တဲ့နေရာမှာ ဈေးသက်သာချင်တယ်၊ ပစ္စည်းအမျိုးအစားစစ်မှန်တာလေးတွေ ဝယ်လိုကြပါတယ်။ ထိုင်းနိုင်ငံမှာ နာမည်အမျိုးမျိုးနဲ့ ကုန်တိုက်များစွာရှိပါတယ်။ တစ်မျိုးစီမှာ အားသာချက်ကိုယ်စီနဲ့ ရှိကြပါတယ်။ အမျိုးအစားစုံ အရောင်အသွေးစုံ လိုချင်အဖုံအဖုံကို ရွေးချယ်ဝယ်ယူနိုင်ကြပြီး
ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
bliss of us

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

နာမည်ကြီးစားသောက်ဆိုင်က အရုပ် စိတ်မဝင်စားဘူး
အစားအသောက်တွေဘဲ စိတ်ဝင်စားတာ ။ လာရင် ကျွေးခိုင်းမလို့ ဟိဟိ
ဟိုအပင်လေးက ရေတကောင်းပင်ဖြစ်မယ် သူ့အပွင့်လိုလိုဟာလေးက ရေတကောင်းနဲ့တူတယ်။
သစ်ခွတော့ သိပ်ကြိုက်တာဘဲ လိုချင်တာ
အင်း လာမှဘဲ ဝယ်တော့မယ်
ထီထိုးထားတယ် သိလား
ထီပေါက်ရင်လာလည်မယ် နော်း)

တောက်ပကြယ်စင် said...

အော်...ရေတကောင်းပင်တဲ့လား။ ဘုန်းဘုန်းလည်း ထီထိုးလိုက်ဦးမယ်။ တတိယအကြိမ်အလည်လာချင်တယ်။

...အလင်းစက်များ said...

ရေပေါ်ဈေးရောက်ခဲ့တယ်အစ်မ...... အယုဓယက ..... ကင်မထာလေး ပြန်ကောင်းသွားလို့  ရိုက်လာခဲ့တယ်။

NLD Generation said...

လာလည်ချင်တယ်! မြန်မာငွေ နဲ့ ဆိုရင်ဘယ်လောက်လောက်ကုန်မလဲ မသိဘူးနော်! ပြောပြပေးလို့ ရရင် ပြောပေးပါ...ကျေးဇူး နော်!

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower