Monday, January 31, 2011

မဲခေါင်ငါးနိုင်ငံထဲမှ ကမ်ဘောဒီးယားအကြောင်း တစေ့တစောင်း

အပိုင်း(၁)

ထိုင်းနှင့် ကမ်ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်ရှိ
ကမ်ဘောဒီးယားနိုင်ငံ၏ ဂိတ်ဝမုဉ်ဦး

ကမ်ဘောဒီးယားနိုင်ငံ၏ Siem Reap မြို့တွင် သစ်ပင်နွယ်ပင်များနှင့် ဖုံးအုပ်နေသော အလွန်ရှေးကျတဲ့ ကုန်းမြေဖွဲ့စည်းမှုများနှင့် ယဉ်ကျေးမှု အနှစ်သာရများ၊ ရှေးဟောင်းအနုပညာလက်ရာများသည် သဘာဝဘေးအန္တရာယ်များကြောင့်လည်းကောင်း၊ စစ်ဘေးဒဏ်များကြောင့်လည်းကောင်း တိမ်မြှုပ် ပျောက်ကွယ်နေခဲ့ပါသည်။ ယခုချိန်တွင် ကမ္ဘာလှည့်ခရီးသည် များစွာတို့သည် ရှေးအခါက Khmer-Mon လူမျိုးများ အခြေချနေထိုင်ခဲ့တဲ့ Siem Reap မြို့သည် အံ့သြဖွယ်ရာကောင်းလှသည့် ရှေးခေတ် ခမာ-မွန်လူမျိုးတို့၏ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ အာရှတွင် ထင်ရှားသော အန်ကောဝပ်ဘုရားကျောင်းအပါအဝင် ရှေးဟောင်းဘုရားကျောင်းများသို့ လာရောက်လေ့လာကြကာ ဗဟုသုတရှာမှီးကြပါသည်။

ဘုရားကျောင်းများသို့ လေ့လာရန်အတွက် အဝင်ဝနေရာတွင် ဤသို့ ဝင်ကြေးပေးဆောင်ရပါသည်။

ခမာအမျိုးသမီးငယ်လေးတွေက ဝန်ဆောင်မှုပေးနေပုံ။

နိုင်ငံခြားခရီးသွားတစ်ဦးလျှင် တစ်ရက် သို့မဟုတ် နှစ်ရက်လည်ပတ်မည်ဆိုပါက တစ်ရက်လျှင် ဒေါ်လာနှစ်ဆယ် ပေးဆောင်ရပါမည်၊ ထို့နောက်ဝင်ကြေးပေးဆောင်ပြီးလျှင် ခရီးသွားအား ဓာတ်ပုံရိုက်ပေးကာ မိမိရုပ်ပုံလွှာပါသော လက်မှတ်လေးကို ကွန်ပျူတာဖြင့် လျှင်မြန်စွာ ထုတ်ပေးပါလိမ့်မည်။

အဝင်နေရာတွင် အန်ကောဝပ်ဘုရားကျောင်းနှင့် အခြားသော ဘုရားကျောင်းများ၏
မြေပုံရှေ့တွင် ဧည့်သည်များကို ခရီးသွားလမ်းညွှန်များမှ ရှင်းပြစဉ်။

ဘုရားကျောင်းဝင်းတစ်နေရာတွင် ခရီးသွားလမ်းညွှန်များမှ ဧည့်သည်များကို
အခုလို သမိုင်းကြောင်းများကို ရှင်းပြနေပုံဖြစ်ပါတယ်။

ဧည့်သည်များသည် အဝင်နေရာတွင် ပေးလိုက်သော လက်မှတ်လေးကို သိမ်းထားရပါမည် အဘယ်ကြောင့်ဆိုသော် ဘုရားကျောင်းများသို့ ဝင်ရန် အဝင်ဝနေရာများတွင် အခုလိုတွေ့ရသော ဝတ်စုံများနှင့် တာဝန်ကျဝန်ထမ်းများက လက်မှတ်စစ်ဆေးကြမည်။ လက်မှတ်ပြနိုင်မှသာ ဘုရားကျောင်းများသို့ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်...

လေးစားစွာဖြင့်
bliss of us

3 comments:

ညီသူအိမ် said...

ခမာတို့ပြည်ရွှေဆီ
မရောက်ဖူးသေးတော့
ဒီကနေပဲ စားရိတ်ငြိမ်းသွားလိုက်တော့တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

သွားချင်တယ် ပြောရတာလဲ လက်ညောင်းလှပြီ
တကယ်လဲ မသွားရသေးဘူး
ထီကလဲ မပေါက်တတ် အဟင့် ဘယ်လိုလုပ်ရပါ့

Crystal said...

တစ်လကို ဒေါ်လာ(၃၀)လောက်စုထား၊ ဒီဇင်ဘာဆို သွားလို့ရပြီ။ စရိတ်သက်သာအောင် စီစဉ်ပေးမှာပေါ့။ အခြားနိုင်ငံသားလူငယ်တွေ အများအပြား လာရောက်လေ့လာကြတာတွေ့ရတော့ ကိုယ့်နိုင်ငံသားတွေကို သွားရောက်လေ့လာစေချင်ပါတယ်။ :)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower