ကမ္ဘာသူကမ္ဘာသားအားလုံး၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊
bliss of us ဆိုဒ်ကို လာရောက်လည်ပတ်ကြပါသော အွန်လိုင်းမိတ်ဆွေများအားလုံး၊
ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ကြပါသော မိတ်ဆွေများအားလုံးနှင့်
ခင်မင်ရပါသော ဘလော့ဂါမိတ်ဆွေများအားလုံးကို
နှစ်သစ်မှာ အလုံးစုံသောသုခအပေါင်းနှင့် ပြည့်စုံပါစေကြောင်း
မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်နော်။
ခင်မင်လေးစားစွာဖြင့်
bliss of us
ကုန်တိုက်ရှေ့မှာ နှစ်သစ်ကူးညအတွက် ဓာတ်ပုံရိုက်ဖို့ အလှဆင်ပေးထားတယ်
မိုးမချုပ်သေးဘူး နှစ်ကူးအတွက် လူတွေ စည်ကားစ ပြုနေပါပြီ
မုန့်ရောင်းမယ့်သူတွေကလည်း တစ်မူထူးစွာ ပြင်ဆင်မှုတွေနဲ့ နှစ်ကူးကို ကြိုကြတယ်
ချစ်တဲ့သူတွေလည်း နှစ်ကူးမှာ ပျော်မဆုံး တပြုံးပြုံး
ရိုက်ကူးရေးများလည်း စတင် အသက်ဝင်နေကြပြီ
























