Monday, December 5, 2011

အံ့ဖွယ်ရှေးဟောင်း အန်ကောမြို့တော်သို့ ...


ကမ္ဘောဒီးယားနိုင်ငံ ဆီးမ်ရိ(Siem Reap)မြို့အနီးက ရင်သပ်ရှုမောဖွယ်ရာ အန်ကော(Angkor) မြို့တော်ဟောင်းဟာ အရှေ့တောင်အာရှရဲ့ အရေးပါဆုံး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေထဲက တစ်ခုဖြစ်ပါတယ်။ စတုရန်းကီလိုမီတာ (၄၀၀)ခန့်ကျယ်ဝန်းတဲ့ သစ်တောအုပ်ထဲမှာတော့ (၉)ရာစုကနေ (၁၅)ရာစုအတွင်း ခမယ်(Khmer) လူမျိုးတို့ တည်ထောင်ခဲ့တဲ့ ရင်သပ်ရှုမောဖွယ် ဘုရားကျောင်းတော်တွေဟာ အချိန်ကာလရဲ့ တိုက်စားမှုကိုကြံ့ကြံ့ခံရင်း အေးချမ်းဆိတ်ငြိမ်စွာ တည်ရှိနေကြပါတယ်။ 


Angkor မြို့တော်
ဒီဘုရားကျောင်းတော်တွေထဲမှာ နာမည်ကျော်ကြားလှတဲ့ အန်ကောဝတ်(Angkor Wat) ကျောင်းတော် အပြင် သာသနိကနယ်မြေဖြစ်တဲ့ အန်ကောထုံ(Angkor Thom)နဲ့ ခမယ်ဗိသုကာလက်ရာမွန်တစ်ခုဖြစ်တဲ့ ဘာယွန်(Bayon) ပုထိုးတို့လည်း ပါဝင်ပါတယ်။ အန်ကောဝတ်ကျောင်းတော်ဟာ ဗိဿနိုးနတ်မင်း (Vishnu)ကို ပူဇော်တဲ့အနေနဲ့တည်ဆောက်ထားတဲ့ ဟိန္ဒူဝတ်ကျောင်းတစ်ခုဖြစ်ပြီး၊ အန်ကောထုံကတော့ မဟာယာနဗုဒ္ဓဘာသာဆိုင်ရာသာသနိက အဆောက်အအုံတွေပါဝင်တဲ့ စတုရန်းပုံမြို့တော်တစ်ခုဖြစ်ပါတယ်။ အန်ကောထုံရဲ့အလယ်ဗဟိုတည့်တည့်မှာတော့ ဗောဓိသတ္တဘုရားလောင်းရဲ့ မျက်နှာတော်ပေါင်းများစွာကို ရင်သပ်ရှုမောဖွယ်ရာ ထည့်သွင်းတည်ဆောက်ထားတဲ့ ဘာယွန်ပုထိုး တည်ရှိပါတယ်။ အန်ကော(Angkor)ဆိုတဲ့ အဓိပ္ပါယ်က မြင့်မြတ်သောလို့အနက်ရပြီး၊ ၀တ်(Wat)ဆိုတာ ကတော့ ၀တ်ကျောင်းလို့ခေါ်ပါတယ်။ အန်ကောဝတ်ဆိုတာက Holy Temple မြင့်မြတ်သော ၀တ်ကျောင်းတော်လို့ အဓိပ္ပါယ်ရပါတယ်။ ထုံ(Thom) ဆိုတာကတော့ ခမယ်စကားနဲ့ ကြီးမားသောလို့ အနက်ရပြီး အန်ကောဝတ်ထက် ဧရိယာပိုမိုကျယ်ဝန်းတဲ့အတွက် Big Angkor အန်ကောမြို့တော်ကြီးလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။  ဘာယွန်ရဲ့ အဓိပ္ပါယ်ကတော့ ခမယ်ဘာသာစကားနဲ့ ဦးခေါင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဗောဓိသတ္တဘုရားလောင်းရဲ့ ဦးခေါင်းတော်ပေါင်းများစွာ ပါဝင်တည်ဆောက်ထားတဲ့အတွက် ဒီနာမည် တွင်လာခဲ့ပုံ ရပါတယ်။

Bayon

အန်ကောမြို့တော်မှာထွန်းကားခဲ့တဲ့ ခမယ်ဗိသုကာပညာဟာ အရှေ့တောင်အာရှဒေသမှာ တမူထူးခြားစွာတိုးတက်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ အိန္ဒိယဗိသုကာပညာ လွှမ်းမိုးမှုရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဗိသုကာပညာနဲ့ပေါင်းစပ်ပြီး ခမယ်တို့ရဲ့ကိုယ်ပိုင်ဟန်အဖြစ် သီးခြားပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ အရှေ့တိုင်းရဲ့ အံ့ချီးဖွယ်ရာ အနုပညာမိုးကုပ်စက်ဝိုင်းတစ်ခု ပေါ်ထွန်းလာခြင်းရဲ့အစပဲဖြစ်ပါတယ်။

(၉)ရာစု အစပိုင်းမှာ ခမယ်ဘုရင် ဒုတိယ ဂျာယာဗာမန်(Jayarvarman II)ဟာ ယနေ့ကမ္ဘောဒီးယားနိုင်ငံဖြစ်လာမယ့် ဒေသတွေကို စုစည်းပြီး ပထမ ခမယ်အင်ပါယာ(Khmer Empire)ကို တည်ထောင်ခဲ့ပါတယ်။ နောက်ရာစုတစ်ဝက်လောက် ကြာချိန်မှာတော့ သူ့ရဲ့သားဖြစ်တဲ့ ယသော်ဗာမန်(Yashovarman)ဟာ နောင်မှာ အန်ကောလို့ထင်ရှားကျော်ကြားလာမယ့် ယသော်ဓာပူရမြို့တော်(Yashodapura)ကို တည်ထောင်ခဲ့ပြီး ဘကောင်း(Bakong)၊ ပရာကို(Preah Koh)၊ လိုလီ(Lolei) ဘုရားကျောင်းတွေနဲ့အတူ ဘာရေးအမည်ရတဲ့ ရေလှောင်ကန်ကြီးကိုပါကို တည်ဆောက်ခဲ့ပါတယ်။ ဘုရားကျောင်းတွေက ခုထိရှိသေးပေမယ့် ရေကန်ကြီးကတော့ကော သွားပါပြီ။ ဘာရေးအမည်နဲ့ ပိုကြီးတဲ့ ရေကန်ကြီးတစ်ခုလည်း ရှိပါသေးတယ်။ ယသော်ဗာမန်တူးဖော်ခဲ့တဲ့ ရေကန်ကြီးကို အရှေ့ဘရေး(East Baray)လို့ ခေါ်ပြီး သူ့ခေတ်နောက်ပိုင်း ရာဂျန်ဒရာဗာမန် (Rajendravarman) ဘုရင်လက်ထက်မှာ တူးဖော်ခဲ့တဲ့ ပိုကြီးမားတဲ့ ရေလှောင်ကန်ကြီးကိုတော့ အနောက်ဘရေး(West Baray)လို့ ခေါ်ပါတယ်။

East Mebon 
(ဘေးပတ်လည်က လယ်ကွင်းတွေဟာ 
တစ်ချိန်တုန်းက East Bary ရေကန်ကြီးဖြစ်ခဲ့ပါတယ်။)
ဒုတိယအန်ကောမြို့တော်ကိုတော့ ယသော်ဓာဗာမန်ရဲ့တူတော်ဖြစ်တဲ့ ရာဂျန်ဒရာဗာမန်က အေဒီ (၉၆၀)ပြည့်နှစ်များအတွင်းမှာ တည်ထောင်ခဲ့ပါတယ်။ ခမယ်မြို့တော်တွေမှာ အရေးပါဆုံးဖြစ်တဲ့ နိုင်ငံတော် ဘုရားကျောင်းကိုတော့ ပရီရပ်(Pre Rup)အရပ်မှာ တည်ဆောက်ခဲ့ပါတယ်။ ရှေးဟောင်း ခမယ်လူမျိုး တွေဟာ မြို့တော်တွေရဲ့အလယ်ဗဟိုမှာ အထင်ကရ ဘုရားကျောင်းတစ်ခု တည်ဆောက်လေ့ရှိပါတယ်။ ထူးခြားချက်ကတော့ တခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလိုပဲ ရှင်ဘုရင်နေထိုင်ရာနန်းတော်တွေကိုတော့ သစ်သားနဲ့ပဲ တည်ဆောက်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားကျောင်းတော်တွေလို နှစ်ပေါင်း ရာထောင်ချီ မတည်မြဲပဲ နန်းတော်ကုန်းများအဖြစ်သာ တွေ့နိုင်ပါတော့တယ်။ ရာဂျန်ဒရာဘာမန်ဟာ သူ့ဦးရီးတော်တူးဖော်ခဲ့တဲ့ အရှေ့ဘရေး(East Baray) ရေကန်ကြီးရဲ့ အလယ်ကောင်တည့်တည့်မှာ ကျွန်းအတုတစ်ခုကို ဖန်တီးစေပြီး အရှေ့မီဘွန်(East Mebon)အမည်ရတဲ့ ဘုရားကျောင်းငယ် တစ်ခုကိုလည်း တည်ဆောက်ခဲ့ပါတယ်။ ပန်းရောင် သဲကျောက်တွေနဲ့ တည်ဆောက်ထားပြီး အလှပဆုံးကျောက်ဆစ်လက်ရာတွေနဲ့ ဘန်တေစရေ(Banteay Srey) ၀တ်ကျောင်းတော်ဟာလည်း သူ့ရဲ့လက်ထက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Banteay Srey

Banteay Srey မှ ကျောက်ဆစ်လက်ရာ

Banteay Srey မှ ကျောက်ဆစ်လက်ရာ
ရာဂျန်ဒရာရဲ့သားတော် ပဉ္စမမြောက် ဂျာယာဘာမန်ဘုရင်လက်ထက် အေဒီ (၁၀၀၀)လောက်မှာ မြို့တော်ကိုတခါ နေရာပြောင်းရွှေ့ ခဲ့ပြန်ပါတယ်။ တာကက်(Ta Kev)အမည်ရတဲ့ နိုင်ငံတော် ဘုရားကျောင်းကိုလည်း အသစ်တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့်မကြာခင်မှာပဲ သူ့ရဲ့ထီးနန်းကို ပထမ ဆူရီယာဗာမန်က လုယူခဲ့ပါတယ်။ သူ့ရဲ့လက်ထက်မှာ နိုင်ငံတော်ဘုရားကျောင်းအဖြစ် ဖီမင်နက (Phimeanakas) ဘုရားကျောင်းကို တည်ဆောက်ခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံး စီမံကိန်းကတော့ အနောက်ဘရေး (West Baray)လို့ခေါ်တဲ့ စတုဂံပုံ ဧရာမလက်တူးကန်ကြီးကို တူးဖော်စေခဲ့တာဖြစ်ပါတယ်။ ရေကန်ကြီးရဲ့ အလယ်ကောင်တည့်တည့်မှာတော့ လူလုပ်ကျွန်းတုတစ်ခုရှိပြီး ကျွန်းပေါ်မှာ အနောက်မီဘွန် (West mebon) အမည်ရတဲ့ ဗိဿနိုးနတ်ကွန်း တည်ရှိပါတယ်။ (၁၉၃၆)ခုနှစ်မှာ ဒီနတ်ကွန်းကနေပဲ အန်ကောခေတ်ရဲ့ အကြီးဆုံးကြေးရုပ်ထုဖြစ်တဲ့ လျောင်းတော်မူ ဗိဿနိုးကြေးရုပ်ကြီးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

West Baray
လျောင်းတော်မူ ဗိဿနိုးကြေးရုပ်ကြီး
အေဒီ (၁၀၅၀)မှာတော့ သူ့ကိုဆက်ခံတဲ့ ဥဒယဒိတြဗာမန် (Udayadityavarman)ဘုရင်ဟာ သျှီဝနတ်မင်းကိုပူဇော်တဲ့ ဘာဖွန်း(Baphoun) နိုင်ငံတော်ဘုရားကျောင်းကို တည်ဆောက်ခဲ့ပါတယ်။  ဥဒယဒိတြဗါမန်ကို ဆက်ခံတဲ့ မင်းတွေလက်ထက်မှာတော့ ကြီးကြီးမားမားဆောက်လုပ်မှုမျိုးမရှိခဲ့တာ အေဒီ (၁၁၁၃)ခု ဒုတိယ ဆူရိယာဗာမန်ဘုရင် နန်းတက်လာချိန်အထိပါပဲ။ ဒုတိယ ဆူရီယာဗာမန်ဟာ ဗိဿနိုးနတ်မင်းကိုပူဇော်ရန်ရည်ရွယ်ပြီး ခမယ်ဘုရားကျောင်းတွေထဲမှာ အကြီးကျယ်ဆုံးဖြစ်တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ အန်ကောဝတ်ဟာ အန်ကောခေတ် (Angkorian Age)တစ်လျှောက် တည်ဆောက်ခဲ့သမျှ ဘုရားကျောင်းများထဲမှာ အကြီးမားဆုံးနဲ့ လက်ရာအမြောက်ဆုံး ဖြစ်ပါတယ်။ အန်ကောဝတ်ကျောင်းတော်ကို မြင့်မိုရ်တောင်နဲ့ ကျွန်းကြီးလေးကျွန်းကို ကိုယ်စားပြုတဲ့ ကြာဖူးသဏ္ဍာန်မျှော်စင်ငါးခုကိုမဏ္ဍိုင်ပြုပြီး တစ်ခြားအဆောက်အဦးများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ၀တ်ကျောင်းတော်ရဲ့ ပတ်လည်မှာ ရေကျုံးကာရံထားပြီး အဓိက၀င်ပေါက်ကိုတော့ ထူးဆန်းစွာပဲ အနောက်ဖက်မှာ ထားရှိပါတယ်။ နေ၀င်ရာအရပ်ကို မျက်နှာပြုထားခြင်းဟာ မမြဲသောသင်္ခါရတရားကို အောက်မေ့ ဆင်ခြင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုကြပါတယ်။

အန်ကောဝတ်ကို ဝေဟင်မှမြင်ရပုံ

အန်ကောဝတ် ဆည်းဆာအလှ

အေဒီ (၁၁၅၀)ဒုတိယ ဆူရီယာဗာမန်ကွယ်လွန်သွားပြီးနောက်မှာတော့ ခမယ်အင်ပါယာဟာ ပြည်ထဲရေး မငြိမ်မသက်မှုတွေနဲ့ လုံးထွေးရစ်ပတ်နေခဲ့ပါတယ်။ ယနေ့ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အများဆုံးနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် ကျမ်(Chams)လူမျိုးတွေဟာ (၁၁၇၇) နဲ့ (၁၁၇၈)ခုနှစ်တွေမှာ အန်ကောအင်ပါယာကို နှစ်ကြိမ်တိုင်တိုင် ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီအချိန်မှာ အန်ကောအင်ပါယာကို အုပ်ချုပ်နေတဲ့ မဟာယာနဗုဒ္ဓဘာသာဝင် သတ္တမ ဂျာယာဗာမန် (Jayavarman VII)ဘုရင်ဟာ ကျမ်လူမျိုးတွေကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့ပြီး ၁၁၈၁မှာ အန်ကောမြို့တော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူဟာ အန်ကောအင်ပါယာကိုအုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေထဲမှာ တစ်ဦးတည်းသော ဗုဒ္ဓဘာသာဝင်ဘုရင်ဖြစ်ပါတယ်။ ကျန်တဲ့ဘုရင်တွေ အားလုံးကတော့ ဟိန္ဒူဘာသာ ၀င်တွေ ဖြစ်ပါတယ်။ သူ့လက်ထက်မှာတည်ဆောက်ခဲ့တဲ့ နိုင်ငံတော်ဘုရားကျောင်းကတော့ ဘာယွန်ပုထိုး (Bayon)ဖြစ်ပြီး ဗုဒ္ဓဘုရားရှင်ကို ပူဇော်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာယွန်ပုထိုးဟာ အန်ကောထုံလို့ခေါ်တဲ့ စတုရန်းပုံမြို့တော်ရဲ့ အလယ်ဗဟိုမှာ တည်ရှိနေတာဖြစ်ပါတယ်။ အန်ကောထုံဟာ (၃) စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ရေကျုံးတစ်ထပ် ကာရံထားပါတယ်။ တောင်၊ မြောက်၊ အနောက်ဖက် မျက်နှာစာတွေမှာ မြို့တံခါးပေါက် တစ်ခုစီရှိပြီး အရှေ့ဘက်မြို့ရိုးမှာတော့ မြို့တံခါးပေါက်နှစ်ခုရှိပါတယ်။ ယနေ့အချိန်မှာတော့ ပျက်ဆီး ယိုယွင်းမှု အနည်းဆုံးဖြစ်တဲ့ Southern Gate ခေါ် တောင်ဘက်မြို့တံခါးဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ မြို့တံခါးပေါက်တိုင်းရဲ့ထိပ်မှာ အလွန်တရာကြီးမားတဲ့ မျက်နှာကြီး လေးခုစီ တည်ဆောက်ထားပါတယ်။ ဗောဓိသတ္တဘုရားလောင်းရဲ့ မျက်နှာတော်အနေနဲ့ တည်ဆောက်ထားတာ ဖြစ်သလိ၊ု ရှင်ဘုရင်ရဲ့ပုံတူလည်း ဖြစ်ပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်မှာ ကျွန်တွေထုတဲ့ဘုရားက ဘုရင်နဲ့ ရုပ်ချင်းဆင်နေတာပါပဲ။ ဒီလို ဘုရားလောင်းပုံတော်နဲ့ ဘုရင့်မျက်နှာ ချွတ်စွပ်နီးပါးဆင်နေတာ မျိုးကို ဘာယွန်ပုထိုး (Bayon)မှာလည်း တွေ့ရပါတယ်။ ဘာယွန်ပုထိုးဟာ အန်ကောခေတ်ရဲ့နောက်ဆုံး နိုင်ငံတော်ဘုရားကျောင်းဖြစ်ပြီး ဗောဓိသတ္တမျက်နှာတော်တွေ ထွင်းထုထားတဲ့ မျှော်စင်ပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ဘာယွန်ကို တည်ဆောက်ပြီးနောက်မှာတော့ သတ္တမ ဂျာယာဗာမန်ဟာ သူ့ရဲ့မယ်တော်ကို ရည်စူးပြီး တာပရွန်(Ta Prohm) နဲ့  ခမည်းတော်ကို ရည်စူးပြီး ပရာခန်း(Preah Khan) ဘုရားကျောင်းတော်တွေကို တည်ဆောက်ခဲ့ပါတယ်။

Southern Gate of Angkor Thom
Southern Gate of Angkor Thom

Central Tower of Bayon
တစ်ကယ်တော့ တာပရွန်ဘုရားကျောင်းရဲ့မူလအမည်ဟာ ရာဇ၀ိဟာ ဖြစ်ပါတယ်။ တာပရွန်ဆိုတာကတော့ ဒီနေ့ခေတ်ရောက်မှခေါ်တဲ့အမည် ဖြစ်ပြီး တောထဲက ၀တ်ကျောင်း(Jungle Temple)လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဘုရားကျောင်းတွေဟာ ၀တ်ပြုကိုးကွယ်ရုံသက်သက်မဟုတ်ပဲ ဘုန်းကြီးကျောင်း နဲ့ သာသနာ့တက္ကသိုလ်များအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဘုရားကျောင်းတွေရဲ့ကြွယ်ဝမှုမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ လက်ဝတ်ရတနာမျိုးစုံ၊ ပုလဲအလုံးပေါင်း (၁၁၂,၃၀၀)လုံး၊ ဦးချိုကို ရွှေချထားတဲ့ နွားလားဥဿဘစတာတွေ ပါဝင်ပါတယ်။ ဒီဘုန်းကြီးကျောင်းနှစ်ခုက ဗုဒ္ဓသာသနာ့တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ စာသင်သားတွေနဲ့ ကျေးကျွန်တွေကိုပါ ထည့်တွက်မယ်ဆိုရင် လူပေါင်း တစ်သိန်းနီးပါးရှိပါတယ်။ ဒီထဲမှာ စာသင်ပေးတဲ့ ဆရာတော် (၁,၀၀၀) နဲ့ ဘုရားကို အကဆက်တဲ့ ကချေသည် (၁,၀၀၀)လည်း ပါဝင်ပါတယ်။

Ta Prohm

တာပရွန်ဟာ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ Tomb Raider ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို လာရောက်ရိုက်ကူးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ တာပရွန်ဘုရားကျောင်းရဲ့ ထူးခြားချက်ကတော့ ပထမဆုံးတောနက်ထဲကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံစံအတိုင်း အနီးစပ်ဆုံး တည်ရှိနေခြင်းပဲဖြစ်ပါတယ်။ ဧရာမသစ်မြစ်ကြီးတွေက ဘုရားကျောင်းပျက်တွေကို ဖုံးလွှမ်းထားပုံဟာ အိပ်မက်ဆန်လွန်းလှပါတယ်။

Ta Prohm မှ လဲမှို့ပင်ကြီးများ

Ta Prohm မှ လဲမှို့ပင်ကြီးများ

Angelina Jolie ရုပ်ရှင်ရိုက်သွားခဲ့တဲ့ နေရာပါ
Preah Khan
အေဒီ (၁၂၀၀)ခန့်မှာ သတ္တမ ဂျာယာဗာမန်ဘုရင်ကွယ်လွန်ပြီးနောက်ပိုင်းမှာတော့ ခမယ်အင်ပါယာဟာ တဖြည်းယိုယွင်းလာခဲ့ပြီး အကျပိုင်းကိုရောက်ခဲ့ပါတယ်။ ကြီးကြီးမားမားတည်ဆောက်မှုမျိုးကိုလည်း မတွေ့ရတော့ပါဘူး။ (၁၅)ရာစုရဲ့ ပထမနှစ်ငါးဆယ်အတွင်းမှာ ခမယ်အင်ပါယာ ပြိုကွဲသွားခြင်းနဲ့အတူ တစ်ချိန်ကခမ်းနားထည်ဝါခဲ့တဲ့ ဘုရားကျောင်းတော်တွေဟာ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းတွေရဲ့ ၀ါးမျိုဖုံးလွှမ်းခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် လုံးဝ လူမသိသူမသိ တောနက်ထဲမှာ ပျောက်ကွယ်သွားတာ မျိုးတော့ မဟုတ်ပါဘူး။ စည်ကားသိုက်မြိုက်တဲ့ အန်ကောမြို.တော်ကြီး ပျက်သုဉ်းသွားပေမဲ့ အနီးအနားက ရွာငယ်ဇနပုဒ်လေးတွေကတော့ ကျန်ရစ်ခဲ့ပါသေးတယ်။ ဒေသခံ ခမယ်လူမျိုးတွေဟာ ဒီဘုရားကျောင်းတော်တွေရဲ့ အနီးအနားမှာပဲ ရွာတည်ပြီးနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းတော်တွေကတော့ ပြုပြင်ထိမ်းသိမ်းမယ့်သူ မရှိတဲ့အတွက် တစ်နေ့တစ်ခြား ယိုယွင်းပျက်စီးလာခဲ့ပါတယ်။ (၁၉)ရာစုမှာတော့ ပြင်သစ်လူမျိုး စွန့်စားရှာဖွေသူ ဟင်နရီမူဟော့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတစ်ဆင့် အန်ကောမြို့တော်ဟောင်းကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေကို ဥရောပမှာ စာအုပ်အဖြစ်ထုတ်ဝေခဲ့ချိန်မှာတော့ အန်ကောမြို့တော်ဟောင်းဟာ အနောက်ကမ္ဘာရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီပြုပြီး နောက်ပိုင်းမှာတော့ အန်ကောမြို့တော်ဟောင်းကို ပြင်သစ်ရှေးဟောင်း သုတေသနပညာရှင်တွေက ပြန်လည်ဖော်ထုတ်ခဲ့ကြပါတယ်။

Henri Mouhot
Henri Mouhot ရေးဆွဲခဲ့သော အန်ကောဝတ်ကျောင်းတော်ပုံ

Henri Mouhot ရေးဆွဲခဲ့သော အန်ကောဝတ်ကျောင်းတော်ပုံ

Henri Mouhot ရေးဆွဲခဲ့သော အန်ကောဝတ်ကျောင်းတော်ပုံ

(၁၉၀၇)ခုနှစ်ကစလို့ အရှေ့တိုင်းဆိုင်ရာ ပြင်သစ် ရှေးဟောင်းသုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ École française d'Extrême-Orient (EFEO) ဟာ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို
ပြုပြင်ထိန်းသိမ်းလာခဲ့ပါတယ်။ Khmer Rouge လို့ခေါ်တဲ့ ခမာနီကွန်မြူနစ်တွေအုပ်စိုးခဲ့တဲ့ (၁၉၇၀) နဲ့ (၁၉၈၀) ကြားကာလတွေမှာတော့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အန်ကောဘုရားကျောင်းတော်တွေကို ပြုပြင်ထိန်းသိမ်းရာမှာ ကမ္ဘာ့နိုင်ငံ အများအပြားက ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ (၁၉၉၂)မှာတော့ ယူနက်စကိုအဖွဲ့ကြီးကနေပြီး အန်ကောကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသ (World Heritage Site)အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အန်ကောဟာ ကမ္ဘာပေါ်မှာ အလွန်နာမည်ကျော်ကြားတဲ့ Tourist Destinationတစ်ခု ဖြစ်လာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ အန်ကောကို နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် (၂)သန်းကျော် လာရောက်လည်ပတ်နေကြပြီဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အမှတ်တရဓာတ်ပုံလေး တစ်ခုကို ပြလိုက်ချင်ပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က အန်ကောဝတ်ကို ဘုရားဖူးရောက်ခဲ့တဲ့ မြန်မာမိသားစုတစ်စု အမှတ်တရ ရေးထွင်းခဲ့တဲ့ ကျောက်ထွင်းစာလေးဖြစ်ပါတယ်။ ကျွန်တော် အန်ကောဝတ်ကို သုံးခါရောက်ပြီးမှပဲ ဒီစာကိုရှာလို့တွေ့ပါတယ်။

အန်ကောဝတ်က မြန်မာစာ
ဒီစာထဲမှာပါတဲ့ ပတ္တပေါင်မြို့ဆိုတာဟာ ကမ္ဘောဒီးယားနိုင်ငံထဲက Battambang မြို့ဖြစ်ပါတယ်။ မြန်မာဘုရင်တွေလက်ထက် ယိုးဒယားကိုစစ်ချီရာမှာပါခဲ့တဲ့ တစ်ချို့မြန်မာစစ်သားတွေဟာ မြန်မာပြည်မပြန်ဖြစ်ကြတော့ပဲ ရေကြည်ရာမြက်နုရာရှာရင်း Battambang အရပ်မှာ အခြေချခဲ့တယ်လို့ ပါးစပ်ရာဇ၀င်ကဆိုပါတယ်။ တစ်ကယ်လည်း အဲဒီဒေသမှာ မြန်မာလိုလုံးဝမပြောတတ်ကြတော့ပေမယ့် မြန်မာဓလေ့ထုံးစံတွေနဲ့ အလွန်နီးစပ်တူညီတဲ့ ရွာတွေရှိကြတယ်လို့ဆိုပါတယ်။ ကိုယ်တိုင်သွားစုံစမ်းကြည့် ချင်ပေမယ့်လည်း အခြေအနေမပေးတော့ မရောက်ဖြစ်သေးပါဘူး။ အဲ... တစ်ခုသတိပေးချင်တာကတော့ သူတို့ကိုအားကျပြီး ဘုရားကျောင်းနံရံမှာ စာသွားရေးရင် အဖမ်းခံရ၊ လျော်ကြေးကြီးမားစွာပေးရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အခုအခါမှာ ဘုရားကျောင်းတော်တွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တရားဥပဒေနဲ့ကာကွယ်ထားလို့ပဲဖြစ်ပါတယ်။

စာဖတ်သူမိတ်ဆွေများလည်း အန်ကောကိုလာလည်ချင်တယ် ဆိုရင် ဆီးမ်ရိမြို့က ကြိုဆိုနေပါတယ်ခင်ဗျာ။ ဒီမြို့မှာ ဗမာသိပ်မရှိလို့နေရထိုင်ရတာတော့ခပ်ပျင်းပျင်းရယ်။ ကိုယ့်ဆီလာလည်မယ့် ဧည့်သည်သာ မျှော်နေမိတာပါပဲ။ :-)

credit to: အနီးဆုံး

မျှဝေခွင့်ပေးတဲ့ “အနီးဆုံး”ဘလော့ပိုင်ရှင် ဘလော့ဂါလေးကို အထူးကျေးဇူးတင်ပါတယ်။ 

လေးစားစွာဖြင့်
bliss of us

Wednesday, November 30, 2011

အယုဒ္ဓယမြို့တော်ဟောင်းမှ လျောင်းတော်မူ “လောကာယသုတ္တဘုရား”

ရေကျပြီးနောက် ချမ်းမြေ့စွာဖြင့် မြတ်စွာဘုရားရုပ်ပွါးတော်ကို အခုလို ဖူးတွေ့နိုင်ပါပြီ။
Wat Lokaya Sutha is located directly west of the Royal Palace. It is part of a park
that includes three restored ruins including
Wat Worachet and the original Wat Worapo.
It is easiest to access this site via the western side of Khlong Tho. There is a small side
alley leading to it as well as a newly constructed road. Wat Lokaya Sutha can also be
accessed from a third road in its southwestern corner, which also serves as a route to
Chedi Suriyothai.


  ရေမကြီးခင်က လျောင်းတော်မူဘုရားကြီးဖူးတွေ့ရစဉ် 
(google မှ ကူးယူပါသည်။)

Wat Lokaya Sutha is a massive temple ruin. It is aligned toward an east/west axis. There
are two small chedi outside of its compound, and a portion of the spire of a third chedi is
still in situ. These are all in a late-Ayutthaya period style. The monastery itself has been
heavily restored, including floor tiles and brick floors throughout. Most of the temple
exists only at the basic foundation level. This includes some stubs of pillars and basic
walls. At the eastern entrance are the remnants of three viharns. Behind these sermon
halls is a large 30 meters high, late-Ayutthaya period, Khmer-style prang (Kasetsiri &
Wright 92). This prang-tower has a hollow entrance on its eastern side. The remains of
an ubsot can be seen behind the prang. Only the basic foundation layer has survived, but
there are many sema stones and the detritus of Buddha images. A large bell tower stands
on the southwestern corner of this ubosot.


The highlight of this temple is its enormous Reclining Buddha image (37 meters long and
8 meter high), which is located behind the ubosot. It was once encased by a viharn, but
that has also collapsed to the basic foundation level. The Reclining Buddha is 42 meters
in length and 8 meters high, and its name is "Phra Buddha Sai Yat". The reclining Buddha
image is aligned to a north/south axis, and it is facing west. All the Buddha’s toes are of
equal lengths. The arm supporting the head is vertical, instead of being folded as in the
early Ayutthaya and U-Thong periods. This vertical arm is a characteristic of reclining
images made in the middle Ayutthaya period - after the 16th century (Amatyakul 47).
The reclining Buddha image is usually wrapped in brightly colored orange cloth.  A small
altar exists beside it where visitors can make offerings. Many people have covered
portions of the image in gold leaf.
 

There is an interesting Lanna-style chedi northwest of the reclining Buddha image. This
non-restored chedi is often buried in heavy vegetation, so it may be difficult to see.
Nevertheless, it is one of the most amazing sights at this temple ruin. This chedi has an
octagonal base, and it takes an almost prang-like shape. However, the stucco is very
well preserved. There are a large number of arched niches built around the relic
chamber. Many of these niches still have standing Buddha images formed from stucco
(including their heads). There are also several meditating Buddha images near the spire.
These are also fairly well preserved. This type of architectural is sometimes associated
with the Haripunchai Kingdom in Lamphun - implying that this monastery may have
provided services to be people from the north.
 

There was once a canal leading from Chao Phraya River to the Royal Palace, which
passed by Wat Lokaya Sutha. Although the canals ancient name is unclear, on some
modern maps it is referred to as Khlong Fang. This canal formed a moat around Wat
Lokaya Sutha, and its connection to the Royal Palace implies that this monastery once
had great importance. However, despite its massive size and prime location, there isn’t
much known about the history of Wat Lokaya Sutha.

The reclining Buddha image was restored in 1954 by the Alcoholic Beverages Factory
(once located in the same neighborhood). It was restored again in 1956 during the time
of Field Marshall Phibunsongkhram (Kasetsiri & Wright 94-95). This prime minister also
did major renovations in the Ayutthaya Historic Park at the same time. In 1989, the
family of former Prime Minister Luang Thamrongwasawat (1946-1947) contributed to
renovations at this monastery. The Fine Arts department has continued to maintain it
since then.


(Ref; http://www.ayutthaya-history.com)  

 သတင်းစာမျက်နှာများထက်မှာ ဒီပုံလေးကအထင်အရှားဖြစ်ခဲ့ပါသေးတယ်။


 ရေများ ဝန်းရံခနေစဉ် ဖူးမြင်ရပုံဖြစ်ပါတယ်။

(ရေကြီးနေစဉ်တုန်းက ပုံများ ဂူဂလ်မှာ ကူးယူဖေါ်ပြပါသည်)

လျောင်းတော်မူဘုရားကြီး၏ အကြောင်းကိုပါ သိရှိနိုင်အောင် ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ 


လေးစားစွာဖြင့်
bliss of us  

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower