Monday, August 15, 2011

လှပတဲ့ကျွန်းများနဲ့ ဖူးခက်

ဖူးခက်ခရီးစဉ် သွားမယ်ဆိုရင်.....


ဖူးခက်ကို မိသားစု သို့မဟုတ် သူငယ်ချင်းများနဲ့ သို့မဟုတ် ဟန်နီးမွန်း အလည်များကြပါတယ်။

အုပ်စုလိုက်သွားရင် ဘာလို့ ဈေးတန်တာလဲဆိုရင်
အစစ ကုန်ကျသမျှ မျှဝေကုန်ကျတော့ အဆင်ပြေ သက်သာတာပေါ့။



ဖူးခက်မှာ ဘယ်နှစ်ရက်အချိန်ကုန်ကြမလဲ။
ကားနဲ့ ညပိုင်းသွားရင် ပထမရက်မှာ  မနက်ပိုင်းဆို ဖူးခက်ကို ရောက်ပြီ၊ ဖူးခက်ရှိ ပါတောင်ကမ်းခြေမှာ အပန်းဖြေ။

ဒုတိယတစ်ရက်ကတော့ ဖူးခက်မှာ နာမည်ကျော်လှပတဲ့ ကျွန်းသုံးကျွန်းရှိပါတယ်။
Phi Phi Island, James Bond Island, Raya Island

ဒီကျွန်းတွေထဲက ကျွန်းတစ်ကျွန်း သို့မဟုတ် ကျွန်းသုံးကျွန်း(အချိန်အနည်းငယ်စီလည်ဖို့) ကိုယ်နှစ်သက်ရာနဲ့ ဈေးနှုန်းကို စိတ်ကြိုက်ရွေးပြီး လည်ဖို့က တစ်ရက်အချိန်ကုန်မှာပေါ့။
ဘယ်ကျွန်းသွားမယ်ဆိုတာ ခရီးစဉ်မသွားခင်ကတည်းက ဘိုကင်ပြုလုပ်ပြီးမှ သွားလို့ရမှာနော်။

သင်္ဘောပေါ်မှ ဧည့်သည်တွေကို ခနူလှေလေးတွေနဲ့ လာကြိုနေကြပါတယ်။ 
ပရိုဂရမ်အစီအစဉ်တစ်ခုပေါ့။

ကျွန်းတွေကိုသွားလည်တဲ့ ပရိုဂရမ်တွေ ခရီးသွားကုမ္ပဏီတွေက ဆွဲပေးထားကြပါတယ်။
ဈေးသက်တာနဲ့အမျှ ဝန်ဆောင်မှုအားနည်းနိုင်ပါတယ်။
ဝန်ဆောင်မှုလည်း သင့် ဈေးနှုန်းလည်း သက်သာစေတာမျိုးကို ရွေးနိုင်ရင် အကောင်းဆုံးပါ။
ထိုင်းမှာရှိတဲ့ မိမိတို့အသိတွေကို ကြိုတင်ဆက်သွယ် ဘိုကင်ပြုလုပ်ပြီး ရွေးပေးထားရင် လမ်းခရီး အဆင်ပြေချောမွေ့စေပါတယ်။

နောက်ဆုံးတစ်ရက်မှာ ဖူးခက်မြို့ထဲ လည်လည်သွားပြီး ညပိုင်းမှာ အေးဆေးပြန်လာမယ်ဆိုရင် ဘန်ကောက်ကို စတုတ္ထနေ့မနက်မှာ ပြန်ရောက်ပါပြီ။ 


လေယာဉ်စရိတ်တတ်နိုင်သူများကတော့ အချိန်ကို နဲနဲ ကြည့်စီစဉ်ရမှာဖြစ်ပါတယ်။
လေယာဉ်စရိတ်က ဘန်ကောက်-ရန်ကုန်ထက်ဝေးတဲ့အတွက် ပိုကုန်နိုင်မယ်ဆိုတာ ကြိုတွက်ထားရပါမယ်။ ပိုဈေးကြီးမယ်ပေါ့။

Express နဲ့ဆိုရင် ဘတ်ခြောက်ရာစွန်းစွန်းလောက်ပေးရမယ်။
အငှားကားနဲ့ဆိုရင်တော့ သွားမယ့်နေ့မှ ပြန်တဲ့အထိ ဆီဖိုးနဲ့ ကားခကို ပေးရမှာပါ။
ဆယ်ယောက်အနဲဆုံးရှိမှ တန်ပါတယ်။
သွားလည်မယ့်ခရီးစဉ်မှာ ၁၀-ဦးအောက်လျော့မယ်ဆိုရင်တော့ လိုင်းကားနဲ့ သွားတာ ပိုတန်ပါတယ်။

လိုင်းကားတွေက တော်တော်လေး ကောင်းတဲ့အတွက် စိတ်ပူစရာတော့မရှိပါဘူး။
လိုင်းကားစီးသွားပေမယ့် ဖူးခက်မှာတော့ ကမ်းခြေဆင်းတဲ့အခါ၊ မြို့ထဲသွားတဲ့အခါ အငှားကားလိုအပ်နိုင်ပါတယ်။

လိုင်းကားဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားဖြစ်ဖြစ် ဘန်ကောက်ကနေ မောင်းရင် ၁၂-နာရီကြာမှ ဖူးခက်ကို ရောက်ပါမယ်။
လေယာဉ်နဲ့ဆို တစ်နာရီခွဲဝန်းကျင်စီးရပါမယ်။ 
တိုးရာသီချိန်တွေမှာ ကြိုတင်ဘိုကင်တွေ အစောထဲက ပြုလုပ်ထားမှ စိတ်ချရပါတယ်။
အခုလိုအချိန်မှာတော့ ဧည့်သည်ပါးချိန်မို့ ထိုင်းနိုင်ငံကို မလာခင် တပတ်လောက်မှာ ကြိုတင်စီစဉ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။

ဧည့်သည်များ သိသင့်တာလေးတွေကို ရေးပေးထားပါတယ်။ လိုအပ်တာတွေ သိချင်တာတွေ ရှိမယ်ဆိုရင် ကွန်မန့်သို့မဟုတ် စီဘုံးမှာ မေးနိုင်ပါတယ်နော်။

 
ခနူလှေပေါ်မှာ ဧည့်သည်နှစ်ယောက် စီးခွင့်ရှိပါတယ်။

 လျှိထဲကို ဝင်သွားကြပြီ၊ အပေါ်က ကျောက်ဆောင်ကျွန်းကြီး၊ 
ဒီထဲကိုဝင်ရင် ဘာတွေ တွေ့ရမလဲ...

လေးစားစွာဖြင့်
bliss of us

4 comments:

တောက်ပကြယ်စင် said...

အင့် ပျော်စရာကြီး နေမှာပဲနော်။ ဘုန်းဘုန်း ထိုင်းရောက်တုန်းက ထိုင်းရောက်တယ် မည်ကာမတ္တလေးပါပဲ။ ကျန်းမာပျော်ရွှင်ကြပါစေ...

Han Kyi said...

လာမည်ကြာမည်ပေါ့လေ...ဖူးခက်ကလည်း အမြင်နီးပြီး ခရီးဝေးနေပေသကိုး...

ချော(အစိမ်းရောင်လွင်ပြင်) said...

မပြပါနဲ့ အဲလို ပုံတွေ ပြပြပြီး မဆွဲဆောင်ပါနဲ့ ဒီက လာချင်လွန်းလို့ တစ်ပိုင်းသေနေပါတယ်ဆိုမှး)
ဟင်း လာဦးမယ် လာဖြစ်အောင်ကို လာမယ်

စံပယ်ချို said...

ထိုင်းကို ၂ခါ ရောက်ဖူးတယ်
၁၀ရက်လောက်ကြာခဲ့ပေမယ့် ဖူးခက်ကိုမရောက်ခဲ့ဘူး
ကျေးဇူးပါနော်ပုံတွေလဲကြည့်ရတယ်...
ဖူးခက်အကြောင်းလဲ သိရလို့....
အလွယ်တကူဖတ်လို့ရအောင်းလင့်ယူ
သွားပါတယ်....

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower