Wednesday, February 9, 2011

“ဘိုင်းရုပ်စကိုင်း” ညစာဘူဖေး

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြသော ဧည့်သည်များအား ညစာဘူဖေးများစွာက ပုံစံအမျိုးမျိုးဖြင့် ဆွဲဆောင်လျှက်ရှိရာတွင် နှစ်သက်ဖွယ်သော စားသောက်ဖွယ်ရာ အမျိုးမျိုးတို့အပြင် ဘန်ကောက်မြို့တော်၏ ညခင်းအလှကို ကြည့်ရှုခံစားနိုင်မည့် ဘူဖေးမှာ “ဘိုင်းရုပ်စကိုင်း” တွင်ဖြစ်ပါတယ်။

မြင့်မြင့်မားမား ဟိုတယ်မှာ ညစာကို အဝစားဖို့ ဘိုင်းရုပ်ကို သွားကြရအောင်

ထိုင်းနိုင်ငံ၏ အမြင့်ဆုံး အဆောက်အဦးလည်းဖြစ်၊ ဟိုတယ်လည်းဖြစ်ပါတယ်။
 
စားသောက်ခန်းမများက ခမ်းနားသပ်ရပ်စွာ

အလှဓာတ်ပုံရိုက်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်

စားသောက်ဖွယ်ရာမှန်သမျှ အားလုံး အဝစားသုံးနိုင်ပါတယ်။

မိသားစုတွေ ဆုံဆည်းချိန်မှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေ အပန်းဖြေခရီးနောက်ဆုံးည အမှတ်တရဖြစ်အောင်ပဲ စားစား၊ ချစ်သူနှစ်ဦး ကြည်နူးဖွယ် ညလေးအဖြစ်နဲ့ပဲ သုံးဆောင်လိုရင်ဖြစ်စေ ဒီနေရာလေးဟာ ဧည့်သည်များအတွက် သင့်တော်တဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ အာရှအစားအစာများနှင့် ဥရောပအစားအစာများ၊ အဖျော်ယမကာများ၊ အချိုပွဲအမျိုးမျိုးပါဝင်တာဖြစ်လို့ မြို့တော်ညခင်းရဲ့ ရှုခင်းကိုလည်း ကြည့်ရှုခံစားရင်း သင့်ရဲ့ညနေစာကို ပျော်ရွှင်စိတ်ချမ်းမြေ့စွာ သုံးဆောင်နိုင်ရန် သတင်းစကား လက်ဆင့်ပါးလိုက်ပါရစေနော်။

*****Bliss of Us အဖွဲ့၏ ဧည့်သည်များကို Travel & Tour Rate ဖြင့် ညနေစာသုံးဆောင်နိုင်ဖို့ စီစဉ်ပေးပါတယ်။

လေးစားစွာဖြင့်
bliss of us

2 comments:

MAYLAMINN said...

အစ်မရေ ဈေးမကြီးရင် ဝယ်ချင်ပါတယ် ထိုင်းလာရင်ပေါ့နော်

Crystal said...

ထိုင်း၊ ဘန်ကောက်ကို မလာခင် အစ်မတို့ဆီကို ဆက်သွယ်ပေးပါနော်၊ ဈေးကတော့ စားရတာနဲ့ တန်ပါတယ်ရှင်။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower