Wednesday, March 16, 2011

ထိုင်းနိုင်ငံ၏ လေဆိပ်ရထားလိုင်းသစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမ္မိလေဆိပ်သို့ ပြေးဆွဲသော ရထားလိုင်းပြေးဆွဲပုံမှာ 
ပုံစံနှစ်မျိုးဖြင့် ပြေးဆွဲပေးလျှက်ရှိပါသည်။  

  • သုဝဏ္ဏဘူမ္မိလေဆိပ်မှတ်တိုင်မှ ပသူနမ်အနီး မတ်ကစန်(Makkansan)မှတ်တိုင်အထိ တိုက်ရိုက် ခုတ်မောင်းပြေးဆွဲပြီး၊ အကွာအဝေးမှာ (၁၆)မိုင်ဖြစ်ပြီး ရထားခုတ်မောင်းချိန် (၁၅)မိနစ်ကြာမြင့်ပါမည်။ ရထားခမှာ ဘတ်(၁၀၀)ဖြစ်ပါသည်။
  •  
  • ဘန်ကောက်မြို့ထဲသို့ ခုတ်မောင်းသည့် ဘူတာစဉ် ဝင်ရပ်သော ရထားလိုင်းမှာ အကွာအဝေး(၁၈)မိုင် နီးပါးဖြစ်ပြီး ရထားခုတ်မောင်းချိန်မှာ (၂၈)မိနစ်ကြာမြင့်ပါသည်။ ရထားခမှာ (၁၅)ဘတ် မှ (၄၅)ဘတ်အထိ ဘူတာ အနီးအဝေး ပေါ်မူတည်ကျသင့်မှာဖြစ်ပြီး ရထားစီးချိန်မှာ (၃၀)မိနစ်ဖြစ်ပါသည်။
 
 ဒီမြေပုံကတော့ လေဆိပ်ဘူတာနှင့် အခြားသောဘူတာများကို ဖေါ်ပြပေးထားပြီး BTS ရထားဖြင့် ပြောင်းလဲစီးနိုင်သော ပရာထိုင်း (Phyathai) ဘူတာကိုပါ ထည့်သွင်းဖေါ်ပြထားပါသည်။ 

ပရာထိုင်းတွင် BTS ရထားပြောင်းစီးခြင်းဖြင့် ဘန်ကောက်မြို့လယ်နေရာဖြစ်သော စီးလုံ(Silom) နှင့် စူကိုဗစ်(Sukhumvit)သို့ ရထားဖြင့် ထပ်ဆင့်သွားနိုင်ခြင်း၊  

(Makkansan) ဘူတာတွင် ဆင်းလျှင် ဈေးဝယ်ရန်အတွက် အဆင်ပြေပြီး လူစည်ကားလှသည့် ပသူနမ်အနီးသို့ သွားနိုင်ခြင်း၊ မြေအောက်ရထားစီးလိုပါလျှင် (Asok) အစုခ်ဘူတာတွင် BTS မှ ပြောင်းလဲစီးနိုင်မည်ဖြစ်ပါသည်။ 

 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ရထားလိုင်းမြေပုံများ

BTS & MRT Map
ထိုင်းနိုင်ငံ၏ နောက်ဆုံး ရထားလိုင်းသစ်မှ ရထားတွဲများ

ရထားတွဲ အတွင်း မြင်ကွင်း

ထိုင်းနိုင်ငံကို အလည်လာမယ်ဆိုရင် အထုပ်အပိုးပစ္စည်းတွေလည်း သိပ်မများလျှင် တက္ကစီမသုံးပဲ ရထားဖြင့် ဘန်ကောက်မြို့ထဲသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါတယ်။ 

တက္ကစီကားသမားတွေရဲ့ ကားပတ်မောင်းမှု၊ လမ်းမသိမှုများ၊ အင်္ဂလိပ်စကား မပြောတတ်သော ကားသမား စတဲ့ တက္ကစီကားနဲ့ လာရသော အခက်အခဲများကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ 

ရထားလိုင်းတွေမှ တဆင့် ဘန်ကောက်မြို့ထဲ နေရာများရောက်တဲ့အခါမှာတော့ တက္ကစီကားငှားရတာ သိပ်မခက်ခဲတော့ပါဘူး။ ကားငှားခလည်းသက်သာတာပေါ့။

