Saturday, January 21, 2012

ဧရာဝဏ်ဘိုးဘိုးကြီး

ပန်းတွေ ဆက်သထားတဲ့ အရှေ့ဘက်မြင်ကွင်း

 အနောက်ဘက်မြင်ကွင်း

ဘေးက မြင်ရတဲ့အခါ

 
ဒီနတ်ကွန်းကတော့ မြန်မာတွေ အသိများတဲ့ ပသူနမ်လို့ခေါ်တဲ့နေရာမှာရှိပါတယ်

အဓိဋ္ဌာန်ဖြင့် လှူထားကြသော ဆင်လေးကောင် ရုပ်ထု

ပုံသဏ္ဍန်အမျိုးမျိုးနဲ့

ကြေးဖလားအိုးထဲမှာ ပိုက်ဆံအကြွေစေ့လေးတွေ ထည့်ထားပါတယ်

မလှမ်းမကမ်းက ကြေးဖလားအိုးကြီးထဲမှာတော့ ဘေးကင်းစေတဲ့ ရေနဲ့ ဦးခေါင်းတို့ မျက်နှာကို ဖြန်းကြပါတယ်။ 

ညီမလေးတစ်ယောက်က မေးပါတယ်။ ဧရာဝဏ်နတ်သားကို ကန်တော့ရမလားတဲ့၊ လေးမျက်နှာဘုရားဆိုတာ ဘုရားနဲ့ တူပါသလားတဲ့။ မတူပါဘူး။ လောကမှာ အတုမရှိသော မြတ်စွာဗုဒ္ဓ မဟုတ်ပါကြောင်း အဖြေပေးလိုက်ပါတယ်။
အရင်တုန်း တင်ထားပြီးသား ပိုစ့်က ဒီမှာပါ http://blissofus.blogspot.com/2010/08/erawan.html
ဒါကြောင့် ကိုးကွယ်သင့်လား၊ ကန်တော့ရမလားဆိုတာတော့ ကိုယ်ပိုင်ယုံကြည်မှုပေါ်မှာမူတည်ပါတယ်။

 မြန်မာတွေကတော့ ကိုးကွယ်မှုဆိုတာထက် အဓိဋ္ဌာန်ဆုတောင်းသွားလုပ်ကြတာများပါတယ်

 မြန်မာပြည်က နတ်ကနားပေးသလိုပဲ သူတို့လည်း နတ်ချော့တေးဖြင့် ပူဇော်ကြပါတယ်

လေးမျက်နှာဘုရားလို့ သုံးစွဲမယ့်အစား ဧရာဝဏ်ဘိုးဘိုးကြီး နတ်ကွန်းနေရာလို့ သုံးစွဲရင် ပိုမှန်ပါလိမ့်မယ်။

 ဒီနတ်ကွန်းရှိတဲ့နေရာ အပေါ်ဘက်မှာ ရထားတွေ သွားနေကြတာကို နိုင်ငံခြားသားတွေလည်း ဓာတ်ပုံရိုက်နေကြတာပေါ့။ အခုလို ရထားနှစ်စင်း လာချိန်ကို စောင့်ပြီး ရိုက်နေကြတာဖြစ်ပါတယ်။

 ဒါလေးကတော့ အဆောက်အဦးကို ဝင်တိုးတာ့မလိုလိုနော် :)

လေးစားစွာဖြင့်
bliss of us

3 comments:

စံပယ်ချို said...

အမလေးတော်ရေ
ကွန်ကလဲစုပ်နေတာပဲဘာပုံမှ တက်မလာဘူး
စာပဲဖတ်ခဲ့ရတယ်
ချစ်တဲ့ jasmine

ဘိုဖြူ said...

ကျွန်တော်ကျတော့ပုံတွေကကောင်းလိုက်တာရှင်းနေတာပဲ ထိုင်းကိုရောက်ဖူးပေမယ့်အဲဒီနေရာတွေမသိခဲ့ပါဘူး
ခုမှရောက်ဖြစ်တယ်
ခင်မင်တဲ့
ဘိုဖြူ

mstint said...

ဗဟုသုတလေးတွေယူသွားတယ် BOU ရေ။
လူတိုင်းမှာယုံကြည်ချက်ကိုယ်စီရှိကြတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower