Saturday, February 18, 2012

ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၂)

အင်ကြင်းပင်ကြီး၏ ပင်စည်ကို အနီးကပ် လေ့လာနိုင်ပါတယ်။

အင်ကြင်းပင်ရင်းမှာ အေးချမ်းစွာသီတင်းသုံးလျှက်ရှိပါတယ်

 ခမာတို့ရဲ့ ဘုရင်ဟောင်းရုပ်ထုကို အမိုးအကာ၊ ထီးတော်များနဲ့ အခုလိုတွေ့ရပါတယ်

ခမာလူမျိုးတို့ ရှေးခေတ်က အိမ်လေးကို နမူနာပြထားပါတယ်။
မြန်မာတို့အိမ်လေးတွေ အတူတူပါပဲ။ ခြေတံရှည်အိမ်လေးပါ။
ခမာ-မွန်ဆိုတော့လည်း တူတာပေါ့နော်။

မွန်တို့ ဘာသာတရားကိုင်းရှိုင်းကြပါတယ်

 ကြည်းကွမ်းအစ်

ဧည့်သည်လာရင် ကွမ်းအစ်လေးချလို့ ဧည့်ခံကြပါတယ်။
ဧည့်သည်ပေါ်မူတည်ပြီး ကွမ်းအစ်များကို ခွဲခြားထားပါတယ်။

ယွန်းကွမ်းအစ်


ခေါင်းဆောင်းများဖြစ်ပါတယ်။ နှစ်အတော်ကြာနေပြီဆိုတော့ ကျိုးကုန်မှာစိုးဟန်တူပါရဲ့ မကိုင်ရဘူးတဲ့။


ယက္ကန်းစင်ဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာတွေလိုပဲ မိန်းကလေးမှန်ရင် ယက္ကန်းခတ်တတ်ရမယ်ထင်တယ်

ထိုင်းနဲ့ ကမ္ဘောဒီးယားတော်တော်များများတူပေမယ့် အခုလို ဝတ်စားဆင်ယင်မှုမျိုး ထိုင်းမှာ မရှိပါဘူး။
ခမာပြည်က လူမျိုးပုံစံတွေနဲ့ အိမ်တွေ တိုင်းပြည်အနေအထားက ထိုင်းကို ကျော်ပြီး မြန်မာပြည်က မွန်ပြည်နယ်က နေရာတွေနဲ့ တော်တော်ဆင်တူပါတယ်။


နောက်ပိုစ့်မှာတော့ ဘုရားဝင်းအတွင်းပြတိုက်ထဲက ပုံလေးတွေတင်ပေးပါမယ်
ဆက်ပါအုံးမည်... 

လေးစားစွာဖြင့်
bliss of us

3 comments:

စံပယ်ချို said...

ဗဟုသုတဖြစ်စေတဲ့ပုံတွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
တစ်ကယ်ကိုသေသေချာချာရိုက်ပြီးရှင်းပြထားတာတွေ
သဘောကျပါတယ်
ခင်မင်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားဖို့ကောင်းတယ်
မြန်မာတွေနဲ့ တော်တော်လေးကို တူတယ်နော်.
အင်ကြင်းပန်းကြီးကလည်း လှချက်..
အနီးကပ်ရိုက်ထားတာ တကယ်ကို လှတယ်။ သွားချင်လိုက်တာ..
(((ဟမ် မသွားချင်တဲ့နေရာလည်း မရှိပါလား))) :P

Thameesan said...

သူတို့အိမ်၊သူတို့ယဉ်ကျေးမှုကိုပြထားတာ..
မြန်မာပြည်က.တိုင်းရင်းသားကျေးရွာနဲ့
ခပ်ဆင်ဆင်တူပါတယ်။
ဓာတ်ပုံလေးတွေ.တအားကောင်းတယ်အစ်မ
စိတ်မထိန်းနိုင်အောင်.အလည်သွားချင်လာ
ရင်တော့ဓာတ်ပုံဆရာတရားခံ..နော်း))

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower