Monday, August 8, 2011

ချပ်တူးချပ်

အနုပညာပြခန်းနဲ့ အနုပညာပစ္စည်းများကိုလည်း မြင်တွေ့နိုင်ပါတယ်။

ပျိုမေတို့ အကြိုက်

spa နဲ့ ပတ်သက်သော အလှအပ ပစ္စည်းများ

အိမ်ခန်းအလှဆင်ပစ္စည်းများ

ဘာသာရေးနဲ့ သက်ဆိုင်သော အမှတ်တရလက်ဆောင်ပစ္စည်းများ

ထိုင်းရိုးရာ အမှတ်တရပစ္စည်းများ

ထိုင်းလက်ရာ ရုပ်ထုများ

ရှေးဟောင်းအမှတ်တရပစ္စည်းအရောင်းဆိုင်များ
မဲခေါင်ငါးနိုင်ငံထဲမှာ အပါအဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မျာ ဒီလို ရိုးရာ အမှတ်တရပစ္စည်း အရောင်းဆိုင်များကို နိုင်ငံခြားသားခရီးသည်များအတွက် အထူးအလေးထားရောင်းချလျှက်ရှိကြပါတယ်။ ဘန်ကောက်မြို့ရှိ ချပ်တူးချပ်ဈေးကတော့ BTS ရဲ့ ဂိတ်ဆုံး မော်ချစ်ဂိတ်မှာ ဆင်းပြီး သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ မြေပုံကိုလည်း ဖေါ်ပြပေးထားတယ်။ 
ဘန်ကောက်ကို အလည်လာပြီး အချိန်ရမယ်ဆိုရင် ဘယ်နေရာမဆို မြေပုံကို ကြည့်ပြီး သွားနိုင်ပါတယ်။ ဘလော့စာမျက်နှာတစ်ခုမှာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်သွယ်မလုပ်ပဲ ကိုယ်တိုင်သွားရင် ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းတစ်ခုအတွက် ဖြေပေးလိုက်ပါတယ်။ ဧည့်သည်အနေနဲ့ ဈေးသက်သာတဲ့ ဟိုတယ်တစ်ခုကို ကြိုတင်ဘိုကင်လုပ်ထားပြီး တည်ခိုးနိုင်သလို၊ အမျိုးသမီးတစ်ယောက်တည်း ပထမဆုံးအကြိမ်အလည်လာတာမျိုးမဟုတ်ရင် ဖြစ်နိုင်ပါတယ်။ အချိန်လည်း သိပ်မရဘူး ငွေကုန်တာလဲ သက်သာချင်တယ်ဆိုရင်တော့ မြန်မာတွေကို ကြိုတင်ဆက်သွယ်ပြီး မေးမြန်းစုံစမ်းထား အလည်လာလည်း ဖြစ်ပါတယ်။ ဘန်ကောက်ကို အလည်လာတဲ့ ဧည့်သည်တွေအနေနဲ့ ဝန်ဆောင်မှုအဖွဲ့တွေကို ဘာကြောင့် ဆက်သွယ်ကြလဲဆိုရင် ခရီးသွားအပန်းဖြေတဲ့ ကာလမှာ စိတ်သောက ကင်းဝေးစွာနဲ့ အပန်းဖြေလိုကြပါတယ်၊ အချိန်ကုန်သက်သာချင်တယ်၊ ဘယ်သွားရမယ်ဆိုတာ ကြိုတင်ညှိထားတော့ ကိုယ်လိုချင်တာ ဖြစ်ချင်တာကို ကူညီပေးနိုင်ကြပါတယ်။ 
ငွေကုန်သက်သာချင်တယ်ဆိုရင်လည်း ဝိုင်းပြီး စဉ်းစားပေး ကူညီပေးကြပါတယ်။

 bliss of us အဖွဲ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ရှိလာမယ့် ဧည့်သည်များအားလုံးကို ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် 
အပန်းဖြေအနားယူချိန်တွင်း အဆင်ပြေစေဖို့ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း။
လေးစားစွာဖြင့်
bliss of us

5 comments:

တောက်ပကြယ်စင် said...

ဒုတိယပုံလေးက ဘာပုံများပါလိမ့် ပုံတွေ အကုန်လုံးပေါ်ပေမယ့် ဒုတိယပုံက မပေါ်ဘူး ဖြစ်နေတယ်။ ပျိုမေတို့ အကြိုက်ဆိုတာလေ။ ပိုက်ဆံအိတ်များလား မသိ။ ကျန်းမာပျော်ရွှင်ပါစေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျိုမေတို့အကြိုက် ဆိုတာလေးတွေ လိုချင်လိုက်တာ လက်ဆောင်ပေးပါလားဟင်း)
ထိုင်းလာရင် လက်ဆောင်ပေးမယ်မဟုတ်လား လို့
လာဦးမှား)

စန္ဒကူး said...

လွယ်တဲ့အိတ်ကလေးတွေအရမ်းသဘောကျတယ်..
တစ်ကယ်တမ်းကျတော့ ကိုယ်မရွေးတတ်တာနဲ့ မ၀ယ်ဖြစ်ခဲ့ဘူး...

...အလင်းစက်များ said...

ရောက်အောင်သွားဦးမယ်အစ်မရေ.....။ ဒီတစ်ပတ် ၀ိအန်း ကျရင် သွားမယ် စိတ်ကူးတယ်။ အိပ်ယာက နိုးရင်ပေါ့...... ဟီးဟီး

စံပယ်ချို said...

ပျိုမေတို့အကြိုက်ဆိုတဲ့ထဲက
လူကြုံရှီရင်ပို့လိုက်ပါ....
ဟားဟား....စတာနော်..ပုံလေးတွေအတွက်ကျေးဇူးပါရှင်...ချမ်းမြေ့ပါစေ။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower