
ကမ်ဘောဒီးယားနိုင်ငံ၏ မိုးရာသီ ရေများချိန်၌ အာရှတွင် အကြီးဆုံးရေကန်ဟူ၍ ခမာလူမျိုးတို့ ဂုဏ်ယူကြသော ရေကန်မှာ (Tonle Sap Lake) တုံလီစပ်ရေကန်ဖြစ်ပါတယ်။

ရေကန်တွင်းနေ ဒေသခံကလေးငယ်လေးတွေ ကျောင်းဆင်းလာကြပုံ။
ရေထဲမှာ လူကြီးတွေ မပါပဲ ကိုယ်တိုင် လှော်တက်လေးနဲ့ မူလတန်းအရွယ်ကလေးငယ်လေးတွေ ကျောင်းဆင်းလာကြတာဖြစ်ပါတယ်။ ရေပေါ်မှာပဲ အိမ်ဆောက်၊ ရေထဲမှာပဲ အသက်မွေးဝမ်းကြောင်းကြ၊ ရေထဲမှာပဲ စာသင်ကြကာ ရေထဲမှာပဲ ဘဝတစ်ပါးကူးပြောင်းကြရတဲ့ ဒေသခံများ၏ ပုံရိပ်တွေကို လေ့လာနိုင်ပါတယ်။

အခုလို နိုင်ငံခြားသား ခရီးသွားက Siem Reap မြို့နဲ့ အနည်းငယ်လှမ်းသော တုံလီစပ်ရေကန်သို့ စက်ဘီးများ ငှားပြီး အလည်အပတ်ထွက်လို့ ဗဟုသုတရှာမှီးကြပါတယ်။

ရေကန်ထဲမှာတော့ အခုလို လောင်းလှေမျိုးနဲ့ ဧည့်သည်များ အဖွဲ့အလိုက် ရေကန်အတွင်း လှည့်လည် လေ့လာနိုင်ရန် စီစဉ်ပေးထားကြပါတယ်။ ထိုရေကန်သို့ လောင်းလှေနဲ့ လေ့လာလည်ပတ်ရန်အတွက် ဝင်ကြေးပေးဆောင်ရုံဖြင့် လည်ပတ်နိုင်ဖို့ ကမ်ဘောဒီးယားနိုင်ငံမှ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။ ခရီးသွားတစ်ဦးလျှင် ($15/-)နှုန်း ကျသင့်မှာဖြစ်ပါတယ်။

ရေကန်အတွင်းမှ အရပ်ဓလေ့နှင့် ကလေးငယ်များ

ဈေးရောင်းထွက်လာတဲ့ ရေကန်တွင်းနေထိုင်သော ဒေသခံတစ်ဦး
ထိုရေကန်တွင် နေထိုင်ကြသော လူမျိုးများမှာ ဗီယက်နမ်လူမျိုးများဖြစ်ကြပြီး၊ တံငါလုပ်ငန်းဖြင့် အဓိက အသက်မွေးကြပါတယ်။ ကမ်ဘောဒီးယားနိုင်ငံ၏ ငါး (၅၀%)ထွက်ရှိသောကြောင့် တုံလီစပ်ရေကန်သည် နိုင်ငံ၏ အဓိက အားထားရာတစ်ခုလည်းဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်...လေးစားစွာဖြင့်bliss of us
2 comments:
သွားမယ် သွားမယ်.... အစ်မရေ... လည်စရာတွေ ကုန်နိုင်ဘူးနော်ဗျ... လောလောဆယ် ချွေတာရေး လမ်းစဉ်ဖက် ဦးတည်နေလို့  .... အဟီး
အဲလို လျှောက်သွားချင်တာ ဒေသန္တရ ဗဟုသုတလည်းရ
ပျော်လည်းပျော်ရတယ်
အားကျတယ် တကယ်
Post a Comment