Wednesday, February 16, 2011

နာမည်ကျော်ကြား တောင်တံခါး

 မဲခေါင်ငါးနိုင်ငံထဲမှ ကမ်ဘောဒီးယား
အပိုင်း(၃)
ရှေးခေတ်ခမာတို့၏ လက်ရာများဖြစ်သော ဘုရားကျောင်းများကို လေ့လာရန်အတွက် ကျောင်းဝင်းအတွင်း ပထမဆုံးစတင်ရန် သင့်တော်တဲ့နေရာကတော့ တောင်တံခါးဂိတ်ပဲဖြစ်ပါတယ်။ နံနက်ခင်း နေရောင်ခြည်အောက်မှာတော့ ဒီနေရာလေးက အမှတ်တရ ဓာတ်ပုံရိုက်ဖို့အတွက် အကောင်းဆုံးပေါ့။ အန်ကောဝပ်ဘုရားကျောင်းတွေဆီကို သွားလည်ရာမှာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု လည်းဖြစ်တာပေါ့။

 တောင်တံခါးဂိတ်ဝ မုဉ်ဦးကိုလည်း အခုလို မျက်နှာကြီးတွေနဲ့ တံခါးကို တည်ထားကြပါတယ်။

 မုဉ်ဦးကြီးကို အနီးကပ်လေ့လာနိုင်ဖို့
 
 နဂါးခေါင်းကြီးနဲ့ နဂါးကို ဆွဲနေကြတဲ့ ရုပ်တုများ

ပြုံးတစ်ခါ မဲ့တလှည့် ရုပ်ထုကြီးတွေက နဂါးကြီးကို ဆွဲနေကြတာဖြစ်ပါတယ်

 ဘုရားကျောင်းဝင်းထဲကို ဆင်စီး၍တစ်ဖုံ၊ သုပ်သုပ်လေးနဲ့တနည်း လည်ပတ်ကြလေတယ်

စိမ်းစိုတဲ့သစ်ပင်ကြီးများနဲ့ ရှေးခေတ်ခမာလက်ရာမုဉ်ဦးကြီးက ပဏာရနေပြန်တယ်

 
မုဉ်ဦးကြီးရဲ့ အနောက်ဘက်မြင်ကွင်းဖြစ်ပါတယ်။ 
နဂါးကြီးကို ဘာအကြောင်းနဲ့များ ရုပ်ထုကြီးတွေက ဆွဲနေကြတယ်ဆိုတာ 
ပိုစ့်တစ်ပုဒ်အဖြစ် သီးခြားရေးပေးပါမယ်။

 လေးစားစွာဖြင့်
bliss of us

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပါရစေနော်
ဘာကြောင့်များ နဂါးကြီးကိုဆွဲနေတာပါလိမ့်
စိတ်ဝင်စားမိပါရဲ့။
အမြန်ပြောပြပါ။

Bliss of Us said...

ဘဝဆိုဒ်မှာ ပြောပြမယ်နော် :)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower