Wednesday, November 10, 2010

လွိုင်ကထုံပွဲတော်

“တန်ဆောင်တိုင်မီးမျှော်ပွဲတော်ကို နွှဲပျော်ဖို့ ထိုင်းနိုင်ငံမှ ဖိတ်ခေါ်ပါရစေ”



Big C တွင်ဝယ်ယူနိုင်သော မီးကြာခွက်လေးများ


နိုဝင်ဘာလ (၂၁)ရက်နေ့မှာ ကျရောက်မယ့် တန်ဆောင်မုန်းလပြည့်နေ့ညမှာ ထိုင်းနိုင်ငံသားများက မိမိတို့နဲ့ နီးစပ်ရာ မြစ်ချောင်းများကို သွားရောက်လို့ မီးမျှော်ပူဇော်ပွဲများ ပြုလုပ်ကြပါတယ်။ ဒါကို “လွိုင်ကထုံပွဲတော်”လို့ ခေါ်ပါတယ်။ မီးမျှော်ပူဇော်ရင်းနဲ့ မိမိတို့ရဲ့ အလိုဆန္ဒများကို ဆုတောင်းလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ပဲခူးတိုင်း၊ ရွှေကျင်မြို့မှာ အလွန်စည်ကားလှတဲ့ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပသလိုမျိုးပေါ့နော်။



ထိုင်းလူမျိုးများကတော့ မိသားစုများအလိုက် သူငယ်ချင်းများအုပ်စုအလိုက် မီးမျှော်ပွဲတော်အတွက် လိုအပ်တာတွေ ပြင်ဆင်လို့ တပျော်တပါးဆင်ယဉ်ကျင်းပကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ မီးမျှော်ပွဲတော်အတွက် မီးမျှော်ခွက်လေးမှာ သစ်ရွက်များ ခြံရံပြီး ပန်းအမျိုးမျိုးကို အလှဆင်ထိုးလို့ တစ်မျိုးနဲ့ တစ်မျိုးမရိုးနိုင်အောင် ပြင်ဆင်ပြီးမှ အလယ်တွင် မီးထွန်းလို့ မီးမျှော်လေ့ရှိကြပါတယ်။ ညမှောင်မှောင် လရိပ်အောက်မှာ မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ ထိုင်းရိုးရာဓလေ့များကို မြင်တွေ့ လေ့လာခွင့်ရမှာဖြစ်ပါတယ်ရှင်။

ပုံတွေကို Google မှာ ရှာဖွေကူးယူတင်ဆက်ပါတယ်ရှင်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
Bliss of Us

4 comments:

...အလင်းစက်များ said...

ချင်းမိုင်မှာ အစည်ဆုံးလို့  ပြောတာ ကြားဖူးတယ်.... အမရေ....

ကိုယ်တိုင်တော့ မရောက်ဖူးသေးဘူး.........

ရှေ့လထဲမှာ ထိုင်းက အမြင့်ဆုံး တောင်ထိပ်ပေါ် တက်ကြည့်ကြတဲ့ ပွဲ တစ်ခု ရှိသေးဆိုပဲ..... အအေးဆုံး အချိန် တောင်ထပ်ပေါ်တက်ပြီး တိမ်တွေကို ကြည့်ကြတာတဲ့..... ဘာမှန်းတော့မသိ....

သတင်းကျွတ်တုန်းကလဲ မီးတွေ ထွန်းမယ်ထင်တာ မထွန်းကြဘူးဗျ.... နဲနဲတော့ ကွာတယ်နော်.... မြန်မာဓလေ့နဲ့ .......

ချော(အစိမ်းရောင်လွင်ပြင်) said...

မီးမျှောတာ ကျွန်မတို့ဆီမှာလည်း လုပ်တယ် သီတင်းကျွတ်မှာပေါ့
သိပ်ပျော်ဖို့ကောင်းတာဘဲ
ခုလည်း ထိုင်းက လုပ်တဲ့ မီးခွက်လေးတွေကတော့ ပိုပြီးလှပါတယ်.
သီတင်းကျွတ်မီးမျှောပွဲ မနွဲရတာ ကြာလှပြီ
ထိုင်းကိုလာလည်ရကောင်းမယ်ထင်တယ်နော်
မုန့်ကျွေးနော်း)


ချော

Bliss of Us said...

ကျွေးမယ်လေ ရောက်အောင်သာလာခဲ့နော်၊ ရှေ့နှစ်မှာ ဘလော့ဂါတွေ ဆင်းလာကြဖို့ အစီစဉ်တွေ ရှိနေတယ်နော်၊ ဆိုဒ်က သိတဲ့ ဘလော့ဂါတွေ အားလုံးကို ဝန်ဆောင်ခမယူပါဘူးနော်။ အားလုံး အဆင်ပြေအောင် ကူညီပါ့မယ်။

ကိုချစ်ဖေ said...

ထိုင်းက ဓါတ်ပုံလေးတွေ မြင်ရတာ မုဒိတာပွားရပါတယ်ဗျာ ကိုယ်က ဆင်းရဲပေမဲ့ အိမ်နီးချင်းတွေက ချမ်းသာပြည့်စုံတာတွေတွေ့ရတော့ ၀မ်းသာရတာပါပဲ

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower