Thursday, February 3, 2011

တုံလီစပ်ရေကန်ထဲက ရေသန့်အလှူ

 ကဗျာဆန်သောရှုခင်းနှင့် ဒေသခံပြည်သူတချို့

 ပရိုရောဂျက်များအတွက် အဆောက်အဦးများကို ကမ်းပေါ်တွင် တည်ဆောက်နေဆဲ

 တုံလီစပ်ရေကန်တွင်းနေ ဒေသခံဗီယက်နမ်လူမျိုးများ၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း

အန်ကောဝပ်ဘုရားကျောင်းတော်ကြီးတည်ရှိရာ ဆီးမရစ်မြို့မှ တောင်ဘက် (၁၅)ကီလိုအကွာတွင် တုံလီစပ်ရေကန်တည်ရှိပါသည်။ ရေကန်၏ ထူးခြားချက်မှာ တူးမြောင်းမှ ရေကန်သို့ သွယ်တန်းထားပြီး၊ ရေကန်မှတဆင့် မဲခေါင်မြစ်သို့ ဆက်စပ်နေပြန်လေသည်။ တူးမြောင်းအလွန် ရေကန်တွင်းသို့ရောက်လျှင် အခြားတစ်ဘက် ကမ်းစပ်ကို လှမ်းမမြင်ရပေ။
ရေကန်ဝန်းကျင်တွင် နေထိုင်ကြသူအများစုသည် ခမာကျေးလက်ဒေသများဖြစ်သည့်အပြင် ရေကန်ထဲတွင် အခြေချနေထိုင်ကြသော ဗီယက်နမ်လူမျိုးများသည် တံငါလုပ်ငန်းဖြင့် အသက်မွေးကြသည့် ကျေးလက်ဒေသခံများဖြစ်ကြပါသည်။ ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီး တုံလီစပ်ရေကန်ထဲ၌ ရေပေါ်တွင် ဘုရားရှိခိုးကျောင်းတစ်ခု ဆောက်လုပ်ထားတာကိုလည်း တွေ့နိုင်ပါသည်။

ရေကန်တွင် ထူးခြားမှုများထဲမှ တစ်ခုမှာ ရေချိုရေကန်အတွင်းတွင် ရေသန့်စက်မှ သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးလျှက်ရှိသော အစိုးရနှင့် မသက်ဆိုင်သည့် နိုင်ငံခြားအလှူရှင်များမှ လာရောက် လှူဒါန်းထားခြင်းပင်ဖြစ်ပါသည်။ အကြောင်းမှာ ရေကန်တွင်းနေ ဒေသခံများသည် ရေကန်အတွင်း၌ပင် ရေပေါ် အိမ်ဆောက်နေထိုင်ကြခြင်း၊  ဈေးရောင်းဈေးဝယ်၊ ကျောင်းတက်ကျောင်းဆင်း၊ ကုန်ရောင်းကုန်ဝယ်(ရေကန်တွင်းမှ ထွက်သော ရေထွက်ကုန်မှန်သမျှတို့အား ကမ်ဘောဒီးယားနိုင်ငံ အနှံ့အပြားသို့ တင်ပို့ရောင်းချခြင်း)၊ ရေကန်တွင်း နိုင်ငံခြားသားခရီးသည် အများအပြား လာရောက်လေ့လာကြခြင်း၊ ရေကန်အနီးတွင်လည်း ပြည်ပနိုင်ငံများမှ ပရိုရောချက်များရှိခြင်း စသည်အကြောင်းရင်းများကြောင့် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရေကန်အတွင်း နေထိုင်ကြသောသူများသည် ရေကန်တွင်းသို့ နေ့စဉ် စွန့်ပစ်ပစ္စည်းမျိုးစုံအပြင် လူသားတို့၏ အညစ်အကြေးများကိုလည်း စွန့်ထုတ်ကြသည်ဖြစ်ရာ ထိုမှတဆင့် ကူးစက်နိုင်သော ရောဂါမျိုးစုံအပြင် အဓိက ကူးစက်ရောဂါဖြစ်သော ဝမ်းရောဂါဖြစ်ပွါးမှုများကို အထူးကာကွယ်လိုခြင်းကြောင့် ဖြစ်ပါသည်။ ရေကန်တွင်း ဒေသခံများအပြင် နိုင်ငံခြားခရီးသွား အများအပြား လာရောက်ကြသော မြို့ဖြစ်သည့်အလျောက် နိုင်ငံခြားခရီးသွားများထံသို့ ကူးစက်မှုများကို ကာကွယ်ရန်အတွက်  အလှူရှင်များက လာရောက်လှူဒါန်းထားခြင်းဖြစ်ပေသည်။

 တပိုင်တနိုင်ဈေးရောင်းထွက်သူတစ်ဦး (ကုန်းပေါ်မှာဆို ခေါင်းရွပ်ဗျက်ထိုးဈေးသည်မျိုးဖြစ်လေမလား)

 သဘာဝကို သဘာဝအတိုင်း လက်ခံလေ့လာလိုကြတဲ့ နိုင်ငံခြားသွားခရီးသွားဧည့်သည်များ

 ဈေးရောင်းထွက်လာသော လှေတစ်စီး (ဒါမျိုးက ကုန်စုံဆိုင်ပုံစံ)

 ရေကန်တွင်းနေ ဒေသခံတို့၏ လူနေမှုဘဝ

 ရေသန့်များထားရှိရာ အဆောက်အဦး
နယ်မြေဒေသတစ်ခုတွင် သဘာဝပတ်ဝန်းကျင်သည် အထူးအရေးကြီးသည်ဖြစ်ရာ မလိုလားအပ်သော ဆိုးကျိုးများမဖြစ်စေရန် ကြိုတင်ကာကွယ်ထားနိုင်ခြင်းကို လေ့လာတွေ့ရှိခဲ့ပါသည်။ ဒေသခံနိုင်ငံသားတို့နှင့် ခရီးသွားများ စိတ်ချမ်းမြေ့စွာ ကျန်းမာစွာဖြင့် လှည့်လည်လေ့လာနိုင်ရန်အတွက် ရည်ရွယ်ချက်နှင့် စိတ်ကူးကောင်းသော အလှူရှင်တို့၏ ရေသန့်အလှူကို အထူးပင်ဝမ်းမြောက်မိခဲ့ပါသည်။

ကလေးငယ်လေးကို စပါးအုံးမြွေများ လည်ပင်းပတ်ကာ ခရီးသွားများထံမှ ငွေတောင်းခံခြင်း

လေးစားစွာဖြင့်

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံတွေကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်..
အင်းလေးကန်မှာတောင် ခုလို ရေသန့်အလှူရှင်တွေမရှိဘူးနော်..
ရှိစေချင်လိုက်တာ...

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower