Thursday, February 9, 2012

ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၁)

ခမာပြည်၏ (အချို့က “ခမယ်”လို့ အသံထွက်ကြပါတယ်။) မြို့တော်ကို သွားမယ်ဆို ရွှေပြည်ကြီးမှ တိုက်ရိုက်လေကြောင်းများ ရှိနေကြပါပြီ။ ထိုင်းမှာ ဝင်လည်ပြီးမှ သွားမယ်ဆိုရင်တော့ ဘန်ကောက်မြို့မှ တဆင့် ကားလမ်း သို့မဟုတ် လေကြောင်းနဲ့သွားနိုင်ပါတယ်။ ကားလမ်းနဲ့ဆိုရင် ခမာပြည်ရဲ့ ဒုတိယမြို့တော် Siem Reap ကို အုပ်စုလိုက် သွားမယ်ဆိုရင်တော့ ကားလမ်းက ဈေးသက်သာနိုင်ပြီး၊ ထိုမြို့မှာ တဆင့် ခမာတို့၏ မြို့တော် ဖနွမ်းပင်ကို သွားနိုင်မှာဖြစ်ပါတယ်။

ခမာပြည်မှာလည်း ထိုင်းနိုင်ငံလိုပါပဲ မြဘုရား(ကျောက်စိမ်းဆင်းတုတော်)နဲ့ ရွှေနန်းတော်ကို ဘုရားဖူးပြီး လှည့်လည်လေ့လာကြပါတယ်။ မြို့တော်ထဲ အရင် မသွားခင် ဘုရားနဲ့ ရွှေနန်းတော်ထဲကို အရင်လေ့လာကြစို့နော်။

ဘုရားကျောင်းတော် ဝင်းအတွင်း ရိုသေလေးစားသောအားဖြင့် အဝတ်အစားများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ထို့ပြင် ဝင်းအတွင်းမှာ ဆေးလိပ်မသောက်ရပါ။

 လက်မှတ်ရောင်းသောနေရာ

 ဘုရားဖူးမယ်ဆိုရင် ဒါတွေ ရှောင်ရမယ်၊ သိထားရမှာဖြစ်ပါတယ်။ 


အဝင်လမ်းမှာ ရုပ်ထုများ

ခမာပြည်သား ဧည့်လမ်းညွှန်မှ အင်ကြင်းပန်းအကြောင်းနှင့် ပတ်သက်သော
မြတ်စွာဘုရားပွင့်ထွန်းတော်မူလာပုံကို နန်းတော်ထဲ မဝင်ခင် အနည်းငယ် ရှင်းပြနေစဉ်

ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ တော်ဝင်ပန်းဖြစ်ကြောင်း ဧည့်လမ်းညွှန်မှ ရှင်းပြနေစဉ်

ရနံ့သင်းတဲ့ အင်ကြင်းပန်းများ ပွင့်လန်းနေတာ စိတ်ချမ်းမြေ့စရာ

“နာဂ”
ရာဇဝင်ထဲက နဂါးရပ်ထုကို ပြန်လည်မွမ်းမံထားပါတယ်။

မြတ်စွာဘုရားဆင်းတုတော်ကို ဒီကျောင်းဆောင်ထဲမှာ အပူဇော်ခံထားရှိတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာလိုပါပဲ အထဲမှာ ဘုရားဆင်းတုတော်ကို ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။

ထိုင်းနိုင်ငံမှ နန်းတော်နှင့် နှိုင်းစာကြည့်လျှင်တော့ နန်းစံမှုများ နန်းဟန်များ သိပ်မတွေ့ရတော့ပေ။

ခမာလမ်းညွှန်ပြောသော အင်္ဂလိပ်စကားသည် ထိုင်းလူမျိုးဧည့်လမ်းညွှန်ပြောသော ထိုင်းလေသံဝဲဝဲ အင်္ဂလိပ်စကားပြောများထက် များစွာနားထောင်ရ အဆင်ပြေလေသည်။ 

ဆက်ပါအုံးမည်...

ခမာပြည်ကို စိတ်ဝင်စားသော မြန်မာတို့အတွက်၊
မကြာခင်သွားလည်ကြမည့် မြန်မာဧည့်သည်တို့အတွက် ဗဟုသုတဖြစ်စေရန် ရည်ရွယ်ပါသည်။

လေးစားစွာဖြင့်
bliss of us

3 comments:

mstint said...

ခမာပြည်ကို နောက်တစ်ခေါက် အလည်ရောက်ပြီး
နေရာအနှံ့သွားချင်သေးတယ် BOU ရေ။
မရောက်ဘူးသေးတဲ့နေရာလေးတွေကို ဓာတ်ပုံတွေ
ကြည့်ပြီး ကျေနပ်နေရတယ်။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

မရောက်ဖူးးသေးတဲ့ခမာပြည်ကိုဘုရားဖူးရောက်ခဲ့ရလို့ကျေးဇူး
တင်ပါတယ်
ခင်တဲ့ jasmine

ဘိုဖြူ said...

တခါမှ မရောက်ဖူးပါဘူးဗျာ
ခုလိုစာတွေပုံတွေနဲ့ရှင်းပြထားလို့ကျေးဇူးတင်ပါတယ်

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower