Thursday, April 21, 2011

ဒွါရဝတီ၏ မြို့တော် “လော့ဘူရီ”

အပိုင်း(၁)
နေကြာပန်းလေးတွေရဲ့ ဘဝက
နေခြည်ဖြာမှ လန်းဆန်းစိုပြည်တာ

ရွှေနေကြာပန်းခင်းကြီး

ထိုင်း ဆယ်ကျော်သက်လေးတွေ
 ဖူးငုံဘဝ

နေကြာစိုက်ခင်းတွေကို လူတို့အတွက် စားသောက်ကုန်အဖြစ်သာမကပဲ 
ခရီးသွားများ အပန်းဖြေစရာအဖြစ် အသုံးဝင်နေပြန်ပါရော။

(မွန်အမျိုးသားတို့၏ နောက်ခံသမိုင်းထဲမှ လော့ဘူရီအကြောင်း) မှ ကူးယူဖေါ်ပြပါသည်။
မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုးနေသည့် မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည် နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်း မွန်နိုင်ငံကို “ဒွါရဝတီ” ဟုခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို “ဟရိဘုဉ္ဇ ” ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏ တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။

လော့ဘူရီတွင်ရှိသော ဘုရားပုထိုးများအကြောင်းနှင့် “လော့ဘူရီဆည်”အကြောင်းများကို ဆက်လက် ဖေါ်ပြသွားပါမည်။ ဧပြီလ (၂၂)ရက်နေ့ ယနေ့သည် ကမ္ဘာမြေနေ့အမှတ်တရအဖြစ် နေကြာစိုက်ခင်းပိုစ့်ကို အရင်တင်ဆက်လိုက်ပါသည်။

လေးစားစွာဖြင့်
bliss of us

3 comments:

...အလင်းစက်များ said...

ဓါတ်ပုံနဲ့ တယ်အစ်မ... အစ်မရိုက်တာ မဟုတ်လောက်ဘူး... :P

Crystal said...

ကိုယ်တိုင်ရိုက်သည့်ပုံများမှ အပ အခြားပုံများ မတင်ပါ။

Bliss of Us said...

နောက်ဆက်တွဲပိုစ့် နှစ်ပိုင်း ကျန်ပါသေးတယ်။
အဲဒီတော့မှ ပုံတွေများများကြည့်ပါလေ :)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower