မဲခေါင်ငါးနိုင်ငံထဲမှ ကမ်ဘောဒီးယား
အပိုင်း(၂)
အပိုင်း(၂)




ခရီးသွားအများစုသည် ရှေးဟောင်း အန်ကောဝပ်ဘုရားကျောင်းတော်တွင် အဆောက်အအုံများ၏ လက်ရာများ၊ ရှေးခေတ်အနုပညာများ၊ သမိုင်းကြောင်းများကို အထူးလေ့လာကြပါသည်။ ထိုအရာများအားလုံးသည် ရှေးယခင်က လူ့ယဉ်ကျေးမှု ဘ၀သရုပ်များကို ထင်ဟပ်ပြသနေပြီး ခမ်းနားကြီးကျယ်လှသော စစ်မက်ရေးရာနှင့် အဆောက်အဦးတည်ဆောက်ပုံနှင့်ပတ်သက်သော အယူအဆနည်းပညာများကိုလည်း လေ့လာနိုင်ပါသည်။
ခမာ-မွန်လူမျိုးများသည် လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀) ခန့်က ကမ်ဘောဒီယားနိုင်ငံရဲ့ ဦးဆုံး လူ့ယဉ်ကျေးမူများကို စတင်ခဲ့သူများဖြစ်ပြီး အိန္ဒိယကုန်သည်များ ကုန်သွယ်ရင်း ရောက်ရှိလာကြကာ ဖွံ့ဖြိုးတိုးတက်သည့် လူနေမှုစနစ်များ လွှမ်းမိုးသက်ရောက်မှုရှိခဲ့ပါသည်။ ထို့ပြင် ကမ်ဘောဒီးယား၏ ပင်လယ်ကမ်းခြေဒေသဝန်းကျင်သို့ စိုက်ပျိုးရေး၊ သင်္ချာပညာနှင့် အသိပညာ အတတ်ပညာများလည်း သယ်ဆောင်ရောက်ရှိလို့လာခဲ့ပါသည်။
အိန္ဒိယကုန်သည်များနှင့် ကမ်ဘောဒီးယားနိုင်ငံ ကုန်သွယ်မှုသည် ဟိန္ဒူဘာသာကိုးကွယ်ယုံကြည်မှုများကိုပါ သယ်ဆောင်လာခဲ့ပြီး ဗိဿနိုးနှင့် သီဝနတ်ဘုရားများကို ကိုးကွယ်သော အလေ့အထများ ပိုမိုထွန်းကားလာခဲ့ပါသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဘုရင် နန်းတက်မှုကြောင့် ဟိန္ဒူဘာသာရေး ကိုးကွယ်မှု နတ်ရုပ်များနှင့် ဟိန္ဒူလက်ရာများကို ဖျက်စီးခဲ့လေသည်။ သို့သော် ဟိန္ဒူဘာသာ ကိုးကွယ်မှုများနှင့် အနုပညာလက်ရာများကို ယနေ့ထက်တိုင် ကျန်ရှိနေသေးသောကြောင့် ဟိန္ဒူဘာသာဝင်တို့၏ အနုစိတ်သော အနုပညာများကို လေ့လာနိုင်ပါသည်။
ယခုချိန်တွင် ကမ်ဘောဒီးယားနိုင်ငံ၏ ခန့်မှန်းချေ လူဦးရေ သန်းပေါင်း (၁၄.၂)တွင် နိုင်ငံလူဦးရေ၏ (၉၅%)ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြပါသည်။ ထို့ကြောင့် နိုင်ငံခြားခရီးသွား အများအပြား လေ့လာရာအရပ်ဖြစ်သည့် ကမ္ဘာကျော် အန်ကောဝပ်နယ်မြေဘုရားကျောင်းများတွင် ဗုဒ္ဓရုပ်ပွါးတော်များဖူးတွေ့နိုင်ခြင်းသည် ဗုဒ္ဓဘာသာ သာသနာတော်ကို အလေးအမြတ်ထားခဲ့သော ဘုရင်များအား အထူးကျေးဇူးတင်ရမည်ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်...
လေးစားစွာဖြင့်
bliss of us
ဆက်လက်ဖေါ်ပြပါမည်...
လေးစားစွာဖြင့်
bliss of us
1 comment:
ဗုဒ္ဓာသာဘာတို့ရဲ့ အထွတ်အမြတ် ရုပ်ပွားတော်နဲ့အတူ ခမ်းနားတဲ့ အန်ကာ လက်ရာအဆောက်အဦးတွေ မြင်တွေ့ခွင့်ရလို့ ၀မ်းသာမိပါတယ်.. ကိုယ်တိုင်လည်း သွားချင်ပါသေးတယ်
တစ်နေ့နေ့ပေါ့နော်။
Post a Comment