ကမ်းစပ်
Transportation

ထိုင်းနိုင်ငံရှိ မြို့တော် ဘန်ကောက်မှ ပုံထဲက ကားမျိုးတွေနဲ့ ကျွန်းကို သွားနိုင်ပါတယ်။ ရိုးရိုးပုံမှန်ကားနဲ့ အထူးကားအနေဖြင့် ပုံစံနှစ်မျိုး ထွက်ပါတယ်။ ပုံမှန်ကတော့ လမ်းမှာ သုံးခါရပ်ပေးပါတယ်။ ကားပေါ်မှာ ချမ်းရင် ခြုံဖို့ စောင်ပေးပြီး၊ အထူးကားကတော့ ညဦးတွင် ထမင်းစားရန် ထမင်းစားလက်မှတ်၊ သောက်ရေ၊ မုန့်နဲ့ ကော်ဖီ၊ ချမ်းရင် ခြုံဖို့ စောင်၊ ကားပေါ်တွင် အိမ်သာကိုပါ တပ်ဆင်ထားတဲ့အပြင် ထိုင်ခုံများမှာလည်း ကျယ်ဝန်းသဖြင့် အညောင်းညာပြေစေနိုင်ပါတယ်။ လမ်းမှာ ညနေစာ စားရန် ထမင်းဆိုင်တွင် ဝင်ရပ်သည်မှ အပ ကျန်ဂိတ်များတွင် ဝင်ရောက်ရပ်နားခြင်းမပြုတော့ပါဘူး။ ကားလက်မှတ်ဈေးနှုန်းကတော့ ရိုးရိုးနဲ့ အထူးက ဈေးနှစ်ဆကျော်ကွာခြားတာကြောင့် ဝန်ဆောင်မှုများကလည်း ကွာခြားနေခြင်းပဲဖြစ်ပါတယ်။
ဘန်ကောက်မှ ညနေပိုင်းတွင် ထွက်ခွာခဲ့သော ကားသည် မနက် ဝေလီဝေလင်းတွင် ကျွန်းကို ကူးသော ဇက်ဆိပ်ကို ရောက်ရှိပါတယ်။ ကျွန်းက ပင်လယ်ထဲမှာ သီးခြားရှိနေတာကြောင့် လူနဲ့ ကားများက ဇက်ပေါ်တွင် (2)နာရီကျော် စီးကြပြီးမှ ကျွန်းကို ရောက်ရှိမှာဖြစ်ပါတယ်။ ကားခထဲမှာ ဇက်စီးခငွေပါပြီးသားဖြစ်ပြီး၊ ဇက်ပေါ်တွင် အေးဆေးစွာ အနားယူမှေးစက်ခြင်း သို့မဟုတ် အပန်းဖြေကြည့်ရှုနိုင်ပါတယ်။

မနက်ခင်း ဇက်စီးစဉ်။

ဇက်၏ ဒုတိယထပ်ဖြစ်တဲ့ နေရာမှာ လေအေးပေးစက်ဖြင့် အခန်းဖွဲ့ထားပြီး ခရီးသည်များ ဇက်စီးနေစဉ် အနားယူနိုင်အောင် ဝန်ဆောင်မှုပေးထားပါတယ်။

ဇက်သင်္ဘောအောက်ဆုံးထပ်မှာ ကားတွေကို ဇက်ပေါ်တင်နေပါပြီ။

ဇက်ကြီးတွေက သုံးထပ်သင်္ဘောတွေဖြစ်လို့ ကားတွေရော လူတွေရော အားလုံးကို နိုင်နင်းစွာ သယ်ဆောင်နိုင်ပါတယ်။


တစ်ချိန်တုန်းက ဒီနေရာတွေမှာ သဘာဝလင်းပိုင်တွေ လာရောက်ကျက်စားကြတယ်လို့ သိခဲ့ရပါတယ်။ သင်္ဘောလာရင် သူတို့ပျော်ပြီး လိုက်လာတတ်ကြသတဲ့။ အခုတော့ လူအသွားအလာများမှုကြောင့် ဒီဘက်ကို မလာကြတော့ပဲ လူရှင်းတဲ့ ကျွန်းတွေဘက် သွားနေကြသတဲ့။ အဲဒီနေရာတွေကိုတော့ boat ငှားပြီး သွားကြည့်နိုင်ပါတယ်။
ဇက်၏ အပေါ်ဆုံးမှာ ရှုခင်းများကို အခုလို တက်ရောက် ကြည့်ရှုခံစားနိုင်ကြပါတယ်။

ဒီခေါင်းတိုင်ကြီးဘေးနားကနေ ဓာတ်ပုံတွေ ရိုက်လို့၊
လေဒဏ်ကို ကျားကန်ရင်း ခရီးစဉ်ဓာတ်ပုံတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကိုယ့်လို သူတို့လည်း မှတ်တမ်းတင်နေလေရဲ့။

ဇက်ကူးစဉ် တွေ့ရသော အဝေးမှ ကျွန်းစုလေးများ။

ကျွန်းနဲ့ ပင်လယ်ရေပြင်ရဲ့ အလှတို့က အားပြိုင်နေကြသလား။

ပင်လယ်ရေပြင်၊ ဇက်ဆိပ်နဲ့ ကျွန်းအလှကို တွေ့မြင်ရစဉ်။

ဆိပ်ကမ်းမှာ ဇက်သင်္ဘောဆိုက်ကပ်ထားပုံ

ကမ်းကူးသော ဇက်ကြီး။

ဇက်၏ အပေါ်ဆုံးထပ်တွင် သဘာဝရှုမျှော်ခင်းများကို ငေးမောရင်း လိုက်ပါစီးနင်းနိုင်ပါသေးတယ်။ သင်္ဘောဦးမှာ ဝါသနာပါရင် Titanic ရုပ်ရှင်ထဲကလို သီချင်း သီဆိုနိုင်ပါတယ်၊

အဝေးမှာ “ကော်စမွေ”ကျွန်းက ကျန်ရစ်ခဲ့ပြီ။
ဆက်လက်ဖေါ်ပြပါမည်...
1 comment:
လင်းပိုင်လေးတွေလဲ လူတွေကိုမျက်စိနောက်လို့ နေမှာပေါ့ဗျာ..... :D
ကျနော် မြိတ်ကျွန်းစုရဲ့ အလှကို တင်ချင်လိုက်တာဗျာ.... ကျနော်ရိုက်သမျှ ပုံတွေ အကုန် ပျက်ကုန်ကြလို့ ပေါ့...
ဘာပဲဖြစ်ဖြစ် ကော့စမွေ ကပြန်လာပြီး Esplanade ကို ချက်ချင်းမသွားနဲ့ ဦးနော်.. :P အနားယူလိုက်ပါဦးဗျိုး
အလည်လာတာကျေးဇူးတင်စွာဖြင့်.... justice999burma
Post a Comment