ဧည့်သည်တွေထဲမှာ အသက်ကြီးပိုင်းတွေ ပါလာမယ်ဆိုရင်တော့ လေဆိပ်မှာ စီးရတာ လွယ်ကူပေမယ့် ဆင်းတဲ့အခါ ကုန်းကျော်တံတားများမှ တဆင့် မိမိသွားလိုသော နေရာများကို ရထားထပ်ဆင့်စီး၍ ဖြစ်စေ၊ ကားထပ်ငှား၍ဖြစ်စေ သွားကြရအုံးမှာဖြစ်တဲ့အတွက် ရထားစီးဖို့ မလွယ်နိုင်ပါဘူး။
နေရာတိုင်းမှာတော့ အကောင်းနဲ့ အဆိုးဒွန်တွဲနေတတ်တာမို့ မိမိနဲ့ အဆင်ပြေသင့်တော်မယ်ထင်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ သတင်းစကားလက်ဆင့်ပါးလိုက်ပါတယ်နော်။ 

Bliss of Us အဖွဲ့အနေနဲ့လည်း မိမိတို့အဖွဲ့ထံ ဆက်သွယ်လာတဲ့ ဧည့်သည်များကို ကားဖြင့် အဆင်ပြေနိုင်မလား၊ ရထားဖြင့် ဆင်ပြေနိုင်မလားဆိုတာကို ထိုင်းနိုင်ငံသို့မလာခင် ကြိုတင်စုံစမ်း ညှိနှိုင်းပေးထားခြင်းကြောင့် လွယ်ကူအဆင်ပြေပါတယ်။ ဧည့်သည်များနဲ့ သင့်တော်အဆင်ပြေစေမယ့် လမ်းကြောင်းကိုလည်း ရွေးချယ်ပေးပါတယ်။ 



ဧည့်သည်များအနေနဲ့ မိမိသွားလိုသောခရီးကို စိတ်ချမ်းမြေ့စွာဖြင့် သွားရေးလာရေးများ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

လေးစားစွာဖြင့်
bliss of us

2 comments:

Anonymous said...

ဒကာမ Crystal ရေ ထိုင်းနိုင်ငံ Taxi သမားတွေက အင်္ဂလိပ်မရကြဘူးနော်။ ဦးဇင်း သီဟိုဠ်ကို မလာခင် အဲဒီမှာ ခဏတည်းတုန်းက ၀ပ်ဒုစိတရံ ဘုန်းကြီးကျောင်းကနေ သီရိလင်္ကာသံရုံးကို သွားတော့ ကျောင်းမှာကတည်းက ဦးဇင်းတစ်ပါးကို လိပ်စာကို ထိုင်းလိုအတိအကျ ရေးခိုင်းထားရတယ်။ မီးပွိုင့်အကြာကြီး မိပါလေရော။ မီးပွိုင့်က ကြာရင်ကြာသလိုပဲလေ ဟုတ်တယ်မလား။ မီတာတက်တော့တာပေါ့။ အဲဒီလူက ပတ်တော့ မမောင်းလောက်ဘူး။ Crystal ပြောသလို တစ်ချို့က ပတ်မောင်းကြတယ်နော်။ အဲဒီမှာ ၇-ရက်ထဲ တည်းခဲ့တာ ဘယ်မှမလည်လိုက်ရဘူး။ ဒီတစ်ခါလာဖြစ်ရင်တော့ Crystal ဆီကိုသွားပြီး Crystal ကပ်တဲ့ဆွမ်းတစ်နပ်ကို ဘုဉ်းပေးပြီးမှ တည်းမယ့်ဘုန်းကြီးကျောင်းကို သွားမယ်လို့စိတ်ကူးထားတယ်။ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
တောက်ပကြယ်စင်

...အလင်းစက်များ said...

ဘုရာထိုင်မှာ အဲပို့ လင့်နဲ့  ချိတ်ထားပေမယ့် escalator မရှိတာဆိုးတယ် အမရေ... ပစ္စည်းများရင် ဒုက္ခရောက်တယ်... ကူမည့်သူရှိရင်တော်သေး... မရှိလို့ ကတော့ မပေရော့ပဲ

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower