Saturday, December 17, 2011

မြတ်မဟာမြေ

(ဗုဒ္ဓဂယာကို ကိုယ့်ဘာသာကိုယ် သွားသင့်ပါသလား (သို့မဟုတ်)
အေးဂျင့်တွေနဲ့ သွားသင့်ပါသလားဆိုတာနဲ့ ကြိုတင်သိထားစရာလေးများ)
ခု ဖူးတွေ့ရတာက ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး ဖြစ်ပါတယ်...

မြတ်မဟာမြေဆိုသည်မှာ ဗုဒ္ဓဂယာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဂယာကို သွားရောက်ဖူးမျှော်ပြီးသော ဗုဒ္ဓဘာသာဝင်တွေ၊ သွားရောက်ဖူးမျှော်လိုသော ဗုဒ္ဓဘာသာဝင်တွေ အများအပြားရှိနေမှာပါ။ စိတ်ထဲ မှာ မျှော်မှန်းထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေတဲ့သူတွေလည်း ရှိနေမှာပဲ။ တစ်ချို့ ကြတော့ ကိုယ့်မိဘတွေကို ရောက်ဖူးစေချင်တဲ့ စေတနာနဲ့ မိဘတွေကို ပို့နိုင်အောင်ဆိုပြီး အလုပ်ကို ကြိုးစားလုပ်နေပြီး စရိက်စက စုဆောင်းပေးနေတဲ့ သားသမီးတွေလည်း ရှိနေမယ်ဆိုတာ လုံးဝဥဿုံ ယုံကြည်နေမိပါရဲ့။

 စေတီတော်အတွင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ပါ...

ဘုန်းဘုန်းတို့ရောက်တဲ့အချိန်မှာ တိဗက်ဘုန်းဘုန်းတွေ ထောင်နဲ့ချီပြီး ဘုရားဖူးနေကြပါတယ်။ အစဉ်အမြဲလား၊ တစ်ခါတစ်ရံပဲလားတော့ မသိပါ။ 

 ဟော တိဗက်ဘုန်းဘုန်းတွေ ဘုရားရှိခိုးကြတာ အဲဒီလို ရှိခိုးကြတာဗျာ။ ဒိုင်ဗင်ထိုးပြီး ရှိခိုးကြတယ်....

တစ်ချို့က “ဗုဒ္ဓဂယာရောက်ဖူးပြီးရင် အပါယ်က လွတ်ပြီ”ဆိုပြီး လျှောက်ပြောတတ်ကြပါတယ်။ အဲဒီလိုတော့ လည်း မဟုတ်ရပါဘူးနော်။ အဲဒီလို လွတ်ကြေးဆိုရင် မကောင်းမှုတွေ များများလုပ်ထားပြီးတဲ့သူတွေက အဲဒီကို သွားလိုက်ရုံပေါ့။ ဟုတ်ဖူးလားဗျာ။ သွားတာကတော့ တကယ်ကို သွားသင့်ပါတယ်။ တကယ် ကို ရောက်ထိုက်ပါတယ်။

ကိုယ်ကိုးကွယ်နေတဲ့ဘုရားရှင်ဟာ “ ဘယ်နေရာမှာမွေးဖွားခဲ့တယ်၊ ဘယ်နေရာမှာပွင့်ခဲ့တယ်၊ ဘယ်နေရာ မှာ တရားဦးဟောတော်မူခဲ့တယ်၊ ဘယ်နေရာမှာ ပရိနိဗ္ဗာန်စံခဲ့တယ်” “ဖွား၊ ပွင့်၊ ဟော၊ စံ”ဆိုတဲ့ သံဝေဇနိယ လေးဌာကို သွားရောက်ဖူးမျှော် သင့်ပါတယ်။ လေးဌာနအပြင် တခြားထူးထွေမြင့်မြတ် တဲ့ နေရာတွေလည်း ရှိပါသေးတယ်။ လေးဌာန၊ လေးနေရာကို သွားရင်ဖြင့် တခြားမြင့်မြတ်တဲ့နေရာတွေ ကိုလည်း ရောက်သွားမှာပါ။

 ဒါကတော့ ဒုက္ကရစရိယာကျင့်တော်မူခဲ့တဲ့ တောင်ကုန်းဖြစ်ပါတယ်...

ဘုန်းဘုန်းတို့မနှစ်က မြန်မာပြည်ကနေ အိန္ဒိယကို ဘုရားဖူးလေယာဉ်နဲ့ လိုက်ပါလာခဲ့တယ်။ ဂယာလေဆိပ် မှာဆင်းတော့ အင်မီဂရေးရှင်းဖြတ်ဖို့ လုပ်နေတုန်းမှာ အသက်ရှစ်ဆယ်ခန့်ရှိတဲ့ မြန်မာအဖွားတစ်ယောက်က တွန်းလှည်းနဲ့ လိုက်ပါလာတယ်။ အဲဒီအဖွားက ဘုန်းဘုန်းတို့က ဘယ်လိုပြောပြလည်းဆိုတော့ “အရှင်ဘုရား၊ တပည့်တော် အရင်တုန်းက ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဘုရား၊ ဒီဗုဒ္ဓဂယာ ကို ရောက်ဖူးချင်နေတာ ကြာ…လှပါပြီ၊ မရောက်နိုင်ခဲ့ဘူးဘုရား၊ ခုမှပဲ ငွေကြေးအဆင်ပြေလာလို့ ခုမှပဲ လာရတော့တယ်ဘုရား” အဲဒီစကားကို ကြားပြီး ဘုန်းဘုန်းတို့မျက်ဝန်းထဲမှာ မျက်ရည်များနဲ့ စိုစွပ်နေ မိလေရဲ့။ 

 ဥလုဝေလတောင် အတက်လမ်းမှာ အဲဒီလို ကျောက်ခင်းလမ်းပါ...

ဗုဒ္ဓဂယာကို ကိုယ့်ဘာသာကိုယ် သွားတာရယ်၊ ဘုရားဖူးအေးဂျင့်တွေနဲ့ သွားတာရယ်ဟာ ဘယ်က ပိုပြီး သင့်တော်သလည်းဆိုတာကို တကယ်သိသင့်တဲ့ မေးခွန်းပါ။ မေးလည်း မေးတတ်ကြပါရဲ့။ ဘုန်းဘုန်းအမြင်၊ ဘုန်းဘုန်းအယူအဆကို ပြောရမယ်ဆိုရင်ဖြင့် အေးဂျင့်တွေနဲ့ သွားသင့်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ဘာသာကိုယ်သွားရင် တည်းခိုစရာတွေ၊ လှည့်လည်ဖူးမျှော်ဖို့ ငှားရမ်းရ မည့်ကားတွေ စသည်စသည် လုပ်စရာ၊ ကိုင်စရာတွေများပြီးသကာလ အခက်အခဲပေါင်းများစွာနဲ့ မိတ်ဆွေဖွဲ့ရမှာ မဟုတ်ပါလား။

credit to: တောက်ပကြယ်စင်-ဘုန်းဘုန်းတောက်

ဆက်လက်ဖေါ်ပြပါမည်...
မဖတ်ရသေးသော bliss of us ပရိသတ်များအတွက် ရည်ရွယ်တင်ဆက်လိုက်ပါတယ်။


လေးစားစွာဖြင့်
bliss of us

4 comments:

mstint said...

ဘုန်းဘုန်းတောက်ဆီမှာဖတ်ပြီးပေမယ့်
ထပ်ကြုံတုန်းလေး နှစ်သက်လို့ နောက်တစ်ကြီမ်
ထပ်ဖတ်သွားတယ် BOU ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘိုဖြူ said...

ဗုဒ္ဓဂယာ ခရီးစဉ်လေးအတွက်ကျေးဇူးပါဗျာ
သွားချင်ပါတယ် ဘယ်တော့လဲမသိသေးပါဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီးပေမဲ့ ထပ်ဖတ်သွားပါတယ်
ဗုဒ္ဓဂယာကတော့ မသွားမဖြစ် သွားရမဲ့ ခရီးစဉ်ထဲမှာ ပါတာမို့သိထားသင့်တာတွေ များတယ်လေနော်

တောက်ပကြယ်စင် said...

thanks for sharing!

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower